ရော်ဘာဈေးတက်လာသလို တင်ပို့မှုလည်းပိုလာ
ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၂ဒသမ၅၀၇ သန်းတန်ဖိုးရှိ ရော်ဘာ ၁၉၅၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။နိုင်ငံအလိုက်တင်ပို့မှုများမှာ မလေးရှားနိုင်ငံသို RSS-3 ၇၁၅ တန်နဲ့ MSR -20 ၁၅၃ တန်၊စင်ကာပူနိုင်ငံကို ွှ RSS-3 တန် ၄၀ဝနဲ့ MSR- 20 ၆၈၉ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်သီတင်းပတ်တင်ပို့မှုထက်၁၁၉၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ ရော်ဘာကိုပိုမို တင်ပို့နိုင်သလိုရော်ဘာဈေးများလည်း မြင့်တက်လာတာ တွေ့ရပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးများ ယခင်တစ်ပတ်ကစ၍ အနည်းငယ်တက်လာပြီး ယခုတစ်ပတ်မှာလည်း ဆက်လက်ဈေးတက်လာပါတယ် ။နိုင်ငံတကာရော်ဘာ ဈေးများတက်လာတာနဲ့အမျှ မြန်မာ့ရော်ဘာဈေးလည်း တက်လာပါတယ်။မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း က ထုတ်ပြန်ထားတဲ့ရော်ဘာဈေးများကို ဖော်ပြပေးလိုက်ပါတယ်-
RSS 1 တစ်တန်လျှင် ဒေါ်လာ ၁၅၀ဝ-၁၆၀ဝ
RSS 2 တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀
RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 10 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 20 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 50 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၁၂၀ဝ-၁၃၀ဝ
ယဉ်ယဉ်အေး MIRT (DCCA)