လေလံ တင်ဒါ စနစ်မှ မိမိ ဝယ်လက်သို့ ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက် လာသည့် ကဏန်း၊ ငါးရှဉ့် တင်ပို့မှု

ဗုဒ္ဓဟူးနေ့ ၂၇ ဖေဖော်ဝါရီလ ၂၀၁၃ 15.00 PM

ကူမင်းနဲ့ ကွမ်ကျိုး ဈေးကွက်မှာ တရုတ် လူမျိုးတို့ အကြိုက် ငါးရှဉ့်၊ ကဏန်း များဟာ ဈေးကွက် ဝယ်လိုအား (Demand) ကောင်းတဲ့ ပစ္စည်းများ ဖြစ်ခဲ့ပါတယ်။ ကွမ်းကျိုး ဈေးကွက်သို့ ဝင်ရောက်သော ငါးရှဉ့် များမှာ နယ်စပ် ဖြတ်ကျော် လာတဲ့ ဗီယက်နမ် ငါးရှဉ့်၊ လေကြောင်းမှ ဝင်ရောက် သော အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် ငါးရှဉ့်တို့ ဖြစ်ကြ ပါတယ်။ ၁၉၉၄-၁၉၉၅ ခုနှစ် များ၌ ဈေးကွက် လိုအား (Demand) အခြေ အနေကို သိသော တရုတ် လုပ်ငန်းရှင် ကုန်သည်ကြီး များဟာ မြန်မာပြည်ထွက် ငါးရှဉ့် များကို ကူမင်း၊ ကွမ်ကျိုး ဈေးကွက် များသို့ စမ်းသပ် တင်ပို့ခဲ့ရာ အောင်မြင် ခဲ့ကြပါတယ်။ မြန်မာ ငါးရှဉ့်များဟာ တရုတ် လူမျိုးတို့ နှစ်သက်တဲ့ အရသာ ရှိခြင်း၊  (ဆက်လက် ဖတ်ရှုရန် ခေါင်းစဉ်အား နှိပ်ပါ) တရုတ် မွေးမြူရေး ငါးရှဉ့်ရဲ့ အရသာနဲ့ နီးစပ်စွာ တူညီခြင်း၊ ဈေးကွက်သို့ တစ်နှစ် ပတ်လုံး ဝင်ရောက် နိုင်ခြင်း တို့ကြောင့် ကူမင်းနဲ့ ကွမ်ကိုျးမှာ မြန်မာ ငါးရှဉ့်များ ဈေးကွက် နေရာ ရရှိ လာခဲ့ ပါတယ်။ အဲဒီ အချိန်ကစပြီး မြန်မာ နိုင်ငံမ ှထွက်သော ငါးရှဉ့် (အရှင်) များကို တရုတ် နိုင်ငံသို့ နယ်စပ်မှ တင်ပို့ခြင်း လုပ်ငန်း စတင် ခဲ့ပါတယ်။

 

ဈေးကွက် ဝယ်လိုအား ကောင်းသော မြန်မာ ငါးရှဉ့် များကို ဝယ်ယူ ရရှိနိုင်ရေး အတွက် တရုတ် လုပ်ငန်းရှင် ကုန်သည်ကြီး အချို့ ဟာ မြန်မာပြည်တွင်းသို့ ဝင်ရောက် လာခဲ့ပြီး ငါးရှဉ့် ထွက်ရာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် ဒေသများ အထိ သွားရောက် ကာ ငါးရှဉ့် ဖမ်းဆီးသူ များနဲ့ တိုက်ရိုက် တွေ့ဆုံပြီး ဒေသ ပေါက်ဈေး ထက် ဈေးပို ပေးကာ ငါးရှဉ့်များကို ဝယ်ယူခဲ့ ကြပါတယ်။ ထိုအချိန်က မြန်မာပြည်က ထွက်ရှိ သော ငါးရှဉ့်များကို တရုတ် သို့ တင်ပို့တဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို ငွေကြေး အရင်း အနှီး အားကောင်းသော တရုတ် ကုန်သည်များက လက်ဝါးကြီး အုပ်ထား ခဲ့ရာ မြန်မာ ကုန်သည် လုပ်ငန်းရှင်များ ငါးရှဉ့် လုပ်ငန်း ဝင်ရောက် လုပ်ကိုင်ရန် အခွင့် အလမ်း မရှိ သလောက် ဖြစ်ခဲ့ရပါတယ်။ ကူမင်း၊ ကွမ်းကျိုး (End User) ဈေးကွက် မှာ ငါးရှဉ့် တစ်တန် လျှင် အမေရိကန် ဒေါ်လာ (၇ဝဝဝ မှ ၁ဝဝဝဝ) ဈေးရှိရာ အမြတ် အစွန်း ပမာဏ ကြီးမား သော ငါးရှဉ့် ကုန်သွယ်မှု အစ အဆုံး တစ်ခုလုံးကို တရုတ် ကုန်သည် များက လက်တစ်ဆုံး နှိုက်ပြီး လက်ဝါးကြီး အုပ်ခဲ့ကြပါတယ်။ မြန်မာ လုပ်ငန်းရှင် တို့ဟာ မိမိနိုင်ငံ ထွက်ကုန်များ အပေါ် အနည်းငယ် သော အကျိုး အမြတ် သာ ရရှိခဲ့ ပါတယ်။

