“ ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(စိန်ဂျွန်း)တွင်စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပ “
လူသားတို့ ဘဝတစ်လျှောက်လုံး ကျန်းမာစွာဖြင့် အသက်ရှည်ရှည်နေထိုင်နိုင်ရန် နေ့စဉ် စားသောက်နေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရန် လိုအပ်လှ ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဥပဒ် အန္တရာယ် ကင်းသော အစားအစာများ ရွေးချယ်ဝယ်ယူ စားသုံးတတ်စေရန် နိုင်ငံတော်မှ ချမှတ်ထားသည့် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတ များ ရရှိစေရန်အတွက် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ၊ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း(စိန်ဂျွန်း)၊ စွမ်းအားခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်မှ ခေတ်နဲ့အညီ နည်းပညာများ တိုးတက်လာသဖြင့် စားသုံးရန်ပစ္စည်း အသစ် အဆန်းများ ၊ လှပစွာ ထုပ်ပိုး၍ ကြာရှည်ခံအောင် ပြုလုပ်ထားသော စားသောက်ကုန်များကြောင့် အတွေ့အကြုံ နုနယ်ပြီး အရာရာဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသေးသော ကျောင်းသား/ကျောင်းသူများမှ ဘေးဥပဒ်အန္တရာယ်မရှိ သည့် စားသောက် ကုန်ပစ္စည်းများအား ရွေးချယ်စားသုံးတတ်စေရန် လာရောက်ဟောပြောဆွေးနွေး အသိပညာ ပေးခြင်းကို သေချာမှတ်သားလိုက်နာကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းသိန်းမှ စားသုံးသူများကို အကာအကွယ်ပေးရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းပေးခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများ၏ အမှန်တကယ်နစ်နာမှု၊ မကျေနပ်မှုများကို တိုင်ကြားနိုင်ရန် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် ဈေးကွက်များ၌ လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေးအတွက် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီးမှုအခြေအနေ၊ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများတွင် တရားဝင်မှတ်ပုံတင်ထားသော၊ စံချိန်စံညွှန်း ပြည့်မီသည့် စားသောက်ကုန် များကို ဝယ်ယူစားသုံးရန်၊ စားသောက်ကုန်၊ ဆေးဝါးများတွင်ပါရှိသည့် ညွှန်ကြားချက်များကို သေချာစွာဖတ်ရှု၍ လိုက်နာရန်၊ ထုတ်လုပ်/ကုန်ဆုံးရက်စွဲမပါရှိသော အစားအသောက်များ၊ အသင့်စား စားသောက်ကုန်များ၊ ဖတ်ရှု၍နားမလည်သော စာသားများဖြင့်ရေးသားထားသော အစားအသောက်များ စားသုံးခြင်းမှ ရှောင်ကြဉ်ကြ ရန်နှင့် ဥပဒေတွင်ပါရှိသည့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လမ်းမတော်မြို့နယ် ကျန်းမာရေး ဆရာဝန်ဒေါက်တာဒေါ်သန်းသန်းချစ်မှ လုံခြုံစိတ်ချရမှု မရှိသည့် အစားအစာများ အန္တရာယ်နှင့် အဟာရပြည့်ဝသော အစားအစာများ ရွေးချယ်စားသုံးခြင်းဖြင့် မိမိကျန်းမာ ရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ကြောင်း၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ဦးစီးအရာရှိ ဒေါက်တာဆုသဉ္ဇာအောင်က ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ရန်အတွက် လိုက်နာဆောင်ရွက် ရမည့် အချက်(၅) ချက်နှင့် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို ရွေးချယ်စားသုံးရမည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်စန္ဒာမှလည်း ကျန်းမာသက်ရှည်သော လူသားများဖြစ်ရန် အစားအသောက်များကို ရွေးချယ်ဝယ်ယူ စားသုံးရာတွင် ဆောင်ရန်/ရှောင်ရန်များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ) မှ ဦးစီးအရာရှိ၊ မြို့နယ်ကျန်းမာရေးဆရာဝန်၊ မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း အတွင်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးလက်ထောက်အမှုဆောင်အရာရှိ၊ အထက(၁) မှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်း(၉) ကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း( ၃၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ချောဥမ္မာနိုင်(စားသုံးသူ)ရန်ကုန်