မြဝတီနယ်စပ်မှ ကြံ တန် ၁၀ဝ၀ တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ဝ၃၄ သန်းတန်ဖိုးရှိ ကြံ တန် ၁၀ဝ၀ တင်ပို့နိုင်ခဲ့တဲ့အပြင် ကြက်သွန်နီ ၁၀၁ တန်နီးပါး၊ မြေပဲဆံ ၂၅၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် မြေပဲဆံလျော့နည်းတင်ပို့ခဲ့သော်လည်း ယခင်သီတင်းပတ်က တင်ပို့နိုင်ခြင်းမရှိသော ကြံကိုတင်ပို့နိုင်ခဲ့တာကြောင့် တန် ၄၂၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)