နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနအစား ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန အမည်ပြောင်းလဲ ဆောင်ရွက်မည်

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 13 : 37  PM

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနကြီး (၃)ခု အနက် နယ်စပ် ကုန်သွယ် ရေးဦးစီး ဌာနကို ''ကူးသန်း ရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦး စီးဌာန'' အဖြစ် ၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်) မှ စတင်ပြီး အမည်ပြောင်း လဲသွားမည် ဖြစ်ပါတယ်။ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးအနေနှင့် အမည်ပြောင်း လဲမှုမရှိသော်လည်း မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းရောင်း ဝယ်ရေးဌာန ကို ကုန်သွယ် မှုမြှင့်တင်ရေး ဌာန အဖြစ်အမည် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန အနေနဲ့ ကုန်သွယ်မှုနဲ့ ကုန်စည် စီးဆင်း မှုဌာနခွဲ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် ဒေသတွင်း ကုန်သွယ် မှုဌာနခွဲ၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ၊ စားသုံးသူ ရေးရာဌာနခွဲ၊ ကုန်သွယ်မှု မူဝါဒ နဲ့ လုပ်ထုံး လုပ်နည်း များလေ့လာ သုံးသပ်စိ စစ်ရန် ကုန်သွယ် မှုဆိုင်ရာ ညှိနှိုင်းကွပ်ကဲ ရေးဌာနခွဲ၊ ကုန်သွယ် မှုစာရင်း အင်းဌာနခွဲ၊ ပို့ကုန် လုပ်ငန်း ဌာနခွဲ၊ သွင်းကုန် လုပ်ငန်းဌာန ခွဲများအပါအဝင် ဌာနကြီး တစ်ခုမှာ မရှိမဖြစ် ဌာနများဖြစ်တဲ့ စီမံရေး ရာဌာနခွဲ၊ ငွေစာရင်း ဌာနခွဲများနဲ့ ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။ ဦးစီးဌာန အပြင် နယ်စပ်မြို့များနဲ့ တိုင်းနဲ့ ပြည်နယ် များမှာလည်း ဌာနခွဲများ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ကူးသန်းရောင်း ဝယ်ရေး နယ်စခန်း များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်တို့ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်ကြီး (၁၄) ခုမှာ စားသုံးသူ ရေးရာဦးစီး ဌာနများ ပေါ်ထွန်းလာ မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့ ၁၃းဝဝ ချိန်က တာချီ လိတ်မြို့နယ် အကောက်ခွန် ဦးစီးဌာန အစည်းအဝေး ခန်းမ မှာကျင်းပ ပြုလုပ်တဲ့ တာချီလိတ် ကူးသန်းရောင်း ဝယ်ရေးစခန်းရဲ့ ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးမှာ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း ကရှင်းလင်း ပြောကြား အသိပေးခဲ့ တယ်လို့ သတင်း ရရှိပါတယ်။ လာမဲ့ ဘဏ္ဍာနှစ် ကစပြီး နယ်စပ်ကုန် သွယ်ရေး လုပ်ငန်း သက်သက် မဟုတ်ဘဲ ပင်လယ် ရေကြောင်း ကုန်သွယ် မှုရော နယ်စပ် ကုန်သွယ် မှုပိုင်းဆိုင်ရာ များနဲ့ စားသုံးသူ ရေးရာ ကိစ္စများပါ တာဝန် ယူလုပ် ဆောင်သွား မယ် လို့ သိရှိ ရပါ တယ်။

Source:ကသရ (တခလ) MIRT (DOBT)