ထို့ကြောင့် မိမိ နိုင်ငံသား လုပ်ငန်းရှင်များ ထိုက်သင့် တဲ့ အကျိုး အမြတ်များ ဖြစ်ထွန်း ရေးနဲ့ ကဏန်း၊ ငါးရှဉ့် ဈေးကွက် ကို ရောင်းသူ ဈေးကွက် (Seller Market )ဖြစ်စေရေး အမိုျးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လီမိတက်သို့ သီးခြား တာဝန် ပေး၍ ငါးရှဉ့်၊ ကဏန်း လေလံ ကုန်စည်ဒိုင်ကို တည်ဆောက် စေခဲ့ပြီး မိမိနိုင်ငံမှ ထွက်သော ငါးရှဉ့်၊ ကဏန်း များကို ဈေးကွက်ရဲ့ အမြင့်ဆုံး ဈေးရရှိအောင် ဆောင်ရွက် ခဲ့ကြ ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ ငါးရှဉ့်၊ ကဏန်း လေလံ စနစ်ကို အမိုျးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လီမိတက် (NPC) မှ တာဝန်ယူ ဆောင်ရွက် ခဲ့ပါတယ်။ စတင် ဆောင်ရွက် ချိန်က လေလံ ဈေးနှုန်း များမှာ အမြင့်ဆုံး ဈေးနှုန်းများ ရရှိခဲ့ သော်လည်း နှစ်ကြာ လာတာနဲ့ အမျှ ဈေးနှုန်း အမှန်များ မရရှိတော့ သဖြင့် ငါးရှဉ့် တင်ပို့သူများ အနေဖြင့် တွက်ခြေ ကိုက်မှု မရှိတော့ဘဲ ဖြစ်လာ ရပါတယ်။ ဖြစ်ရတဲ့ အကြောင်းမှာ တစ်ဖက် နိုင်ငံမှ လေလံ လာရောက် ဝယ်ယူသူ ကသည်များ မပြောင်းလဲခြင်း၊ ကုန်သည် အရေ အတွက် တိုးမလာခြင်း၊ ရေထွက် ကုန်စည်ဒိုင် သို့ ဝန်ဆောင်ခ များ ပေးရခြင်း တို့ကြောင့် ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် များအနေနဲ့ လေလံ စနစ် အပေါ်ယုံကြည်မှု နည်းပါး လာတာကို တွေ့ရှိ ရပါတယ်။

