အနီးစပ်ဆုံးကာလထက်ပိုမိုဆောင်ရွက်နိုင်တဲ့မူဆယ်နယ်စပ်

အင်္ဂါနေ့ ။ ၁၅  ဇန်နဝါရီလ ၂၀၁၃ 11:30 PM

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ဒီဇင်ဘာလတွင် ပို့ကုန် ကန်ဒေါ်လာ ၁၇၃ ဒသမ ၂၇၃ သန်း သွင်းကုန် ကန်ဒေါ်လာ ၁၀၅ ဒသမ ၄၈၄ သန်း ကုန်သွယ်မှု ပမာဏ ၂၇၈ ဒသမ ၇၅၇ သန်း ဆောင်ရွက် နိုင်ခဲ့ ပါတယ်။ အနီးစပ်ဆုံး ကာလ ဖြစ်တဲ့ နိုဝင်ဘာ လထက် ပို့ကုန် ကန်ဒေါ်လာ ၅၄ ဒသမ ၇၇၃ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၆ ဒသမ ၈၄၀ သန်း ပိုမို ဆောင်ရွက်နိုင် ခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၆၁ ဒသမ ၆၁၃ သန်း ပိုမို ခဲ့ပါတယ်။

ပို့ကုန် ပိုင်းတွင် လယ်ယာ ထွက်ကုန် ဖြစ်သော ဆန်၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ပြောင်းဖူးစေ့၊ မြေပဲ၊ ရော်ဘာတို့ တင်ပို့ နိုင်ခဲ့ ပါတယ်။ ဆန်၊ ပဲတီစိမ်း၊ ပြောင်းဖူးစေ့များ ထွက်ပေါ် ချိန်ဖြစ်၍ တင်ပို့မှု ပိုမို ခဲ့ပါတယ်။ တရုတ် နိုင်ငံသည် မော်တော်ကား တာယာ ထုတ်လုပ်မှုတွင် အကြီးဆုံး ဈေးကွက်အား ပိုင်ဆိုင် ထားခြင်း၊ စက်ဘီးနှင့် မော်တော် ဆိုင်ကယ် တာယာများ၊ အခြား ရော်ဘာထုတ် ပစ္စည်းများ ထုတ်လုပ်မှု များရှိနေခြင်း တို့ကြောင့် မြန်မာ နိုင်ငံမှ တင်ပို့ သမျှသော ရော်ဘာများကို တရုတ်ဘက်တွင် အဝယ်ရှိပြီး တစ်တန် ပေါက်ဈေးမှာ (၁၇၀ဝဝ- ၁၈၀ဝဝ) ယွမ် ရှိတယ်လို့ သိရ ပါတယ်။

ရေထွက် ကုန်ပစ္စည်း အုပ်စုတွင် ငါးပူတင်း ရေခွံ၊ ပင်လယ် မျှော့ခြောက်၊ ငါးလိပ် ကျောက်ရေခွံ ခြောက်၊ ငါးရှဉ့်၊ ခရု အသား ခြောက်၊ ကဏန်း၊ ပုစွန်ခြောက် တို့ တင်ပို့မှု ပိုမိုခဲ့ ပါတယ်။ သစ်တော ထွက်ပစ္စည်း အုပ်စုတွင် ဆေးမြင်းခွာ၊ ချိပ်၊ ရှားစေး၊ မှိုခြောက်၊ မျှစ်ခြောက်၊ မျှစ်စို၊ ပိတောက်မြစ် တို့ တင်ပို့ခဲ့ တာဖြစ် ပါတယ်။

