၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လောင်စာဆီဝယ်လိုအား မြင့်တက်နိုင်သော်လည်း ဈေးနှုန်းသည် ပုံမှန်အခြေအနေတွင်ရှိမည်

ရေနံတင်ပို့ရောင်းချသည့်နိုင်ငံ များအဖွဲ့ (OPEC)သည် ၂၀၁၇ ခုနှစ် တွင် ၎င်းင်းတို့၏ရေနံထုတ်လုပ်မှုကို သိသိသာသာလျှော့ချမည်ဖြစ်သော် လည်း ရေနံစိမ်းတစ်စည်လျှင် အမေ ရိကန်ဒေါ်လာ ၄၂ မှ ၅၅ ဒေါ်လာ အကြားရှိ မည် ဟု ထိုင်းနိုင်ငံရှိ စွမ်းအင် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြောင်း တွေ့ရှိရပါသည်။
၂၀၁၇ ခုနှစ်အတွင်း လောင်စာ ဆီဈေးနှုန်းသည် ထူးထူးခြားခြား မြင့်တက်မှုမရှိနိုင်သကဲ့သို့  ရေနံဓာတ် ငွေ့ရည် ူဏွ ဈေးနှုန်းသည်လည်း တစ်တန်လျှင် ပျမ်းမျှအမေရိကန် ဒေါ်လာ ၄၀၀ သို့မြင့်တက်၍ ၂၀၁၆ ခုနှစ် ဈေးနှုန်း ထက်အနည်းငယ်သာ မြင့်တက်နိုင်ပါသည်။ လောင်စာဆီဝယ် လိုအားမှာ မြင့်တက်လာမည်ဖြစ်သော် လည်း ဓာတ်ဆီနှင့် ဒီဇယ်ဆီများ၏ ဝယ်လိုအားမှာ ပုံမှန်အခြေအနေတွင် ရှိပါမည်။
ပြည်တွင်း၌ လောင်စာဆီဝယ် လိုအား မြင့်တက်လာမည့် ထိုင်းနိုင်ငံ တွင်လည်း စွမ်းအင်ကဏ္ဍ၏ ရင်းနှီး မြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ရာ LPG Terminal  နှင့်  ငါးခုမြောက်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် ရန် အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဘတ် သန်းတစ်ရာကို သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းဒေသတွင် ရေနံပိုက်လိုင်း များ တည်ဆောက်ရန်အတွက် ဘတ် သန်း ၂၀ ကိုလည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပါသည်။
ထို့နောက်နိုင်ငံပိုင် PTT စွမ်းအင် ကုမ္ပဏီအနေဖြင့်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စုစုပေါင်းဘတ် ၃၂၇ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါ သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စုစုပေါင်းဘတ် ၃၃၉ ဘီလီယံကို ရင်းနှီး မြှုပ်နှံမည်ဖြစ်ရာ ၅၅ ရာခိုင်နှုန်းကLPG Terminal  နှင့် ဓာတ်ငွေ့ပိုက်လိုင်း များ တိုးချဲ့တည်ဆောက်ရန်အတွက် သုံးစွဲ၍ကျန် ၄၅ ရာခိုင်နှုန်းကို ပလပ် စတစ်၊ ဇီဝဓာတုပစ္စည်းများ၊ ချောဆီနှင့်  ရေနံစီးပွားရေး လုပ်ငန်းအသစ်များ အတွက် သုံးစွဲရန် လျာထားပါသည်။ ရှေ့လာမည့် ဆယ်စုနှစ်အတွင်း ထိုင်း နိုင်ငံ၏ ဓာတ်ငွေ့ ဝယ်လိုအားသည် အလွန်မြင့်တက်လာမည်ဖြစ်ရာ နိုင်ငံ ပိုင်စွမ်းအင်ကုမ္ပဏီများဖြစ်သောPTT နှင့်PTTEP  စွမ်းအင်ကုမ္ပဏီတို့သည် သဘာဝဓာတ်ငွေ့အရင်းအမြစ် ရှာဖွေ ရေး လုပ်ငန်း၊LPG Terminal  များတည် ဆောက်ရေးအတွက် လေ့လာမှုနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် များကို ၂၀၁၈ ခုနှစ်တွင် စတင်မည်ဖြစ် ပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့