မိမိတို့ ဘက်က အမိုျးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ (NPC) တစ်ဦးတည်း ကိုသာ လုပ်ကိုင်ခွင့် ပေးပြီး ငါးရှဉ့် ဈေးကွက်ကို ထိန်းချုပ် သကဲ့သို့ တရုတ် နိုင်ငံ ဘက်မှ လည်း ၎င်း ကုမ္ပဏီ ကိုယ်စားလှယ် (၄) ဦး ကိုသာ စေလွှတ်ပြီး လေလံ ဈေးကို အမြင့်ဆုံး ဈေး မဖြစ် စေရန် ဈေးညှိ၍ လေလံ ဆွဲခဲ့ကြ ပါတယ်။ ရေထွက် လေလံ ကုန်စည် ဒိုင်က ဈေးကွက် ပေါက်ဈေး အမှန် ရရှိ အောင် အာမခံမှု မပေး နိုင်တဲ့ အတွက် ငါးရှဉ့် မှောင်ခို လမ်းကြောင်း ပေါ်ပေါက် လာခဲ့ ပါတယ်။ ငါးရှဉ့်များ ရေထွက် ကုန်စည်ဒိုင်သို့ မဝင်ဘဲ တရားမဝင် လမ်းကြောင်းမှ တရုတ်ပြည်သို့ ဝင်ရောက် နေပါ တော့တယ်။ လက်ရှိ အနေ အထားမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်းသို့ ကဏန်း အဝင်နည်းပြီး ဝင်ရောက် လာသော ကုန်ပစ္စည်း အရည် အသွေးမှာလည်း ကျဆင်း လာတဲ့ အနေ အထား ရှိရာ ကဏန်း လုပ်ငန်းရှင်များ အသင်း မှ ကုန်သည် များနဲ့ အကြိမ်ကြိမ် ညှိနှိုင်း အစည်း အဝေး ပြုလုပ်ပြီး စီမံ ကြပ်မတ် ဆောင်ရွက် ခဲ့သော်လည်း အဆင်ပြေ တိုးတက် လာခြင်း မရှိတာကို တွေ့ရှိ လာရ ပါတယ်။ ဒီလို ဖြစ်ရ တာဟာ ချင်းရွှေဟော် လမ်းကြောင်း သို့ အသွားများ ခြင်းကြောင့် ဖြစ်သလို တရား မဝင် လမ်းကြောင်းမှ သွားရောက် နေခြင်း များလည်း ရှိနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ချင်းရွှေဟော် လမ်းကြောင်းသို့ သွားတဲ့ ကုန်သည်များ အနေနဲ့ မူဆယ် ကဏန်း လေလံဈေး အတိုင်း လိုင်စင်ကြေး သတ်မှတ် အခွန် ဆောင်ပြီး ၎င်းတို့ ကြိုက်နှစ်သက် တဲ့ ဝယ်လက်သို့ ရောင်းချ ကြတဲ့ အတွက် ၎င်း ကုန်သည်များ အနေနဲ့ ထိုက်သင့်တဲ့ အကျိုး ခံစားခွင့်များ ရရှိ ကြကြောင်း တွေ့ရှိ ရပါတယ်။ သို့ဖြစ်၍ ရောင်းသူနဲ့ ဝယ်သူတို့ အကြား ကြိုက်နှစ်သက် သော ဈေးနှုန်းကို နှစ်ဦး နှစ်ဖက် သဘောတူညီချက် အရ ဝယ်/ရောင်း လုပ်ကိုင်ကြပြီး နိုင်ငံတော် အနေဖြင့် အခွန် နှုန်းထား (ဈေးနှုန်း)ကို သင့်လျော် သလို ချမှတ် ထိန်းညှိခြင်း သည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပြီး ယင်းသို့ ဆောင်ရွက် ခြင်းဖြင့် အပေါ်/ အောက် ကဏန်း လုပ်ငန်း လုပ်သူများ အနေဖြင့်လည်း အကျိုး ခံစားခွင့် ထိုက်ထိုက် တန်တန် ရရှိနိုင် ကြမည် ဟု သုံးသပ် ရရှိသည့် အတွက် ကဏန်း လုပ်ငန်းရှင်များ အသင်း အနေဖြင့် လက်ရှိ လေလံ တင်ဒါ စနစ်ကို ပြုပြင် ပြောင်းလဲရန် အများ သဘောတူ ဆုံးဖြတ် ခဲ့ကြပြီး၊ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ဆောင်ရွက်မဲ့ နည်းလမ်းနဲ့ ပတ်သက်၍ သက်ဆိုင်ရာ ဌာန များသို့ ဆက်လက် တင်ပြခဲ့ပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ တစ်ဆင့် ပြည်ပသို့ တင်ပို့နေတဲ့ ကဏန်း၊ ငါးရှဉ့် များအား လေလံ တင်ဒါ စနစ် ပြုပြင် ပြောင်းလဲ ဆောင်ရွက် သွားရန် ကိစ္စနဲ့ ပတ်သက်၍ ညှိနှိုင်း အစည်း အဝေး အား ဇန်နဝါရီလ ၃ ရက်နေ့က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ အစည်း အဝေး ခန်းမ၌ ပြုလုပ် ခဲ့ရာ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြား ရေးမှူးချုပ် နှင့် တာဝန် ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ကဏန်း ငါးရှဉ့် လုပ်ငန်းရှင် အသင်း များ၊ မူဆယ်နှင့် ချင်းရွှေဟော် ရှိ ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါတယ်။ ၎င်း အစည်း အဝေးမှ လက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ လေလံ တင်ဒါ နည်းလမ်း အပြင် မိမိ ဝယ်လက်သို့ လွတ်လပ်စွာ ကြိုက်ရောင်း၊ ကြိုက်ဝယ် ရောင်းချ သည့် နည်းလမ်း (၂)မျိုး တို့ဖြင့် စမ်းသပ် ကာလ တစ်လ သတ်မှတ် ဆောင်ရွက် သွားရန် နှင့် စမ်းသပ် ကာလ တစ်လ ပြည့်ပါက အားနည်းချက်၊ အားသာချက်များ ဖော်ထုတ် ၍ မည်သည့် နည်းလမ်းဖြင့် ဆက်လက် ဆောင်ရွက် သွားသင့် သည်ကို ဆွေးနွေးပွဲ ပြုလုပ် ၍ ဆက်လက် ဆောင်ရွက် သွားရန် ညှိနှိုင်း ဆုံးဖြတ် ခဲ့ပါတယ်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် ငါးရှဉ့် အား ၄-၁-၂ဝ၁၃ မှ ၃-၂-၂ဝ၁၃ ရက်နေ့ အထိ လည်းကောင်း၊ ကဏန်း အား ၂၁-၁-၂ဝ၁၃ မှ ၂ဝ-၂-၂ဝ၁၃ ရက်နေ့ အထိ လည်းကောင်း စမ်းသပ် ကာလ အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ ငါးရှဉ့်၊ ကဏန်းအား တစ်ပေါင်းတည်း သတ်မှတ်ပါက ၂ဝ-၂-၂ဝ၁၃ ရက်နေ့တွင် စမ်းသပ် ကာလ ပြည့်မည် ဖြစ်သော်လည်း ရှေ့ဆက် ဆောင်ရွက် သင့်သည့် ကိစ္စနှင့် ပတ်သက် သည့် ညှိနှိုင်း ဆွေးနွေးပွဲ အား ၁၅-၂-၂ဝ၁၃ ရက်နေ့ ၁၃းဝဝ အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမတွင် ပြုလုပ် ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက် သင့်တဲ့ ညှိနှိုင်း ဆွေးနွေး ပွဲသို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးခုျပ်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် အသင်းများ၊ မူဆယ်နဲ့ ချင်းရွှေဟော်တို့ ရှိ ကဏန်း ငါးရှဉ့် ကုမ္ပဏီ လုပ်ငန်းရှင် စုစုပေါင်း (၂၅) ဦး တက်ရောက် ခဲ့ကြပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် စမ်းသပ် ကာလ ဆောင်ရွက် ခဲ့မှုအပေါ် တွေ့ရှိ ရတဲ့ အားသာချက်၊ အားနည်းချက်များ အပေါ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်း၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် အသင်းများ၊ မူဆယ် ၁ဝ၅ မိုင် ကဏန်း လုပ်ငန်းရှင် အသင်း တို့မှ သုံးသပ် ဆွေးနွေး တင်ပြ ခဲ့ကြပါတယ်။

ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် ဆောင်ရွက် ရာတွင် အားသာချက်များ အနေဖြင့် အောက်ပါ အတိုင်း တွေ့ရှိခဲ့ ရပါတယ် -

( က ) သယ်ဆောင်မှု စနစ် တွင် ယခင် ထုတ်ပိုး သယ်ဆောင် မှု ကဏန်းတာ များမှ ဖော့ပုံး များဖြင့် အဆင့်မြှင့် တင်ပို့ လာကြ ခြင်း၊ မှန်ကန် ထိုက်သင့်သည့် ဈေးနှုန်း ရရှိသည့် အတွက် အောက်ခြေ ရေလုပ်သား များ အဆင့် ထိ အကျိုး ခံစားခွင့် ပိုမို ရရှိ လာခြင်း၊ ယခင် လေလံဆွဲ ဝယ်ယူ ရာတွင် ယွမ် (၆) သိန်း ရှိမှ လေလံ ဆွဲခွင့် ရှိသဖြင့် ဝယ်လက် လူနည်းစုသာ ဆောင်ရွက် နိုင်ပြီး ယခု ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်တွင် ယွမ် ၃-၄-၅ သောင်းရှိ ရုံဖြင့် တစ်ပိုင် တစ်နိုင ဝယ်လက်များ ပိုမို လုပ်ကိုင် လာနိုင် ကြခြင်း။

