ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားသားများ နေထိုင်မှု ပိုမိုများပြားလာ

ကိုရီးယားသမ္မတနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် နိုင်ငံခြားသား အရေအတွက်သည်Daejeon မြို့တွင် အများဆုံးဖြစ်ပြီး ၁ ဒသမ ၅၃ သန်း အထိ နေထိုင်လျက်ရှိသည်။ စက်မှုမြို့ များဖြစ် သည့် Gyeonggi ပြည်နယ်၌ ကိုရီးယားလူမျိုး ၁၀ ဦးလျှင် နိုင်ငံခြားသားတစ်ဦးအချိုးဖြင့် နေထိုင် လျက်ရှိသည်။Dongok-dong  မြို့ပေါ် တွင် ကိုရီးယားလူမျိုးထက် နိုင်ငံခြား သားများနေထိုင်သည့် အရေအတွက်က ပိုမိုများပြားသည်။ကိုရီးယားသမ္မတနိုင်ငံတွင် လက်ရှိနေထိုင် လျက်ရှိသည့် နိုင်ငံခြား သား အရေအတွက်မှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလစာရင်းအရ ၁ç၇၄၁ç၉၁၉ ဦး ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၅ ရက်နေ့က ထုတ် ပြန်သော အစီရင်ခံစာအရ သိရှိရသည်။ ယခုစာရင်းမှာ ကိုရီးယားသမ္မတ နိုင်ငံအတွင်း ရက် ၉၀ ထက် ကျော်လွန်နေထိုင်သော နိုင်ငံခြားသားများကို စာရင်းကောက်ယူထားခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်က စာရင်းအရ နိုင်ငံ ခြားသား ၅၄၀ç၀၀၀ ဦးသာရှိခဲ့ရာမှ ယခုအခါ သုံးဆတိုး လာခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်က နိုင်ငံခြားသားများ နေထိုင်မှု အရေအတွက်သည် ကိုးနှစ် အတွင်း ၁၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာ သည်။ ကိုရီးယားနိုင်ငံတွင် တရုတ် လူမျိုး ၉၅၃ç၄၄၂ ဦး (၅၄ ဒသမ ၇ ရာခိုင်နှုန်း)၊ ဗီယက်နမ်လူမျိုး ၁၉၉ç၉၅၀ ဦး၊ အမေရိကန် ၇၃ç၁၅၃ ဦး၊ ဖိလစ်ပိုင်လူမျိုး ၇၀ç၆၁၀ ဦးတို့နေထိုင် လျက်ရှိကြသည်။         

  သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့