တံတားဦးမြို့နယ်ထွက် ရာသီပေါ်ပဲမြစ်များ အရောင်းအဝယ်ကောင်း၍ အကျိုးအမြတ်ရ

          မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မကျီးတောကျေးရွာတွင် ပဲမြစ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

ပဲမြစ်ကို စနယ်မြေအမျိုးအစား မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ဇွန်လနှင့် ဇူလိုင်လ များတွင် စတင်စိုက်ပျိုးကာ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို စိုက်ပျိုးကြကြောင်း၊ ပဲမြစ် တစ်ဧကလျှင် မျိုးနှစ်တင်းခွဲခန့် စိုက်ပျိုး ရပြီး မျိုးတစ်တင်းလျှင် ငွေကျပ် ၁၁၀,၀၀၀−၁၂၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ပဲမြစ်စိုက်ပျိုး ရာတွင် မြေဘောင်များ ပြုလုပ်၍ အစေ့ချစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ပဲမြစ်တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းကျပ် ခန့်ကုန်ကျပြီး ပိဿာချိန် ၆၀၀၇၀၀ ခန့် ထွက်ရှိကြောင်း၊ ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် ပဲမြစ် တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀၆,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၂၀၂၅ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် ထွက်ရှိလာသော ပဲမြစ်များကို တံတားဦး မြို့ပေါ်ရှိ သီးနှံပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များသို့ အများဆုံး တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်ထွက် ပဲမြစ်များသည် အခြားဒေသမှထွက်ရှိသော ပဲမြစ်များထက် အရွယ် အစားသေးငယ်ကာ အရသာပိုမိုကောင်းမွန်သည့်အတွက် အရောင်းအဝယ်ကောင်းမွန်လျက်ရှိပြီး အကျိုးအမြတ်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)