မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၄၉၅၃၀.၅၆၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၃.၈၉၇)သန်း၊ နယ်စပ်မှ (၁၀၉၆၈၈.၇၆၆)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၂.၉၈၄)သန်း၊ စုစုပေါင်း (၄၅၉၂၁၉.၃၂၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၆.၈၈၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၄-၆-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၆၆.၄၃၃ | ၄.၁၀၀ | ၇၀.၅၃၃ | |
ကီလို | ၈၂၀၈၄.၇၅၂ | ၄၅၀၁.၁၁၀ | ၈၆၅၈၅.၈၆၂ | |||
၂ | ပဲတီစိမ်း | US$ | ၁၂၉.၉၃၉ | ၄၆.၇၇၃ | ၁၇၆.၇၁၂ | |
ကီလို | ၁၆၃၀၆၁.၉၂၇ | ၆၇၁၇၇.၂၉၃ | ၂၃၀၂၃၉.၂၂၀ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၅.၀၅၈ | ၀.၁၃၃ | ၅.၁၉၁ | |
ကီလို | ၆၈၉၈.၁၈၅ | ၁၉၅.၅၀၀ | ၇၀၉၃.၆၈၅ | |||
၅ | ကုလားပဲ | US$ | ၁၁.၁၂၇ | ၀.၀၂၇ | ၁၁.၁၅၄ | |
ကီလို | ၁၆၀၃၇.၈၁၅ | ၄၃.၀၀၀ | ၁၆၀၈၀.၈၁၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၉.၄၀၁ | ၀.၈၄၃ | ၁၀.၂၄၄ | |
ကီလို | ၁၂၉၄၁.၁၂၃ | ၂၁၄၀.၂၀၃ | ၁၅၀၈၁.၃၂၆ | |||
၇ | မြေထောက်ပဲ | US$ | ၁၇.၆၈၇ | ၇.၅၃၈ | ၂၅.၂၂၅ | |
ကီလို | ၂၄၂၂၄.၅၀၅ | ၁၁၉၄၀.၈၆၀ | ၃၆၁၆၅.၃၆၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၂.၅၈၄ | ၂.၃၉၄ | ၁၄.၉၇၈ | |
ကီလို | ၁၄၆၅၂.၅၀၂ | ၄၄၀၁.၂၀၀ | ၁၉၀၅၃.၇၀၂ | |||
၉ | ပဲယင်း | US$ | ၁၁.၅၀၀ | ၂.၉၇၂ | ၁၄.၄၇၂ | |
ကီလို | ၁၅၆၅၆.၅၁၃ | ၆၄၉၇.၅၀၀ | ၂၂၁၅၄.၀၁၃ | |||
၁၀ | ပဲကြီး | US$ | ၂.၈၂၇ | ၁.၁၉၁ | ၄.၀၁၈ | |
ကီလို | ၃၉၈၇.၅၃၀ | ၂၁၇၀.၉၂၀ | ၆၁၅၈.၄၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၄၅ | ၀.၀၀၀ | ၀.၂၄၅ | |
ကီလို | ၃၅၅.၇၀၀ | ၀.၀၀၀ | ၃၅၅.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၀၂ | ၀.၉၀၂ | ||
ကီလို | ၁၅၈၄.၅၃၀ | ၁၅၈၄.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၆၂ | ၀.၀၀၀ | ၀.၁၆၂ | |
ကီလို | ၂၃၂.၆၇၀ | ၀.၀၀၀ | ၂၃၂.၆၇၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၅၀၁ | ၀.၀၀၀ | ၃.၅၀၁ | |
ကီလို | ၄၇၀၆.၆၇၀ | ၀.၀၀၀ | ၄၇၀၆.၆၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၇၃၄ | ၁.၇၃၄ | ||
ကီလို | ၄၃၆၅.၂၅၀ | ၄၃၆၅.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၅၆ | ၀.၄၅၆ | ||
ကီလို | ၅၉၆.၁၀၀ | ၅၉၆.၁၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၅ | ၀.၀၉၅ | ||
ကီလို | ၁၁၆.၂၅၀ | ၁၁၆.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၂၆ | ၅.၁၄၀ | |
ကီလို | ၁၅၂၇.၆၀၀ | ၃၉၅၉.၀၅၀ | ၅၄၈၆.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၀၈ | ၀.၀၀၀ | ၀.၅၀၈ | |
ကီလို | ၉၀၈.၁၃၄ | ၀.၀၀၀ | ၉၀၈.၁၃၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၇၃.၈၉၇ | ၇၂.၉၈၄ | ၃၄၆.၈၈၁ | ||
ကီလို | ၃၄၉၅၃၀.၅၆၁ | ၁၀၉၆၈၈.၇၆၆ | ၄၅၉၂၁၉.၃၂၇ |