ဈေးနှုန်းတက်ရိပ်မတွေ့ရဘဲ အရောင်းအဝယ်လည်း ခပ်အေးအေးသာဆက်သွားနိုင်မယ့် မြန်မာ့ဆန်ဈေးကွက်

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့   လက်ကားဆန်ဈေးမှာ ဖျာပုံပေါ်ဆန်းလတ်စတစ်အိတ်ကို ၃၆၀၀၀ ကျပ်၊    ထိပ်စ  ၃၈၀၀၀ ကျပ်၊ မြောင်းမြ၊  ပုသိမ်ပေါ်ဆန်း   လတ်စ ၃၉၀၀၀ ကျပ်၊   ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၅၅၀၀ ကျပ်၊ ထိပ်စ ၃၆၅၀၀ ကျပ်တို့ဖြင့်ဈေးငြိမ်နေ ပြီး ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာ ၄၃၅၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင် တစ်ပတ်ထက်   တစ်အိတ်လျှင် ၅၀၀ ကျပ်ခန့်  ဈေးကျခဲ့တာ တွေ့ရပါတယ်။ ဆန်ချောကို မြို့တွင်းလက်လီဆိုင်သမား တွေအဝယ်ပါးနေလို့    ဈေးပါအေးပြီး အချို့  ဆန်တွေဈေး ကျရတာဖြစ်ကြောင်း၊ ဧည့်မထလတ်စ   တစ်အိတ် ၁၉၅၀၀ ကျပ်၊ ထိပ်စ ၂၀၇၀၀ ကျပ်၊ မိုးသုခ ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်တို့ဖြင့် ဈေးဆက်ငြိမ်နေသော်လည်း မီး ကောက် တစ်အိတ် ကို ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ကျပ်၊ ဆင်းသွယ်လတ် ၂၁၅၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်၊ နွေဆန်ရှယ် ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အတွင်း ဖြစ်ခဲ့ကြလို့      ယခင်တစ်ပတ်ထက် တစ်အိတ်လျှင် ၃၀၀ ကျပ် မှ ၅၀၀ ကျပ် အတွင်းဈေးပြန်ကျလာခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOBနဲ့  တရုတ်လိုင်း အတွက်အဝယ်လျော့သွားလို့ ဆန်ကြမ်းစ အချို့  ဈေးပြန်ကျရတာဖြစ်ကြောင်း၊    ငစိန် လတ်စ  တစ်အိတ်ကို၂၁၀၀၀ကျပ်၊ ထိပ်စ ၂၁၅၀၀ ကျပ်ဖြစ်ခဲ့လို့    ယခင် တစ်ပတ်ထက် ၁၀၀၀ ကျပ်မှ  ၁၅၀၀ ကျပ်အတွင်း  ဈေးဆက်တက်လာတာ တွေ့ရပါတယ်။ ဒီလိုငစိန်ဈေး တက်ခဲ့ရ တာ ယခင်တရုတ်လိုင်းအတွက် ကြိုက် လို့အဝယ်ရှိခဲ့ခြင်း၊ ငစိန်ဆန်မှာအဝင် နည်းလေ့ရှိခြင်းနှင့်  မုန့်သမားတွေက   ပုံမှန်အသုံးရှိနေခြင်းများကြောင့် ဈေး တက်ရ တာဖြစ်ေ ကြာင်း၊   တရုတ်လိုင်း မူဆယ်မှာ ရောက်နေပြီးသားဆန်တွေ တောင် မရောင်းရသေးတာတွေရှိနေလို့ ယခင်လိုမသွားတော့ကြောင်း၊ ဝါးတန်း ဒိုင်သို့   ဆန်ပုံမှန်ဝင်ရောက်နေသော် လည်း လက်ကားသမားရော လက်လီ ဆိုင်သမားတွေပါ အဝယ်အေးနေတယ် လို့   ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါ တယ်။ရန်ကုန်ဈေးကွက် အတွင်း ဧည့် မထ မြန်မာ ၂၅မှတ်(ပြည်ပ) ဆန်တစ် အိတ် ၅၀ ကီလိုကို  ၁၆၅၀၀ ကျပ်မှ ၁၆၈၀၀ ကျပ်ခန့်ဈေးရှိပြီး ယခင်တစ် ပတ်ထက်  တစ်အိတ်လျှင် ၃၀၀ ကျပ် ခန့်ဈေးကျခဲ့သော်လည်း    အရောင်း အဝယ် တော်တော်အေးေ နကြောင်း ၊EMATA MYANMAR 75% FOB (YANGON) 310/315 USD/ MT   rS 330/340 USD MT   ခန့်ဈေးရှိသော် လည်း ရန်ကုန်FOB ဈေးကွက်မှာ ဈေးလုံးဝငြိမ်နေကြောင်း  ဆန်ဈေး ကွက်မှ  သိရှိရပါတယ်။တရုတ်လိုင်းဖြစ်တဲ့ မူဆယ်ဆန် ဈေးကွက်မှာ ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်နေ့ထိ ကုန်စည်ဒိုင်ဈေးနှုန်းမထွက် နိုင်ကြောင်း၊    မူဆယ်ဆန်စပါးကုန် စည်ဒိုင်သို့ မြန်မာဘက်မှ ကုန်သည်များ ပုံမှန်လာရောက်ကြသော်လည်း တရုတ် ဘက်မှ   ကုန်သည် တစ်ဦး၊   နှစ်ဦး လောက်သာ အခြေအနေလာကြည့်ပြီး ပြန်သွားကြကြောင်း၊   မူဆယ်၌  ဆန် အ ရောင်းအဝယ်  မဖြစ်သည်မှာ တစ် ပတ်ကျော်သွားပြီဖြစ်ကြောင်း၊  ယနေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၁၉၂ ဒသမ ၆၈ ကျပ်ခန့်ရှိနေပြီး ယခင်တစ်ပတ်ထက် ၃ ဒသမ ၂၉ ကျပ် ဆက်တက်ခဲ့ကြောင်း၊     ယခုတစ်ပတ် အတွင်း   ပြည်တွင်းနယ်စုံမှ    မူဆယ် သို့ ဆန်အဝင်တန်ချိန် ၁၂၁၀၀ ကျော် ဝင်ရောက်ခဲ့ပြီး  ယခင်တစ်ပတ်ထက် တန် ၈၀၀၀ ခန့်သိသာစွာ လျော့နည်း သွားပြီဖြစ်ကြောင်း၊ မူဆယ်ရှိ သိုလှောင် ရုံများမှာလည်း လက်ကျန်ဆန်များနှင့် ပြည့်နေပြီဖြစ်ကြောင်း၊ ဇူလိုင် ၁၀ ရက် နေ့ ရန်ကုန်-မူဆယ် ဆန်တင်ဆောင်ခ မှာ တစ်တန်လျှင် ၆၀၀၀၀ ကျပ်ခန့်ဖြစ် ခဲ့ပြီး   ယခင်တစ်ပတ်ထက် ၁၃၀၀၀ ကျပ်ခန့်   ဈေးဆက်ကျလာခဲ့ကြောင်း၊ မူဆယ်သို့ ဆန်တင်ပို့မှုမှာ ယခင်ထက် သိသာစွာပါးသွားလို့ သယ်ယူခတွေ လိုက်ကျလာရတာဖြစ်ကြောင်း၊ မူဆယ် ဆန်ဈေး ကွက်ရှေ့အလားအလာအနေ ဖြင့် တရုတ်ဘက်မှာ ဆန်လိုအပ်ချက် ရှိနေသော်လည်း    ယခင်တစ်ပတ် အတွင်း အဖမ်းအဆီးနှင့် အခြားအခြေ အနေများကြောင့်      ရှေ့ဘာဖြစ်မည် မပြောနိုင်/မခန့်မှန်းနိုင်ကြောင်း မူဆယ်ဆန်ဈေးကွက်မှ    ကြားသိရပါ တယ်။ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ်   ဧပြီလ ၁ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့ထိတန်ချိန် ၅၂၇၉၄၀ ကျော်၊ တန်ဖိုး   အမေရိကန်ဒေါ်လာ ၁၈၂ သန်းကျော်   ရရှိနေကာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၁၉၉၉၄၀ ကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၆၁ သန်းကျော်ဖိုး ပိုမိုတင်ပို့ ထားနိုင်တာ  တွေ့ရပါတယ်။ မြန်မာ့ ဆန်ဈေးကွက် ရှေ့အလားအလာအနေ ဖြင့် ''ဈေးနှုန်းတက်ရိပ်  မတွေ့ရဘဲ အရောင်းအဝယ်လည်း ခပ်အေးအေး သာဆက်သွားနိုင်မယ့် မြန်မာ့ဆန်ဈေး ကွက်'' ဟု သုံးသပ်မိကြောင်းပါခင်ဗျား။
သန်းအေး(ဆန်စပါး)