( ခ ) ယခင် ကဏန်း ကုန်အဝင် များလျှင် လေလံ ဈေးနိမ့် ကျခဲမှုများ ရှိခဲ့သော်လည်း ယခု ဈေးနှုန်း ပုံမှန် ရရှိ နေခြင်း ကုန်ပစ္စည်းများ ပိုမို ထုတ်လုပ် ရောင်းချ လာနိုင် သဖြင့် နိုင်ငံတော် အတွက် အခွန် အခ ပိုမို တိုးတက် ရရှိ သလို ထုတ်လုပ် သူ၊ ရောင်းချသူ အတွက် လည်း ဝင်ငွေနဲ့ အလုပ် အကိုင် ရရှိမှု ပိုမို မြင့်မား လာခြင်း၊ အရည် အသွေးအရ ဈေးနှုန်း မြင့်တက် လာခြင်း တို့ကြောင့် အရည် အသွေး ကောင်း များကို သာ ရွေးချယ် ဝယ်ယူ လာသဖြင့် သဘာဝ သယံဇာတ လေလွင့် ပြုန်းတီးမှု လျော့နည်း လာခြင်း။

( ဂ ) ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ် ကြောင့် ကုန်ပစ္စည်းများ အချိန် စော၍ တင်ပို့ နိုင်တဲ့ အတွက် ကုန် ပစ္စည်း အရည် အသွေး ပိုမို မြင့်တက် လာအောင် ဆောင်ရွက် လာနိုင်ခြင်း၊ ကြိုက်ရောင်း ကြိုက်ဝယ် စနစ် ကျင့်သုံး ခြင်းကြောင့် ယခင် ပွဲရုံ လုပ်ငန်းများ ရပ်နား ထားရာမှ ပြန်လည် လုပ်ကိုင် လာနိုင် ခြင်း၊ လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ များမှ မိမိတို့ ပွဲရုံ ဆိုင်းပုဒ် များ စနစ် တကျ ချိတ်ဆွဲ၍ ပွဲရုံ အလိုက် ပွဲကြိုများ တရုတ် ဝယ်လက် ကားငယ် များဖြင့် နေ့စဉ် စည်ကားစွာ ရောင်းဝယ် လာနိုင်ခြင်း။

( ဃ ) လုပ်ငန်းများ ပိုမို ဆောင်ရွက် လာနိုင်သဖြင့် ကဏန်း ကုန်တင် ကုန်ချ လုပ်သားများ၊ ကုမ္ပဏီ လုပ်သား များနဲ့ ဝန်ထမ်းများ အနေဖြင့်လည်း အလုပ် ပိုမို လုပ်ကိုင်ခွင့် ရရှိကြ၍ ဒေသတွင်း အလုပ် အကိုင် အခွင့် အလမ်းနဲ့ အကိုျး ခံစားခွင့် ပိုမို ရရှိ လာခြင်း။

( င ) ရောင်းဝယ် ဖောက်ကား တဲ့ တိုင်းရင်းသား ငါးရှဉ့် လုပ်ငန်းရှင် များအနေ ဖြင့်လည်း ကြားခံ ကုမ္ပဏီမှ ကောက်ယူတဲ့ အကိုျး ဆောင်ခများ ပေးရန် မလိုတော့တဲ့ အတွက် ကုန်ကျ စရိတ် သက်သာ လာခြင်း။

( စ ) မှန်ကန်သော ဈေးနှုန်း ရရှိခြင်း၊ မလိုအပ်သော ကုန်ကျ စရိတ်များ သက်သာ လာခြင်း တို့ကြောင့် အခြေခံ ငါးရှဉ့် ထောင်တဲ့ ရေလုပ်သား များသို့ ဈေးနှုန်း ပိုမိုပေး၍ ဝယ်ယူ နိုင်တဲ့ အတွက် အခြေခံ ငါးရှဉ့်ထောင် ရေ လုပ်သားများရဲ့ မိသားစု ဝင်ငွေ တိုးတက် လာပြီး အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သော ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်အား တစ်ဖက် တစ်လမ်းမှ ပါဝင် ဆောင်ရွက်ပြီး ဖြစ်ခြင်း။

( ဆ ) မိမိတို့ ဝယ်လက် များသို့ လွတ်လပ် ပွင့်လင်းစွာ ရောင်းချ လာနိုင်ပြီ ဖြစ်တဲ့ အတွက် ယခင်က ကဲ့သို့ တရား မဝင် ကုန်သွယ်မှုမျိုး မရှိ တော့ဘဲ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး လုပ်ငန်းစဉ် အားလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဖြစ်ခြင်း၊ ဈေးကောင်း ရရှိလာကြတဲ့ အတွက် အခြေခံ ငါးရှဉ့်ထောင် ရေလုပ်သား များမှလည်း ကြိုးစား ရှာဖွေ ဖမ်းဆီး လာကြရာ ထုတ်ကုန် ပမာဏလည်း ပိုမို လာပြီး တစ်ဖက် တစ်လမ်းမှ နိုင်ငံတော်အတွက် GDP မြင့်တက်လာစေခြင်း။

( ဇ ) တစ်ဖက် ကုန်သည် များမှ မူဆယ် ၁ဝ၅ မိုင် ကုန်စည်ဒိုင် သို့ လာရောက် ဝယ်ယူခြင်း ကြောင့် ရောင်းသူ ဈေးကွက် အဖြစ် ဆက်လက် ရပ်တည် နေခြင်း။

( ဈ ) ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် ဖြစ်ပေါ် လာသဖြင့် သယ်ယူ ပို့ဆောင်မှု လမ်းကြောင်း ကောင်းမွန်တဲ့ မူဆယ် ဈေးကွက်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားမှု ပိုမို လာခြင်း။

