၂၀၁၅ ခုနှစ်နှစ်ဆန်းရဲ့ မန္တလေး-လားရှိုး-မူဆယ် ကုန်စည်သယ်ယူခများ နှစ်ကူးကာလမှာလျော့ကျသွား
မန္တလေး-လားရှိုး-မူဆယ် ကုန်စည်သယ်ယူခနှုန်းထားများမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ပို့ကုန် ပစ္စည်းများဖြစ်တဲ့ ပြောင်း၊ ဆန်၊ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ သယ်ယူခနှုန်းထားများမှာ ဒုတိယပတ်မှ စပြီး လျော့ကျ သွားတာတွေ့ရပါတယ်။ သွင်းကုန်ပိုင်းမှာလည်း သယ်ယူခအနေနဲ့ မြေဆီတစ်ပိဿာသယ်ယူခကားခမှာလည်း အပတ်စဉ်ကျဆင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံများ အစရှိသဖြင့် နေ့စဉ်တင်ပို့နေရသလို တရုတ်နိုင်ငံမှာလည်း ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ ဆိုင်ကယ်အမျိုးမျိုး၊ ေြွကပြား၊ သံပြား၊ ကျောက်ပြား အစရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး၊ ဟင်းချိုမှုန့်၊ ဂျုံမှုန့်၊ နေကြာစေ့၊ ကာနေရှင်းပန်းနဲ့ လူသုံး/အိမ်သုံးပစ္စည်းအမျိုးမျိုး တို့ကို ပုံမှန်တင်သွင်းနေပါတယ်။ မူဆယ်-မန္တလေး ကုန်တင်ယာဉ်လိုင်းများတွင် မိုးတွင်းကာလမှာ ကုန်ရရှိမှုနည်းပါးချိန်တွင် ကုန်တန်ဆာခ လျော့ကျတက်ပြီး နိုဝင်ဘာလမှ ဧပြီလအထိ ပွင့်လင်းရာသီကုန်စည်ရရှိမှု များပြားချိန်တွင် ကုန်တန်ဆာခများ တိုးမြှင့်ယူလေ့ရှိ ကြောင်း၊ ယခုအခါတွင် ယာဉ်ကြောပိတ်ခြင်းကြောင့် ကုန်တန်ဆာခအနေနဲ့ လျော့ကျသွားတာဖြစ်ကြောင်း မန္တလေး-မူဆယ် ကုန်တင်ယာဉ်မောင်းတစ်ဦးထံမှ သိရပါတယ်။ ဇန်နဝါရီလရဲ့ ကုန်စည်သယ်ယူခနှုန်းများကို အပတ်စဉ်အလိုက်ဖော်ပြပေးလိုက်ပါတယ်-
(ပိဿာ/ကျပ်)
ပို့ကုန် ၃.၁.၁၅ မှ ၁၀.၁.၁၅ မှ ၁၇.၁.၁၅ မှ ၂၄.၁.၁၅ မှ
၉.၁.၁၅ ထိ ၁၆.၁.၁၅ ထိ ၂၃.၁.၁၅ ထိ ၃၀.၁.၁၅ ထိ
ပြောင်း ၁၀၁-၉၆ ၁၀၂-၉၆ ၁၀၁-၉၂ ၉၁-၈၈
ဆန် ၁၀၅-၉၈ ၁၀၈-၁၀၁ ၁၀၅-၁၀ဝ ၁၀ဝ-၉၄
ပဲတီစိမ်း ၁၀၃-၉၈ ၁၀၆-၉၈ ၁၀၄-၉၅ ၉၄-၉၁
နှမ်း ၁၀ဝ-၉၆ ၁၀၂-၁၀ဝ ၁၀၆-၁၀ဝ ၉၄-၉၃
ရော်ဘာ ၁၀၄-၁၀ဝ ၁၀၂-၁၀ဝ ၁၀၆-၁၀ဝ ၁၀ဝ-၉၆
သွင်းကုန်
မြေဆီ ၃၁-၃၂ ၃၀-၃၂ ၂၉-၂၈ ၂၅
မော်မော်အောင် MIRT (DCCA)