ဖေဖော်ဝါရီလဆန်းမှာ တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ကန်ဒေါ်လာ ၉ သန်းကျော်ဖိုးတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်းမှ ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ ၉ ဒသမ ၄၅၀ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၃၃၇၄၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၁၂၂၆ တန်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်ရဲ့ ပြောင်းတင်ပို့မှု ၂၅၂၃ တန်ကျော် ပိုမိုလာပါတယ်။ ဖေဖော်ဝါရီလ တတိယပတ်မှာ ကျရောက်မဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်ကလည်း နီးလာတာကြောင့် ယခုလို ပြောင်းတင်ပို့မှုတွေ ပိုမိုလာတာလို့ သိရပါတယ်။ မူဆယ် ကုန်စည်ဒိုင်ရဲ့ ပြောင်းတစ်တန် ဈေးဟာ ယခင်တစ်ပတ်က ၂၇၇၂၉၅ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာတော့ ၂၇၈၄၃၆ ကျပ်သို့ဈေးအနည်းငယ် မြင့်တက်လာပါတယ်။ တရုတ်နှစ်သစ်ကူးပွဲ နီးလာလို့ အချို့ကုန်သည်တွေ အဝယ်ရပ်နားမှုရှိသလို ဈေးကွက် အခြေအနေကို တွက်ချက်ဝယ်ယူမှု ရှိနေကြောင်း၊ အရောင်းအဝယ် အနေဖြင့် တစ်တန်ကို ၁၇၄၀ ယွမ်ဖြင့် အရောင်းအဝယ်ရှိကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။
မော်မော်အောင် MIRT (DCCA)