အားနည်းချက်များအနေဖြင့် အောက်ပါအတိုင်းတင်ပြဆွေးနွေးခဲ့ကြပါတယ် -

( က ) အာမခံ ကြေး ကြိုတင် စပေါ် ငွေများများ ရယူ ထားခြင်း မရှိ၍ လုပ်ငန်းရှင်များ အနေနဲ့ ငွေကြေး ပြဿနာ မရှိအောင် ဂရုပြု ရောင်းဝယ် နေရခြင်း။

( ခ ) ယခု ကဲ့သို့ ငါးရှဉ့် ရှားပါးတဲ့ ရာသီမှာ ပြဿနာ မရှိ သော်လည်း မိုးတွင်း ကာလ ငါးရှဉ့် ပေါများတဲ့ ရာသီတွင် ဈေးကွက် ထိန်းညှိ ပေးရန် လိုအပ်ခြင်း၊ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားကြရာ တွင် တစ်ဖက် နိုင်ငံနဲ့ အချိတ် အဆက် ရှိသော ငွေကြေး အင်အား ကြီးမားသော လုပ်ငန်းရှင် များသာ မဟုတ်ဘဲ သာမန် တိုင်းရင်းသား ငါးရှဉ့် လုပ်ငန်းရှင်များလည်း တင်ပို့ ရောင်းချ နိုင်စေရန်နဲ့ ရောင်းချ လိုက်သော ကုန်ပစ္စည်း အတွက် ငွေကြေး အာမခံချက် ရှိစေရန် အစီ အမံများ ချမှတ် ဆောင်ရွက် ထားရန် လိုအပ်ခြင်း။

(ဂ ) တရုတ် ဝယ်လက်များ ကိုယ်တိုင် ပြည်တွင်းသို့ ဆင်းလာကြပြီး ဝယ်ယူခြင်း အားဖြင့် နောင်တွင် တိုင်းရင်းသား လုပ်ငန်းရှင် များအား ဝါးမျို သွားပြီး နေရာ ပျောက်သွား နိုင်သည်ကို အမျိုးသားရေး သတိ ဖြင့် ဆင်ခြင် သုံးသပ်၍ ကြိုတင် ကာကွယ်တဲ့ အစီ အစဉ်များ စီမံ ချမှတ် ထားရန်လိုအပ်ခြင်

( ဃ ) ဈေးနှုန်း ပိုမို ရရှိလာတဲ့ အလျောက် အခြေခံ ငါးရှဉ့်ထောင် ရေလုပ်သား များမှ ကြိုးစား ရှာဖွေ ဖမ်းဆီး လာကြ ခြင်းဖြင့် ကြာလာပါက နိုင်ငံရဲ့ သဘာဝ သယံဇာတများ လျော့နည်း မျိုးတုံး မသွား စေရန် မိမိတို့ လုပ်ငန်းရှင် အသင်း အဖွဲ့များနဲ့ ဌာန ဆိုင်ရာများ ပူးပေါင်း ညှိနှိုင်း၍ ထိန်းသိမ်း ဆောင် ရွက် သွားရန် လိုအပ်ခြင်း။

( င ) မူဆယ် ငါးရှဉ့် လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း နိုင်ခြင်း မရှိသဖြင့် အချင်းချင်း စည်းလုံး ညီညွှတ်မှု မရှိခြင်း ကြောင့် တရုတ် ကုန်သည်များနဲ့ အားပြိုင်ရမဲ့ ကိစ္စများတွင် အသာစီး ရရှိရန် ခက်ခဲ နိုင်ခြင်း။

ရှေ့ဆက် ဆောင်ရွက် သွားမဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ခုျပ်၊ မြန်မာ နိုင်ငံ ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် အသင်းများ နှင့် တက်ရောက် လာကြတဲ့ ကဏန်း ငါးရှဉ့် ကုမ္ပဏီ လုပ်ငန်းရှင် များမှ အောက်ပါ အတိုင်း အကြံပြု တင်ပြ ကြပါတယ်-

( က ) မိမိ ဝယ်လက်သို့ လွတ်လပ်စွာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ် အရ အားသာချက် အခြေ အနေများက ပိုမို တွေ့ရှိ ရပြီး အားနည်းချက် အနေ အထား ကမူ ကုန်သည်များ အနေနဲ့ တစ်ဦးချင်း ထိန်းသိမ်း ဆောင်ရွက် သွား၍ ရနိုင်တဲ့ အနေ အထား များကြောင့် အဖက်ဖက်မှ အကျိုး ပိုမို ဖြစ်ထွန်း စေနိုင်တဲ့ မိမိ ဝယ်လက် သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ် ဆောင်ရွက်မှု နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက် သွားသင့်ကြောင်း။

( ခ ) ကဏန်း လုပ်ငန်းရှင် အသင်းက ဆောင်ရွက် နေသော ကြိုက်ရောင်း ကြိုက်ဝယ် စနစ်အတိုင်း ပို့ကုန် တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို အလုပ်သမားခနှင့် ဝန်ဆောင်မှု စရိတ် အဖြစ် ပေးဆောင် စေပြီး ညီညွတ်မှု အင်အား တည်ဆောက်ကာ သတိဖြင့် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း၊ မူဆယ် ငါးရှဉ့် ကုန်စည်ဒိုင် အနေနဲ့ လုပ်ငန်းတူ စိတ်တူ သဘောထား တူညီသူ များဖြင့် မူဆယ် ငါးရှဉ့် အသင်းကို ဖွဲ့စည်း ထူထောင် သင့်ကြောင်း။

