မြဝတီနဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်

   မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဇန်နဝါရီ လ  ၁၀ ရက်မှ ၁၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၃၈၈ သန်း တန် ဖိုးရှိ ရေထွက်ကုန်  ၃၄၈၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၇၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းများအလိုက် ဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ  သုည ဒသမ  ၁၆၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ  ၉၁ တန် နီးပါး၊ ကဏန်း ၁၁ တန်ကျော်၊ ပုစွန် ၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကုန် သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ပင်လယ်ငါးမှုန့် ၇ တန်ကျော်၊ ရေဘဝဲ  ၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်း ယှဉ်ပါက တန်  ၅၇၀ ကျော်လျော့နည်း     တင်ပို့ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၀၉ တန် ကျော်၊ ရေငန်ပုစွန် ၉၄ တန်ကျော်၊ ကင်းမွန် ၃၉ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ငါးမှုန့်တန် ၉၆၀၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးခြောက် ၉ တန်ကျော်၊ ကဏန်းနီ ၈၉ တန်ကျော်၊ ကဏန်းပျော့  ၅၅ တန်ကျော်၊ ခရုအသား ၁ တန်ကျော် နဲ့ သဲကဏန်း အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက ၁၇၄၅ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)