မူပိုင်ခွင့် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဌာနအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊  နိုဝင်ဘာလ ၄
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့တို့၌ ကျင်းပပြုလုပ်မည့် “မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဌာနအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲ” သို့ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပါသည်။
    အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား မူပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်း များ၊ မူပိုင်ခွင့်ဆိုင်ရာ အထောက်အကူပြုရေးနှင့် စီမံခန့်ခွဲရေးကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ နည်းပညာအထောက်အကူပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ဆွေးနွေးဖလှယ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
    မြန်မာနိုင်ငံမှ တက်ရောက်သော ကိုယ်စားလှယ်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာလျှောက်လွှာများ စစ်ဆေးနိုင်ရန် အတွက် လိုအပ်သော နည်းပညာအထောက်အကူများ ရရှိနိုင်ရေး၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊  မူပိုင်ခွင့်ဆိုင်ရာ အကယ်ဒမီဖွင့်လှစ်နိုင်ရေး၊ အနာဂတ်တွင် ကျွမ်းကျင်သော မူပိုင်ခွင့်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊  ယူနန်ပြည်နယ်နှင့်ကွမ်တုန်းပြည်နယ် များရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများပါဝင်သော စီမံချက်နှင့် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးစသည့် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ မူပိုင်ခွင့်နှင့်ဆက်နွယ်သည့် တက္ကသိုလ်များနှင့် မူပိုင်ခွင့်ရုံးသို့လည်းကောင်း၊ ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့ရှိ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်ရုံးများနှင့် မူပိုင်ခွင့်ရုံးသို့လည်းကောင်း သွားရောက်လေ့ လာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။