ရာသီချိန် တစ်သျှူးငှက်ပျောပိုမိုတင်ပို့

  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်   

           ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန် တစ်သျှူးငှက်ပျောကို နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၀) ရက်နေ့ထိ တန်ချိန် (၉၁၇၅) တန် အမှန်တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ လွန်ခဲ့ သော အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေဖြင့် (၃၃၅၀) တန်သာ တင်ပို့နိုင်ခဲ့သောကြောင့် တန်ချိန် (၅၈၂၅)တန် ပိုမိုတင်ပို့လာနိုင်ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ တစ်သျှူးငှက်ပျောထွက် ရှိသောရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လာမည့်ကာလများတွင် တင်ပို့မှုပိုမိုများလာနိုင် ကြောင်းသိရှိပါသည်။

          ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျောထုပ်ပိုးခွံအဖြစ် အသုံးပြုမည့်ပစ္စည်း(၆) မျိုးအား အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ (Temporary Admission- TA) ယာယီတင်သွင်း သည့်စနစ်ဖြင့် တင်သွင်းခွင့်ပြုခဲ့ရာ နိုဝင်ဘာလ(၁)ရက်နေ့မှ (၂၀)ရက်နေ့ထိတန်ချိန်(၁၀၄၉.၈) တန် အား တင်သွင်းနိုင်ခဲ့ပါသည်။ (Temporary Admission- TA) ယာယီတင်သွင်းသည့်စနစ်ဖြင့် တင်သွင်းခြင်းမှာ ကုန်သွယ်ရေးဦးစီးဌာမှ သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရှိရပါ သည်။