( ဂ ) မူဆယ် ငါးရှဉ့် ကုန်စည် ဒိုင်ကို မူဆယ် ကဏန်း ကုန်စည်ဒိုင် ကဲ့သို့ ညီညွတ်မှု တည်ဆောက် ပြီး ရောင်းသ ဈေးကွက် မပျက်စီးအောင် ဆက်လက် ထိန်းသိမ်း နိုင်ရေးကို ဦးတည်သော ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ဆက်လက် ဆောင်ရွက် သင့်ကြောင်း၊ ကဏန်း ငါးရှဉ့် ကုန်စည်ဒိုင် နှစ်ခု စလုံး တွင် ငွေကြေး အာမခံချက် ရှိစေရန် တရုတ် ဝယ်လက်များ ထံမှ သင့်တင့် မျှတတဲ့ Deposit တင်စေ၍ အာမခံ ငွေကြေး အဖြစ် ဆောင်ရွက် သင့်ကြောင်း။

( ဃ ) မကြာမီ အကောင် အထည် ဖော်တော့မဲ့ AFTA , AEC တို့အရ နိုင်ငံ တကာမှ စီးပွားရေး ကုမ္ပဏီများ အဖွဲ့ အစည်းများ ဝင်ရောက် လာပါက ရင်ဆိုင် နိုင်မဲ့ အင်အား တစ်ရပ် အရံသင့် ဖြစ်စေရန် အသင်း အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက် သင့်ကြောင်း။

( င ) ရေထွက် သယံ ဇာတများ ရေရှည် စဉ်ဆက်မပြတ် ထုတ်ယူ သုံးစွဲ နိုင်ရေး အတွက် ထိန်းသိမ်း ဆောင်ရွက် သင့်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး အတွက် ငါးရှဉ့် ရေလှယ်ရာတွင် အသုံးပြုသည့် ရေအား ဓါတ်ခွဲ စစ်ဆေးပြီးမှ လက်မှတ် ထုတ်ပေးခြင်း ဖြစ်သဖြင့် စစ်ဆေးမှု ခံယူပြီးမှသာ တစ်ဖက် နိုင်ငံသို့ တင်ပို့ သင့်ကြောင်း။

အဆိုပါ အားသာ ချက်၊ အားနည်း ချက်များ၊ အကြံပြု တင်ပြချက်များ အပေါ် အခြေခံ၍ ဆွေးနွေးပွဲ သို့ တက်ရောက် လာကြ သူများမှ အောက်ပါ အတိုင်း ညှိနှိုင်း သဘောတူ ဆုံးဖြတ် ခဲ့ကြပါတယ်-

( က ) ပြည်သူ ဗဟိုပြု စနစ်သို့ ပြောင်းလဲ ဆောင်ရွက် လျက်ရှိရာ အများ လုပ်ဆောင် လိုတဲ့ နည်းလမ်း ဖြစ်သော မိမိ ဝယ်လက်သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ရောင်းချခြင်းအား ဆက်လက် ဆောင်ရွက်သွားရန်။

( ခ ) ရောင်းသူ ဈေးကွက် ဖြစ်စေရေး အတွက် မိမိ ဘက်ရှိ ပွဲရုံ၊ ရေထွက် ကုန်စည်ဒိုင် များတွင် ပစ္စည်းများ ချပြီး တစ်ဖက် နိုင်ငံ ကုန်သည်များမှ လာရောက်၍ ဝယ်ယူ သယ်ဆောင်သည့် နည်းလမ်းအား ဆောင်ရွက်ရန်နှင့် တစ်ဖက် နိုင်ငံသို့ တိုက်ရိုက် သွားရောက် ရောင်းချခြင်း မပြုရန်။

( ဂ ) မိမိ ဘက်ရှိ ပွဲရုံ၊ ကုန်စည် ဒိုင် များတွင် ပစ္စည်း ချပြီး မိမိ ဝယ်လက်သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ် ဖြင့် ရောင်းချသည့် နည်းလမ်းအား ဆက်လက် ဆောင်ရွက်မည် ဖြစ်သဖြင့် ယခင် ဆောင်ရွက်ခဲ့ သည့် လေလံ တင်ဒါ စနစ်ဖြင့် ရောင်းချသည့် နည်းလမ်းအား ရပ်ဆိုင်းရန်။

( ဃ ) ပစ္စည်း အရည် အသွေး မှန်ကန်ရေး အတွက် ငါးလုပ်ငန်း ဦးစီး ဌာနမှ စစ်ဆေး ကြပ်မတ် ဆောင်ရွက် ပေးရန်။

( င ) ငါးရှဉ့် များအား မန္တလေးတိုင်း ငါးဦးစီး ဌာနရဲ့ ဓါတ်ခွဲခန်း စမ်းသပ်ချက် စာရွက် စာတမ်း များဖြင့် ရယူ၍ မူဆယ်နှင့် ချင်းရွှေဟော် သို့ သယ်ဆောင် နိုင်သော်လည်း မူဆယ် (၁ဝ၅) မိုင်နှင့် ချင်းရွှေဟော်ရှိ ငါးလုပ်ငန်း ဦးစီး ဌာန၏ Final စစ်ဆေးပြီး Certificate ရရှိပြီးမှသာ တစ်ဘက် နိုင်ငံသို့ တင်ပို့ ရောင်းချ သွားရန်။

( စ ) မူဆယ် ၁ဝ၅ မိုင်နှင့် ချင်းရွှေဟော် တို့၌ ငါးရှဉ့် ရေလှယ်ခြင်း ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အသင်း အဖွဲ့၊ လုပ်ငန်းရှင်များမှ ညှိနှိုင်း ဆောင်ရွက် သွားရန်။

( ဆ ) ကဏန်း၊ ငါးရှဉ့် ဈေးနှုန်းများ အား ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင်များ အသင်းတို့မှ သတ်မှတ်တဲ့ ဈေးဖြင့် ဆောင်ရွက် ရန်နဲ့ ဈေးနှုန်း သတ်မှတ်ချက် များအား ကဏန်း၊ ငါးရှဉ့် အသင်းမှ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနနဲ့ ငါးလုပ်ငန်း ဦးစီးဌာန တို့သို့ ပေးပို့ သွားရန်။

( ဇ ) မူဆယ် ၁ဝ၅ မိုင် ငါးရှဉ့် ကုန်စည်ဒိုင်အား ငါးရှဉ့် လုပ်ငန်းရှင်များ စုပေါင်း ပါဝင်တဲ့ အသင်း အဖွဲ့ အဖြစ် တစ်လ အတွင်း ဖွဲ့စည်း ဆောင်ရွက် သွားရန်နဲ့ ဖွင့်လှစ်မဲ့ အချိန်အား နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနနှင့် ငါးလုပ်ငန်း ဦးစီး ဌာန တို့သို့ ပေးပို့ရန်။

( ဈ ) မူဆယ် ၁ဝ၅ မိုင် ငါးရှဉ့် ကုန်စည်ဒိုင် ဖွင့်လှစ် ဆောင်ရွက်မဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်သည်များ အား မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးရန်။

( ည ) ချင်းရွှေဟော် တွင် ရွှေကွမ်းလုံ ကုမ္ပဏီမှ တည်ဆောက် ထားသော ကဏန်း၊ ငါးရှဉ့် ကုန်စည် ဒိုင် သို့ ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင်များမှ ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် မူဆယ် ၁ဝ၅ မိုင် ကဏန်း လုပ်ငန်းရှင် အသင်းနဲ့ ငါးရှဉ့် လုပ်ငန်းရှင်များမှ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားရန်။

( ဋ ) တရုတ် ဘက်ခြမ်းတွင် မိမိဘက်မှ တင်ပို့သည့် ကဏန်း၊ ငါးရှဉ့်များအား တရုတ် ကုန်သည်တိုင်း မှ သယ်ယူ၍ မရနိုင်သေးတဲ့ ကိစ္စန ဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ကျင်းပလျက် ရှိတဲ့ JBTCCC အစည်းအဝေး များ တွင် ညှိနှိုင်း ဆောင်ရွက် ပေးရန်။

( ဌ ) ဘဏ် စနစ်ဖြင့် ဆောင်ရွက် နိုင်က နိုင်ငံတော် အတွက် ပိုမ အကိုျးရှိမည် ဖြစ်သဖြင့် နှစ်နိုင်ငံ ဘဏ် စနစ် ဖြင့် ဆောင်ရွက် နိုင်ရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် သွားရန်။

( ဍ ) ငါးရှဉ့် ပေါများတ မိုးရာသီ ကာလမှာ ဈေးကွက် ပုံမှန ်ရရှိရေး၊ ဈေးကွက် အာမခံချက် ရရှိရေးတို့ အတွက် လိုအပ် သည်များအား ညှိနှိုင်း စီမ ံဆောင်ရွက် ထားရှိရန်။

( ဎ ) လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားရာမှာ ငွေကြေး အင်အား ကြီးမားသော လုပ်ငန်းရှင် သာမက သာမန် တိုင်းရင်းသား လုပ်ငန်းရှင် များလည်း ပါဝင် ဆောင်ရွက်နိုင် စေရန် ကုန်စည်ဒိုင် အသင်း ဖွဲ့စည်း ဆောင်ရွက် သွားရန်နဲ့ အစီအမံများ ဆောင်ရွက် ထားရှိရန်။

(ဏ) တစ်ဘက် နိုင်ငံ ဝယ်လက်များ ကိုယ်တိုင် ပြည်တွင်းသို့ ဆင်းလာပြီး တိုက်ရိုက် ဝယ်ယူ ခြင်းဖြင့် နောင်တွင် တိုင်းရင်းသား ငါးရှဉ့် လုပ်ငန်းရှင်များ နေရာ ပျောက်သွား နိုင်သဖြင့် အမိုျးသားရေး အသိဖြင့် ကြိုတင် ကာကွယ်နိုင်ရန် အစီ အမံများ ချမှတ် ဆောင်ရွက် သွားရန်။

( တ ) တစ်ဘက် နိုင်ငံ ဝယ်လက်များ ကိုယ်တိုင် ပြည်တွင်းသို့ ဆင်းလာသည့် သတင်းများ ရရှိ ပါက လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက် နိုင်ရေး အတွက် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန နှင့် ငါးလုပ်ငန်း ဦးစီး ဌာန တို့သို့ သတင်း ပေးပို့ရန်။

(ထ) ဈေးနှုန်း ပိုမို ရရှိ လာခြင်းကြောင့် ပိုမို တင်ပို့ လာခြင်းဖြင့် ရေရှည် တွင် နိုင်ငံတော်ရဲ့ သဘာဝ သယံ ဇာတ များ လျော့နည်း မျိုးတုန်း မသွား စေရန် အတွက် ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် အသင်း အဖွဲ့ များနဲ့ ဌာန ဆိုင်ရာများ ပူးပေါင်း ညှိနှိုင်း၍ ထိန်းသိမ်း ဆောင်ရွက် သွားရန်။

( ဒ ) ကဏန်း ၊ ငါးရှဉ့် လုပ်ငန်းရှင် များအနေနဲ့ တစ်လှေ တည်းစီး၊ တစ်ခရီးတည်း သွားကြသူများ ဖြစ်ရာ မိမိတို့ရဲ့ ရေရှည် အကျိုး စီးပွား အတွက် မျှော်မှန်းပြီး စည်းလုံး ညီညွတ်စွာ ဆောင်ရွက် သွားရန် နဲ့ သက်ဆိုင်ရာ အသင်း အဖွဲ့ များမှလည်း ထိန်းသိမ်း ကြပ်မတ် ပေးရန်။

( ဓ ) ကဏန်း၊ ငါးရှဉ့် သယ်ဆောင် လာသော ကားများမှာ တရား မဝင်ပ စ္စည်းများ သယ်ဆောင်မှု မရှိ စေရေး အတွက် သက်ဆိုင်ရာ ကုမ္ပဏီ များမှ တာဝန်ယူ ဆောင်ရွက် ပေးရန်နဲ့ နယ်စပ် ဂိတ်များ တွင် ကုန်ပစ္စည်း စစ်ဆေးမ ှုအား အကောက်ခွန် ဦးစီးဌာနမှ ကြပ်မတ် စစ်ဆေးရန်။

( န ) တရုတ် နိုင်ငံ အနေနဲ့ ဈေးကွက် လိုအပ်ချက်များ များပြား လာခြင်းကြောင့် မိမိဘက်မှ ရေထွက် ပစ္စည်း များအား ထုတ်နိုင်ရင် ထုတ်နိုင်သလို အကိုျး ကျေးဇူး ရရှိနိုင်သဖြင့် မိမိ လုပ်ငန်းရှင်များမှ စုစု စည်းစည်းဖြင့် သတ်မှတ် ထားတဲ့ စံချိန် စံညွှန်းများနဲ့ အညီ ထုတ်လုပ် တင်ပို့နိုင်ပါက နိုင်ငံသားများ အတွက် အလုပ် အကိုင် အခွင့် အလမ်းများ တိုးတက် ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်မှ ရည်မှန်း ထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည် ဖော်ရေး အတွက် အခြေအနေ ကောင်းများ ရရှိ လာနိုင်မည် ဖြစ်သဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန်။

( ပ ) တရုတ် နိုင်ငံ မှ Food Safety အား ဂရုစိုက်ခြင်း ကြောင့် မိမိ ဘက်မှ တင်ပို့တဲ့ ကဏန်း၊ ငါးရှဉ့် များအား AQSIQ စစ်ဆေးမှုများ ရှိလာမည် ဖြစ်သဖြင့် အနာဂတ်တွင် ဈေးကွက် ရရှိရေး အတွက် ယခု ကတည်းက ကဏန်း၊ ငါးရှဉ့် ပစ္စည်း အရည် အသွေး စစ်ဆေးမှု (Quality Control) အပိုင်း များနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရန်။

( ဖ ) မူဆယ် ၁ဝ၅ မိုင် နဲ့ ချင်းရွှေဟော်ရှိ ကဏန်း၊ ငါးရှဉ့်များ တင်ပို့ရာတွင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့ စေရေး အတွက် ဌာန ဆိုင်ရာ အပိုင်းများ မှလည်း ကူညီ ဆောင်ရွက် ပေးသွားရန်။

ယခု ကဲ့သို့ မိမိ ဝယ်လက်သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက် လာခြင်းဖြင့် နိုင်ငံတော်မှ လက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ ပြည်သူ့ ဗဟိုပြု စနစ်သို့ ကူးပြောင်း ဆောင်ရွက် နေတဲ့ အချိန်အခါ သမယတွင် တိုင်းရင်းသား ပြည်သူ လူထု အများစုမှ ကြိုက်နှစ်သက် ဆောင်ရွက် လိုသော နည်းလမ်း ဖြစ်ခြင်း၊ ပြည်တွင်း လုပ်ငန်းရှင်များ ထိုက်သင့်တဲ့ အကျိုး အမြတ်များ ရရှိ ခံစားနိုင်ခြင်း၊ နိုင်ငံတော် အတွက် အခွန် အခများ ပိုမို တိုးတက် ရရှိနိုင်ခြင်း၊ အခြေခံ ရေလုပ်သား များရဲ့ မိသားစု ဝင်ငွေ တိုးတက် လာပြီး ဆင်းရဲ နွမ်းပါးမှု လျော့နည်းရေး လုပ်ငန်းစဉ် အား တစ်ဖက် တစ်လမ်းမှ အထောက် အကူ ဖြစ်ခြင်း၊ တရား မဝင် ကုန်သွယ်မှု ပပျောက်ရေး အတွက် အကျိုး သက်ရောက် စေခြင်း၊ ပြည်တွင်း ထုတ်ကုန် တိုးတက် မြင့်မား လာပြီး နိုင်ငံတော် အတွက် GDP မြင့်တက် စေခြင်း စသည့် အကိုျး ကျေးဇူးများ ရရှိ စေခဲ့ပါတယ်။ ထို့ပြင် ရေထွက် သယံဇာတ များ ရေရှည် စဉ်ဆက် မပြတ် ထုတ်ယူ သုံးစွဲနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာန ဆိုင်ရာ များနဲ့ ကဏန်း၊ ငါးရှဉ့် အသင်း အဖွဲ့ များမှ စုပေါင်း၍ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ ဆောင်ရွက် သင့်သည့် အစီအမံများ ချမှတ် ရေးဆွဲ ထားခြင်း၊ စုစည်း ညီညွတ် သည့် ရေထွက် ကုန်စည်ဒိုင် အသင်း အဖွဲ့များ ဖွဲ့စည်း တည်ထောင်၍ ပြည်ပ ဈေးကွက်သို့ တိုးခဲျ့ ထိုးဖောက် ဝင်ရောက်ခြင်း၊ နိုင်ငံ တကာ စံချိန် စံညွှန်း အတိုင်း လုပ်ကိုင် တတ်လာ စေရေး အတွက် ကြိုတင် ပြင်ဆင် ထားခြင်းများ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း တွေ့ရှိ ရပါတယ်။ ဒါကြောင့် ကဏန်း၊ ငါးရှဉ့် ရေထွက် ပစ္စည်း တင်ပို့ လုပ်ကိုင် နေကြတဲ့ ကုမ္ပဏီ လုပ်ငန်းရှင် များအနေနဲ့ နိုင်ငံ အကိုျး၊ မိမိ အကိုျး အတွက် အတ္တ၊ ပရ မျှတစွာဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြခြင်းဖြင့် နိုင်ငံတော်မှ ချမှတ် အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှ ရရှိ လာမည့် အသီး အပွင့် များအား ခံစား နိုင်မည် ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရ ပါတယ်။

နကသ (ဦး) ပို့ကုန်