မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) အား Living Document အဖြစ် အောင်မြင်စွာ ရေးဆွဲထုတ်ပြန်ခြင်း

၁။    မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကဏ္ဍအသီးသီးတွင် ဒီဂျစ်တယ်အသွင်သို့ ကူးပြောင်းဆောင်ရွက်ခြင်း အားဖြင့် အားလုံးပါဝင်သည့် ဒီဂျစ်တယ်စီးပွားရေး ပီပြင်စွာပေါ်ထွန်းလာစေပြီး ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်း၍ နည်းပညာများဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်နှင့် အညီ သုံးသပ်ပြင်ဆင်ရေးဆွဲထားသည့် မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030)အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ခွင့်ပြုမှုအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် Living Document  အဖြစ် အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါသည်။ 
၂။    မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ စီးပွားရေးဦးတည်ချက်(၃)ရပ်နှင့် အညီလည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံဒေသတွင်းတွင် ဆွေးနွေးညှိနှိုင်း သဘောတူ ထားသည့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ကတိကဝတ်များ နှင့်လည်းကောင်း ချိန်ညှိ၍ လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဥ် များအဖြစ် မျှော်မှန်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030)သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ၂၀၃၀ ပြည့်နှစ်အထိ မျှော်မှန်းပြုစုထားခြင်းဖြစ်ပါသည်။ မြန်မာ ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030)တွင် မဟာဗျူဟာမျှော်မှန်းချက်(၁)ရပ်၊ မဟာဗျူဟာရည်မှန်းချက်(၁)ရပ်၊ အဓိကရည်ရွယ်ချက်(၆)ခု၊ ဦးစား ပေးကဏ္ဍ(၉)ခု၊ မဟာဗျူဟာမဏ္ဍိုင်(၉)ခု၊ မဟာဗျူဟာပန်းတိုင်(၂၂)ရပ်နှင့် လုပ်ငန်းစဥ်(၇၇)ခု တို့ပါဝင် ပါသည်။
၃။    မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀(Myanmar Digital Economy Roadmap 2030) တွင်ပါဝင်သော လုပ်ငန်းစဥ်များအား သတ်မှတ်ကာလအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ရေး အတွက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(Digital Economy Development Committee – DEDC)အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများမှအဖွဲ့ဝင်များ၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့မှ တတ်သိပညာရှင် များနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံးတို့က တက်ကြွစွာဆက်လက် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။    

 ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ


မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀


Myanmar Digital Economy Roadmap 2030.pdf