သတ္တုတွင်းထွက် ပစ္စည်း အုပ်စုတွင် ကျောက်စိမ်း အရိုင်း၊ Antimony Ores, lead Concentrate, ခဲသတ္တု ရိုင်းနှင့် အင်ကြင်း ကျောက်တို့ ပိုမို တင်ပို့ နိုင်ခဲ့ ပါတယ်။ စက်မှု ကုန်ခြောက် ပစ္စည်း အုပ်စုတွင် သကြားညို၊ စကျင် ကျောက်ဆင်းတု၊ ကြံ သကာများ ပိုမို တင်ပို့ နိုင်ခဲ့ ပါတယ်။ အခြား အုပ်စု တွင်လည်း ပလပ် စတစ် ဖြတ်စ၊ ဆံပင်၊ Draw Back, ပလပ် စတစ်ဆားကစ် ဖြတ်စ၊ သားရေ ဖြတ်စ၊ သံဖျော်ရည် ဘူးခွံ အဟောင်း၊ ဘလောက် တုံးတို့ ပိုမို တင်ပို့ လာတာတွေ့ ရပါတယ်။

မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်များမှာ လယ်ယာထွက် ကုန်များ ဖြစ်ခြင်းကြောင့် တစ်ဖက် နိုင်ငံသို့ တင်ပို့ ရာတွင် အရည် အသွေး ကောင်းမွန်၍ စံချိန် စံညွှန်း မီသော စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ နိုင်ရန်မှာ များစွာ အရေးကြီး ပါတယ်။ အရည် အသွေး ကောင်းမွန်သော လယ်ယာထွက် ကုန်များ တင်ပို့နိုင်ရေး အတွက် သတ်မှတ် ထားတဲ့ သီးနှံ တစ်ခုချင်း အလိုက် (pecification) မကိုက်ညီမှုများ မဖြစ်စေရေးနဲ့ သီးနှံများ တိုးမြှင့် ထုတ်လုပ် တင်ပို့ နိုင်ရေးတို့ အတွက် မျိုးကောင်း မျိုးသန့် သုံးစွဲခြင်းဖြင့် ထိန်းသိမ်း ရပါမယ်။ ထိုသို့ ထိန်းသိမ်းမှသာ တရုတ် ဈေးကွက်မှာ မိမိ ဈေးကွက် မပျောက်ဘဲ ထိန်းသိမ်း သွားနိုင်မှာ ဖြစ်ပါတယ်။

သွင်းကုန်ပိုင်း ပိုမို ရခြင်းမှာ ရင်းနှီး မြှုပ်နှံမှု ပစ္စည်း များတွင် မီးရထားနှင့် မီးရထား ပစ္စည်းများ၊ မော်တော် ယာဉ်နှင့် မော်တော် ယာဉ်အပို ပစ္စည်းများ၊ အင်ဂျင်များ၊ ရုပ်မြင် သံကြား စက်များ၊ ဖန် ဆောက်လုပ်ရေး ပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ မော်တော် ဆိုင်ကယ် အပို ပစ္စည်းများ တင်သွင်း ခဲ့ပါတယ်။ လုပ်ငန်းသုံး ပစ္စည်းတွင် ရော်ဘာ ကုန်ကြမ်းများ၊ ကုန်ထုတ် စက္ကူများ၊ ပလပ် စတစ်များ တင်သွင်း ခဲ့ပါတယ်။ လူသုံး ပစ္စည်း တွင်လည်း နို့မှုန့်၊ ချည်ထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ချုပ်ပြီး အထည်များ တင်သွင်းခဲ့ ပါတယ်။ ဒါ့အပြင် Mobile Team အဖွဲ့ရဲ့ ပညာပေး တားဆီး ဆောင်ရွက်မှု များကြောင့် လည်းကောင်း၊ တစ်ပိုင် တစ်နိုင် ကုန်သွယ်မှု ပြုလိုသူများ အတွက် တစ်ဦး တည်းပိုင် ထုတ်ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် (Individual Trading Card) ခွင့်ပြု ဆောင်ရွက် ပေးနေမှု များကြောင့် လည်းကောင်း အနီးစပ်ဆုံး ကာလ ဖြစ်တဲ့ နိုဝင်ဘာ လထက် ပိုမို ရခြင်း ဖြစ်ကြောင်း သိရှိရ ပါတယ်။

ခင်မြနွယ် MIRT (DOBT)