ပြည်ပသွားတဲ့ မြန်မာလက်ဖက်ခြောက်
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၄၂၆၀၉ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၂၈ တန်ခွဲကို မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှ တစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချကြပါတယ်။ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ လက်ဖက်ခြောက်ကို ဇန်နဝါရီလအတွင်း ၁၄၆ တန်နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင် MIRT (DCCA)