ကုန်သွယ်မှု ပိုမိုဆောင်ရွက်တဲ့ မောင်တောစခန်း

 

        မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၅၈၉ သန်း၊သွင်းကုန် ကန်ဒေါ်လာသုညဒသမဝ၁၁ သန်း၊  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၀ဝ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

     ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်လျှင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းပိုမို ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ပစ္စည်းဖြစ်တဲ့ ဆန်၊ ရေငန်ပုစွန်၊ ငါးခြောက်နဲ့ ဝါးများ တင်ပို့ နိုင်ခဲ့ပါတယ်။ သွင်းကုန်ပိုင်းတွင် ယခင်ကာလများက တင်သွင်းမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုမှ ဘိလပ်မြေ တင်သွင်းနိုင်ခဲ့ပါတယ်။

   မှောင်ခိုပစ္စည်း ဝင်ထွက်သွားလာမှုအား တားဆီးဆောင်ရွက်နိုင်မှုအခြေအနေမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံထားခြင်း၊ နတ်မြစ်သို့ ထွက်တဲ့ အဓိကချောင်းပေါက်များတွင် နယ်စပ်လုံခြုံရေးရဲတပ်ရင်းမှ တားဆီးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါတယ်။

 

                                                                                                                              မြင့်မြင့်မာ MIRT (DCCA)