တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်နိုင်မှု

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (စက်တင်ဘာလ ၁ ရက် မှ စက်တင်ဘာလ ၂၆ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၁.၉၈၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅.၁၀၉) သန်း၊ ကုန်သွယ်မှု ပမာဏကန်ဒေါ်လာ(၇.၀၉၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။(၂၆-၉-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တင်ပို့ မှုအနေဖြင့် ကြက်သွန်ဖြူ(၇၀) တန်၊ တန်ဖိုး (၀.၁၅၃)ဒေါ်လာသန်း၊ ရော်ဘာ (၂၀) တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ ကတ်ထူစက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့် ပလပ်စ တစ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲ နှုန်းအနေဖြင့်(၂၆-၉-၂၀၂၃)ရက်နေ့တွင်ကျပ်(၁) သိန်းလျှင် (၁၀၈၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ် ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ၂၆-၉-၂၀၂၃ ရက်နေ့တွင် သွင်းကုန်(၀.၀၇၈)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ အဓိကတင်သွင်းသည့်သွင်းကုန်ပစ္စည်းများ မှာစက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဘိလပ်မြေ (၆၅၀) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊Disc Plough Set (၅၀) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း၊ မီးခံအုတ် (၂၀.၀၀) တန်၊တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား(၉.၄၆၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂)ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ(၁.၅)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်းနှင့် အခြားပစ္စည်း များ ကန်ဒေါ်လာ (၀.၀၁၄) သန်းတင်သွင်းခဲ့ပါသည်။