ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များသင်တန်း (သတင်းအပြည့်အစုံ)

ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေများအကြောင်းသိရှိစေရန် ရည်ရွယ်၍  ဖွင့်လှစ်ရ စခြင်းဖြစ်ပါသည်။

၃။         ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ (၂၃) ရက်နေ့တွင်  နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) နာရီထိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။       အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးသိန်း မှ သင်ခန်းစာများကို ပို့ချ ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၄) ဦးတို့ တက်ရောက်ခဲ့ ပါသည်။