မူဆယ်ရော တာချီလိတ်မှပါ လက်ဖက်ခြောက်ပိုမိုတင်ပို့

       သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၅၅၁ တန်ဖိုး ရှိလက်ဖက်ခြောက်၁၈ တန်တင်ပို့ခဲ့ရာ ယ ခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅ တန်နဲ့ နှိုင်းယှဉ်ပါက ၁၃ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန် သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁၅၅၂၂ တန်ဖိုး ရှိ လက်ဖက်ခြောက်တန် ၄၀ နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက် ခြောက် တင်ပို့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။
        မြန်မာနိုင်ငံမှ လက်ဖက်ခြောက် ဝယ်ယူရန်အတွက် ဂျာမနီနိုင်ငံမှ အရည်အသွေး စစ်ဆေးရေး ပညာရှင်တွေ လာ ရောက်ကာ နိုင်ငံအတွင်းမှာ ထွက်ရှိတဲ့ လက်ဖက်ခြောက်များ ကို အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်ရှိ စံပြ လက်ဖက်ခြောက်စက်ရုံတွင် အခြောက်ခံ၍ ထွက်ရှိလာတဲ့ လက်ဖက်ခြောက်တွေကို စံချိန်စံညွှန်း ပြည့်မီသဖြင့် ဝယ်ယူ ရန် သဘောတူညီချက်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချ သူများအသင်းမှ သိရပါတယ်။

 

မော်မော်အောင်