ဈေးကောင်းအရောင်းသွက်ခဲ့တဲ့ လွိုင်ကော်ပဲစင်းငုံဈေးကွက်

ကယားပြည်နယ်လွိုင်ကော်မြို့ ပဲစင်းငုံဈေးကွက်မှာ မတ်လ ဒုတိယပတ် အတွင်း ပဲစင်းငုံဈေးမာလျက်ရှိပြီး၊ တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် နေ့စဉ်ပဲစင်းငုံ ပိဿာ ၃၀ ဝင် ၃၀၀ အိတ်မှ ၄၅၀ အိတ်အထိ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းအဝယ် သွက်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ခံ ပဲကုန်သည်တစ်ဦးထံမှ သိရပါ တယ်။ ကယား ပြည်နယ်မှာ ၂၀၁၂/၂၀၁၃ မိုးသီးနှံ ပဲစင်းငုံစိုက်ဧက တစ်သောင်းခန့်ရှိပြီး၊ ကယားပြည်နယ်က ပဲစင်းငုံစိုက်ပျိုးသူ တောင်သူအများစုက သီးသန့် စိုက်ခင်းအဖြစ် စိုက်ပျိုးသူအလွန်နည်းပါးပြီး၊ အစေ့ ထုတ်ပြောင်း စိုက်ပျိုးရာမှာ ကြားသီးနှံအဖြစ်သာ အများစုကစိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံ စိုက်ခင်းများမှာ နှင်းခါးကျရောက်မှုမရှိခဲ့ပေမယ့် ရာသီဥတုအခြေ အနေအရ မိုးရွာ သွန်းမှုနည်းပါး ခဲ့တာကြောင့် ပဲစင်းငုံထွက်ရှိမှု လျော့နည်းကျဆင်းနိုင်ကြောင်း ဒေသခံတောင်သူအချို့ရဲ့ အဆိုအရ သိရပါတယ်။
MA - တောင်ကြီး