ဒီတစ်ပတ် နို့ဆီအဝင်ပိုပြီး နို့မှုန့်အဝင်လျော့

        သြဂုတ်လ ၅ ရက်မှ ၁၂ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ် လာ ၉၁၁၈၈၀တန်ဖိုးရှိ နို့ဆီ ၆၅၆ဒသမ  ၆၃၉တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ် အိုကေနို့ဆီ၂၁၈ဒသမ ၈၇၉နဲ့  ဒွန်းနို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်း ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန်၂၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၃၉၀ ကျော် တင်သွင်းမှုပိုခဲ့တယ်လို့ သိရတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာနယူး ဇီလန်နိုင်ငံမှ ၅၀ ဒသမ ၂၀ တန်၊မလေး ရှားနိုင်ငံမှ ၂၈ဒသမ၉၆၂တန်နဲ့စင်ကာပူ နိုင်ငံမှ ၁ ဒသမ ၂၈၈ တန်၊ စုစုပေါင်း ၈၀ ဒသမ ၄၅ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၁၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ၁၉ တန်ကျော် အဝင်လျော့ ခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)