ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၀၄ရက်နေ့မှ၀၈ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၀၁၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၀၉၇)သန်းနှင့်သွင်းကုန်တန်ချိန်(၃၂)၊ BBL (-)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၇) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၃.၁၁၄) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ကြိမ်တန်ချိန် (၅၉.၀၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၀၀) ၊ (၁) တန်ဈေးနှုန်း (၅၀.၈၄) အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန်(၄၇.၃၈၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၅၆၃၈၂.၂၀)၊ (၁) တန်ဈေးနှုန်း (၁၁၉၀) အမေရိကန်ဒေါ်လာ၊ ပလာတူးခက် တန်ချိန် (၄၀၆.၈၂၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၉၅၂၈.၂၅၀)၊ (၁)တန်စျေးနှုန်း (၈၁၀) အမေရိကန် ဒေါ်လာ၊ ညိုချောငါး တန်ချိန်(၂၁.၅၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၈၉၃၇.၆၀)၊(၁)တန်စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန် (၁၀.၀၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၆၈၃၃.၆၀)၊ (၁)တန် စျေးနှုန်း(၁၆၇၀)အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန် (၉၅.၅၆၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၂၃၂၇၂.၄၀၀)၊ (၁)တန်စျေးနှုန်း (၁၂၉၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ်ငါးတန်ချိန် (၃.၁၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၈၃၆.၀၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးပါကင်တန်ချိန် (၁၆၁.၉၅၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၂၀၂၈.၅၀)၊ (၁)တန်စျေးနှုန်း (၆၃၀) အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၃.၆၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၈၀၆၄.၀၀)၊ (၁)တန်စျေး နှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန် (၃.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၄၀၄.၄၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာငါးဖမ်းပိုက်တန်ချိန်(၂)၊တန်ဖိုး အမေရိကန် ဒေါ်လာ (၂၀၀၀) ၊ (၁) တန်ဈေးနှုန်း (၁၀၀၀) အမေရိကန်ဒေါ်လာ၊ပီလောပီနံမှုန့် တန်ချိန် (၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၀၀၀) ၊ (၁) တန် ဈေးနှုန်း (၅၀၀) အမေရိကန်ဒေါ်လာဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

 ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၉-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၀၄.၉)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၀.၅) ကျပ်ခန့် (၈-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် မြန်မာငွေ (၁) ကျပ်ခန့် မြင့်တက်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။