ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် နယူးဇီလန် စိတ်အားထက်သန်လျက်ရှိ

နယူးဇီလန်နိုင်ငံသည် အာဆီယံဒေသအတွင်း၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့နိုင်ရန်အတွက် လျင်မြန်စွာဖွံ့ဖြိုးလာသော အာဆီယံနိုင်ငံများနှင့်ချိတ် ဆက်နိုင်ရန် ထိုင်းနိုင်ငံအား ဗဟိုအချက်အချာ နေရာအဖြစ် အသုံးပြုရန် မျှော်လင့်ထားပါသည်။ နယူးဇီလန် လုပ်ငန်းရှင် များသည် စုစုပေါင်း လူဦးရေ ၆၃၃ သန်း ရှိသော အာဆီယံဒေသတွင်းနိုင်ငံ များမှ အမြတ်အစွန်းများရယူနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်  စိတ်ဝင်စား လျက်ရှိကြကြောင်း ထိုင်းနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။အာဆီယံ၌ ဈေး ကွက်ဝေစု ပိုမိုရရှိရန် ထိုင်းနှင့်နယူးဇီလန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများစွာရှိကြောင်း ဥပမာအားဖြင့် နယူးဇီလန်သည် စားသောက်ကုန်များစွာ တင်ပို့လျက်ရှိကြောင်း၊ ထိုင်း ကုမ္ပဏီအများစုသည် နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်သည့် စားသောက်ကုန် များကို (၎င်းင်းတို့ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက်) အသုံးပြုကြကြောင်း၊ သို့ဖြစ်ရာ စားသောက်ကုန်လုပ်ငန်းတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းရှိကြောင်း နယူးဇီလန် သံအမတ်ကြီးက သုံးသပ်ခဲ့ပါသည်။အာဆီယံနိုင်ငံများ အနက် ထိုင်းနိုင်ငံသည် နယူးဇီလန်၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် အားလျော်စွာ နယူးဇီလန် ရင်းနှီး မြှုပ်နှံသူများအနေဖြင့် မော်တော်ကားထုတ်လုပ်ခြင်း  လုပ်ငန်းကိုလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ၂၀၁၄ ခုနှစ်၌ နှစ်နိုင်ငံကုန် သွယ်မှုပမာဏ သည် နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံ (ဘတ် ၅၇ ဒသမ ၃ ဘီလီယံခန့်) ရှိကြောင်း သိရှိရပါသည်။နယူးဇီလန်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ အဓိက တင်သွင်းသော ပစ္စည်းများ တွင် မော်တော်ယာဉ်များ၊ တာယာများ၊ ပိုလီမာ၊ လေအေးပေး စက်များ ကြာရှည်ခံအောင်ပြုလုပ်ထားသော ငါးများပါဝင်ကြောင်း နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အား ပိုမိုကောင်း မွန်လာစေရန်အတွက် နှစ်နိုင်ငံစလုံးမှ ဆွေးနွေး ညှိနှိုင်းဆဲဖြစ်ကြောင်း၊ ဝန်ဆောင်မှုနှင့်လယ်ယာကဏ္ဍများကို ဖြေလျော့ပေးခြင်းဆိုင်ရာ ဆွေးနွေး ပွဲသစ်ဖြင့် စတင်ခဲ့ကြောင်း သိရှိရပါသည်။
 ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့