ဗီယက်နမ်နဲ့ ဥရောပ သမဂ္ဂ တို့ အကြား လွတ်လပ် သော ကုန်သွယ် မ ှုထူထောင် ရေး ဆွေးနွေး နေကြ ပြီ

ကြာသပတေးနေ့ ၄ ဧပြီလ  ၂၀၁၃ 10 :55  AM

မတ်လ လယ်မှာ ဟိုချီမင်း မြို့တော်မှာ ဗီယက်နမ်နဲ့ ဥရောပ သမဂ္ဂ လွတ်လပ် သော ကုန်သွယ်မှု ထူထောင် ရေး (VEFTA) နဲ့ စပ်လျဉ်းပြီး ဗီယက်နမ် နိုင်ငံ အနေနဲ့ ထည့်သွင်း စဉ်းစား ရမဲ့ ကိစ္စများနဲ့ စပ်လျဉ်း ပြီး ဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ ကြပါ တယ်။ ဆွေးနွေး ပွဲကို European Trade Policy & Investment Support Project (EU-MUTRAP) နဲ့ ဗီယက်နမ် ကုန်သည်များနဲ့ စက်မှု လုပ်ငန်း ရှင်များ အသင်း (VCCI) တို့ ပူးတွဲ ကျင်းပ ကြတာ ဖြစ်ပါ တယ်။ WTO အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြ တာနဲ့ အညီ နှစ် နိုင်ငံလုံး ဟာ ဂုဏ်ယူ စွာနဲ့ VEFTA သဘော တူညီမှု မူကြမ်းကို နှစ်ဦး နှစ်ဖက် အကိုျး အတွက် ရည်ရွယ် ရေးဆွဲ နိုင်ခဲ့ ပြီ ဖြစ်ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

VEFTA သဘော တူညီချက် အရ ဗီယက်နမ် နိုင်ငံ ရဲ့ ပို့ကုန် အများစု ဟာ ဥရောပ သမဂ္ဂမှ ကောက်ခံ စည်းကြပ်မဲ့ အခွန် အပေါ် အနည်းဆုံး ၉ဝ ရာခိုင်နှုန်းထိ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပြီး ဥရောပ သမဂ္ဂရဲ့ တိုက်ရိုက် ရင်းနှီး မြှုပ်နံှ မှုများစွာ အတွက်လည်း အထောက် အကူပြု စေမှာ ဖြစ်ပါတယ်။

ဗီယက်နမ် နိုင်ငံ အနေနဲ့ ဝန်ဆောင်မှု ဈေးကွက်၊ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နံှမှု လုပ်ထုံး လုပ်နည်းများ ပိုမို ရှင်းလင်းအောင် ပြုလုပ် ရန်နဲ့ ဥရောပ သမဂ္ဂ နိုင်ငံများမှ တင်သွင်း သော ပစ္စည်းများ အပေါ် သွင်းကုန် ခွန် သုညထိ လျှော့ချ ပေးရန် ဆိုတဲ့ စိန်ခေါ် မှုများနဲ့ ရင်ဆိုင် လာရမှာ ဖြစ်ပါ တယ်။

VEFTA ညှိနှိုင်း ချက် များအား ကုန်ပစ္စည်း အမိုျး အစားနဲ့ ဝန်ဆောင်မှု သာမက မူပိုင် ခွင့်နဲ့ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက် မှုများနဲ့ လည်း သက်ဆိုင် တယ်လို့ ကုန်သွယ် ရေးနဲ့ စက်မှု ဝန်ကြီး ဌာန ကုန်သွယ်မှု မူဝါဒ ဌာန ဒုတိယ အကြီးအကဲ LE TRIEU DUNG က ပြောကြား ခဲ့ပါတယ်။ DUNG က VEFTA ညှိနှိုင်း ချက်များ ကြောင့် လွတ်လပ် သော ကုန်သွယ်မှု သဘော တူညီချက် ရရှိ ပြီးလျှင် ဥပဒေ ပိုင်းဆိုင်ရာ ရပိုင် ခွင့်များ ကို အကာ အကွယ် ပေးနိုင် မယ်၊ အခွန် လျော့ချရေး လမ်းပြ မြေပုံ အတွက် ကြိုတင် ပြင်ဆင် နိုင်မယ်၊ အခွန် သက်သာ ခွင့် အကိုျး ကျေးဇူး များကို ရရှိ နိုင်မယ် လို့ ယုံကြည်မှု အပြည့် ရှိနေ တယ်လို့ VOV ကို ပြောကြား ခဲ့ပါ တယ်။

ဗီယက်နမ်နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ စီးပွားရေး ဆက်နွယ် မှုများဟာ လက်ရှိ နှစ်ကာလ များမှာ ပိုမို အရှိန်ရ လျက် ရှိပြီး ဗီယက်နမ် ပို့ကုန် တိုးမြှင့်ရေးကို တွန်းအား ပေးလျက် ရှိပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ ၂ဝ၁၁ ခုနှစ် ထက် ပို့ကုန် ၂၂ ဒသမ ၅ ရာခိုင်နှုန်း ပိုမို ခဲ့ပါ တယ်။

ဗီယက်နမ် နိုင်ငံ မှ ဥရောပ သမဂ္ဂ သို့ အဓိက တင်ပို့သော ပို့ကုန် များမှာ လျှပ်စစ် အင်ဂျင် နီယာ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များ၊ အဝတ် အထည်နဲ့ အထည် အလိပ်များ ၊ ဖိနပ်၊ ကော်ဖီ၊ ပင်လယ်စာ တို့ဖြစ်ပြီး အဓိက သွင်းကုန် များမှာ အဆင့်မြင့် နည်းပညာ သုံး ထုတ်ကုန် ပစ္စည်း၊ စက်နှင့် စက်ပစ္စည်း များနဲ့ သယ်ယူ ပို့ဆောင် ရေး သုံးယာဉ်များ ဖြစ်ပါ တယ်။

SOURCE : VOV---CMK