စင်ကာပူနိုင်ငံ၌ ငွေချေးလုပ်ငန်းများဆိုင်ရာစာရင်းအင်းဗျူရိုကိုတည်ထောင်မည်

စင်ကာပူနိုင်ငံ၌ စာရင်းအင်းနှင့်အသင်းအဖွဲ့များကြီးကြပ်မှုအာဏာပိုင်အဖွဲ့  (ACRA)  နှင့် ချိတ်ဆက်လျက် စီးပွားရေးလုပ်ငန်းများ၏ စာရင်းဇယားအချက်အလက်များအားပြုစုသည့် လုပ်ငန်းကိုဆောင်ရွက်နေသောDP Information Group  သည် ငွေချေးလုပ် ငန်းများ၏ကြွေးမြီဆိုင်ရာ စာရင်းအင်း ဌာန (Moneylenders Credit Bureau - MLCB) ကို ၂၀၁၆ ခုနှစ် တွင်စတင်တည်ထောင်လုပ်ကိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ဖော်ပြော ကြားလိုက်ပါသည်။DP Info လုပ်ငန်းစု ၏ကြေညာ ချက်တွင် စင်ကာပူနိုင်ငံ ဥပဒေရေး ရာ ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကြွေးမြီဗျူရိုကို ထူထောင်ရခြင်းဖြစ် ကြောင်း၊ လိုင်စင်ရငွေချေးလုပ်ငန်းရှင် များအနေဖြင့် ငွေချေးယူသူ ဖောက်သည် များထံ သို့ချေးငွေထုတ်ပေး မှုနှင့်  ငွေ ချးယူသူများ၏ ချေးငွေပြန်လည်ပေးဆပ်မှုဆိုင်ရာ ပြုမူဆောင်ရွက်ချက်များကိုMLCB သို့တင်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါ သတင်းအချက်အလက်များအား ဥပဒေရေးရာ ဝန်ကြီးဌာနက စုစည်းရ ယူမည်ဖြစ်သကဲ့သို့ အခြားသောလိုင်စင် ရ ငွေချေးလုပ်ငန်းရှင်များသည်လည်း ငွေကြေးချေးငှားရန် ၎င်းင်းတို့ထံ လျှောက် ထားမှုများအပေါ် အကဲဖြတ် စိစစ်ရာ၌ ရယူအသုံးပြုနိုင် မည်ဖြစ်ကြောင်း ဖော်ပြ ပါရှိပါသည်။ဥပဒေရေးရာဝန်ကြီးဌာန၏ အတိုင်ပင်ခံအဖွဲ့က မေလ ၂၉ ရက်နေ့ တွင် တင်ပြခဲ့သောငွေချေးယူသူများအား အကာအကွယ်ပေးမှုနှင့် ငွေကြေးချေး ငှားနိုင်မှုတို့ ဟန်ချက်ညီတိုးတက်စေရေးအပြီးသတ်အစီရင်ခံစာတွင်ကြွေးမြီ စာရင်းအင်းဗျူရို တည်ထောင်ရန်နှင့်ချေး ငွေအတိုးနှုန်းများလျှော့ချသတ်မှတ်ရန် ထောက်ခံအကြံပြုခဲ့ရာ MLCB အစီ အစဉ်သည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်ခဲ့ သောငွေချေးငှားမှုနည်း ဥပဒေအသစ် များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် လာခဲ့ပါသည်။ သို့ဖြစ်ရာ MLCB ၏ လုပ်ငန်းစဉ်များအရ ငွေချေးယူသူများ နှင့်ပတ်သက်၍ ချေးငွေပြန်လည်ပေးဆပ် ရန်စိတ်ချရမှု အခြားတစ်နေရာ၌ ငွေ ကြေးချေးယူလျက် ကြွေးမြီနစ်မွန်းမှုရှိမရှိ စသည့်အခြေ အနေများကိုငွေချေးလုပ် ငန်းရှင်များက စိစစ်နိုင်မည်ဖြစ်ပြီး ချေး ငွေရယူသူများအတွက်လည်း အကြွေး များစွာတင်ရှိကာ မတန်တဆအတိုးပေးရ သည့် အဖြစ်မျိုး မဖြစ်ပေါ်အောင် အကာ အကွယ်ပြုမည်ဖြစ်ပါသည်။DP Info မှအမှုဆောင်အရာရှိချုပ်Mr. Lincoln Teoကယခုအစီအစဉ် သည် ပွင့်လင်းမြင်သာရှိမှုကိုတိုးတက်စေသည့်အလျောက် တာဝန်ယူမှုရှိေ သာ ငွေကြေးေ ချး ငှား မှုများကိုပို မိုမြှင့်တင်ရာ တွင် အထောက်အကူပြု မည်ဖြစ်ကြောင်း၊ ထို့အပြင် ချေးငွေပြန် လည်ပေးဆပ်နိုင် ခြင်းမရှိသည့် ဖြစ်စဉ်များကိုလည်း လျော့ ပါးစေမည်ဖြစ် ကြောင်းပြောဆို ပါသည်။စင်ကာပူနိုင်ငံ၌ ငွေချေးငှားသူများ အက်ဥပဒေအရ နိုဝင်ဘာလ ၁ ရက်နေ့ အထိ ငွေချေးလုပ်ငန်း မှတ်ပုံတင်ထား သည့် လိုင်စင်ရငွေချေးလုပ်ငန်းပေါင်း ၁၇၀ ကျော်ရှိရာ လုပ်ငန်း ရှင် အများ အပြားကMLCB  ဗျူရိုတည်ထောင်မှု အစီအစဉ်ကို လက်ခံကြိုဆိုခဲ့ကြပါသည်။ ၎င်းင်းဗျူရိုထံမှ ငွေချေးယူသူများဆိုင်ရာ သတင်းအချက်အလက်များကို လိုင်စင်ရငွေချေးလုပ်ငန်း ရှင် များနှင့် ဥပဒေရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိသူများမှအပ အခြားမည်သည့် လုပ်ငန်းနယ်ပယ်ကမျှရယူနိုင်မည်မဟုတ်ကြောင်းDP Info  ၏ ဖော်ပြချက်အရ သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့