ကလေးမြို့တွင် ယက္ကန်းနည်းပညာပေးသင်တန်းဖွင့်လှစ်မည်

   ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူးရုံး၊ ကလေးမြို့တွင် ယက္ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချပေး မည်ဖြစ်ပါ သည်။

  ၎င်းသင်တန်းအား  မြို့ပေါ်  ၁၉ ရပ်ကွက်မှ တစ်ရပ်ကွက်လျှင်  သင်တန်းသားနှစ်ဦး တက်ရောက်နိုင်ကြောင်း၊ လက်ရှိ ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေသူများလည်း တက်ရောက်နိုင်ကြောင်း၊  ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ ကလေးဝနှင့် တမူးမြို့နယ်မှ သင်တန်းသားများလည်း တက်ရောက်ကြ မည်ဖြစ်ပါသည်။

   သင်တန်းသား ၅၀ ဦးလက်ခံသင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို ယက္ကန်းသင်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၄ ဦးဖြင့်  သင်ကြားပို့ချမှာဖြစ်ပါတယ်။ ယက္ကန်းနည်း ပညာပေးသင်တန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်း၊ တိုင်းဒေသကြီးအစိုးရ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီး ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ပြီးသင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

   သင်တန်းကာလကို ဇန်နဝါရီ ၂၆ရက်မှ ၃၀ ရက်အထိ သင်ကြားပို့ချပြီး ၎င်းသင်တန်းတွင် အရည်အသွေးအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်လျက် ပြည်တွင်းသာမ က ပြည်ပနိုင်ငံများပါ တင်ပို့ရောင်းချနိုင်စေရန် ယက္ကန်းခေတ်ပညာတစ်ဖက်ကမ်းရောက်အောင် နှပ်ကော်ယက်သွားဖောက်နည်း၊ ဖဲ့လွှာကောက် အပွင့်ဖော်နည်း၊   ခြားဆွဲနည်း၊ အရောင် ဆွဲများပေါင်းစပ်နည်း၊ တိုင်းရင်းသားပေါင်းစုံ၏ ဒီဇိုင်းနည်းနှင့် အခြားလိုအပ်သော ပညာရပ်အစုံကိုသင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

စန္ဒာမွန်၊ ကလေးမြို့