မယ်ယန်းစစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်းပေါ်က သုံးဘီးယာဉ် ၂စီးပေါ်မှ လူသုံးကုန်များ ဖမ်းဆီးရမိ

   တာချီလိတ်-ကျိုင်းတုံလမ်းမကြီးတောင်သုံးလုံးကျေးရွာအနီးမှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိ ဦးစီးသောအဖွဲ့ဟာ  ကင်းပုံးဝပ်စောင့်ဆိုင်းနေစဉ် သုံးဘီး ယာဉ် ၃ဟ/xxxx နဲ့ ၄ဟ/xxxx တို့အားတားဆီးစစ်ဆေးရာမှာ ပိတ်လိပ် အဝတ်အထည်၊ နေရောင်ကာလိုက်ကာစနဲ့  Wall Covering တို့ အား သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၈ သိန်းကျော်တန်ဖိုးရှိပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ်အကောက်ခွန် ရုံးသို့ အပ်နှံထားပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA