အမေရိကန်နှင့် ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဖိုရမ်ကျင်းပ

အမေရိကန်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နံှမှုတိုးမြှင့်စေရန် ရည်ရွယ်လျက် ဗီယက်နမ်နိုင်ငံမှ တာဝန်ရှိသူများနှင့်           အမေရိကန်စီးပွားရေးလုပ်ငန်းများရှင် များတွေ့ဆုံသည့် ဖိုရမ်ကို စက်တင်ဘာ ၆ ရက်နေ့က ဝါရှင်တန်ဒီစီ၌ ပြုလုပ်ခဲ့ပါ သည်။အဆိုပါဖိုရမ်သို့ ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန် ကြီး  Nguyen Chi Dung တက် ရောက်၍ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံ၌ အစိုးရသစ်တက်ပြီး လေးလခန့်ကာလ အတွင်း အမေရိကန်နိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်-ဗီယက်နမ်  ဆက်ဆံရေး ပုံမှန်ပြန်လည်ရောက်ရှိသည့် အချိန်မှ စ၍ ယခုအချိန်အထိ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြင့်လာ ခဲ့ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် အကောက်ခွန် ၉၃ ရာခိုင်နှုန်းေ လျှာ့ချ နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် TPP ကို အလေးထားပါ ကြောင်းနှင့်Digital Economy မှ အကျိုး ကျေးဇူးများ ဖြစ်ထွန်းအောင်ဆောင် ရွက်ခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ မိမိတို့အနေဖြင့် စီးပွားရေးတည်ဆောက်မှု ပုံသဏ္ဍာန် ပြန်လည်ပြုပြင်ရန်ရှိကြောင်း၊ ရေရှည် တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုရရှိရန် ဝင်ငွေအလယ်အလတ်အဆင့် ရှိသည့်လုပ်ငန်းများအပေါ် စိန်ခေါ်မှု များနှင့် ရာသီဥတုပြောင်းလဲမှုတို့အား အလေးထားဖြေရှင်းရန် ရှိကြောင်း၊ ဗီယက်နမ် နိုင်ငံသည် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော လုပ်သားအင်အား စည်းမျဉ်း ပြဋ္ဌာန်းချက်များပွင့်လင်းမြင်သာရှိမှု၊ နိုင်ငံရေးနှင့်  စီးပွားရေးတည်ငြိမ်မှု စသည့် အချက်များကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင် မှုရှိသော လုံခြုံမှုပေးနိုင်သော ရင်းနှီး မြှုပ်နှံမှုနေရာဖြစ်ကြောင်း၊အသေးစား နှင့် အလတ်စား လုပ်ငန်းများ ထောက်ပံ့ ပေးနိုင်ရန် ဥပဒေ ရေးဆွဲလျက်ရှိကြောင်း၊TPP  နှင့်စပ်လျဉ်း၍  ဗီယက်နမ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေ မည့် စီးပွားရေးတိုးချဲ့ဆောင်ရွက်မှု ပြုမည်ဆိုသည့် မူဝါဒရှိကြောင်း ပြော ကြားခဲ့ပါသည်။

ဥမ္မာအေး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့