ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကုန္သွယ်မှုအခြေအနေ

               ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ မှ (၁၁) ရက်နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၁၀.၆၆၂) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၇.၉၇၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၂၈.၆၃၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီရေး အနေဖြင့် ပို့ကုန် (၆၀၄) စီး၊ သွင်းကုန် (၁၄၈၁) စီး ဆောင်ရွက်နိုင်ခဲ့သည်။

              ယခင်အပတ် ၂၀၂၃ ဇူလိုင်လ (၂၉) ရက်နေ့မှ သြဂုတ်လ ( ၄ ) ရက်နေ့အတွင်း လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန် (၈.၆၇၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၂၁.၃၁၁) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၂၉.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၉၈၉) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်တန်ဖိုး (၃.၃၃၇) ဒေါ်လာသန်း လျော့နည်း ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၁.၃၄၈) ဒေါ်လာသန်း ​လျော့နည်းခဲ့သည်။

              တင်ပို့သည့် ပို့ကုန်အမည်များအနက် ပြောင်း၊ မြေထောက်ပဲ၊ ပဲကြီး၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ ရာဘာ၊ ကွမ်းသီး၊ CMP ပစ္စည်းများ ၊ စွန်တာနီ၊ ယခင်းတစ်ပတ်ထက် ပိုမိုတင်ပို့သဖြင့် (၁.၉၈၉) ဒေါ်လာ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။

              တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ ၊ လေအေးပေး စက်များ၊ အင်ဂျင်များနှင့် ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်း ဆောက်လုပ်ရေး ပစ္စည်းများ ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင် တစ်ပတ်အောက် (၂.၄၁၁) ဒေါ်လာသန်း လျော့နည်းခဲ့သည်။

              လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၊ ချည်ခင်များ၊ တာယာ နှင့် ကျွတ်များ ၊ဓါတုဗေဒပစ္စည်းများ သားရေတု ပြုလုပ်သောပစ္စည်းများ ၊ ယခင်တစ်ပတ်အောက် လျော့နည်း တင်သွင်းခဲ့သော်လည်း ၊  ဓါတ်ဆေးဆိုးဆေးများ၊ ကုန်ထုတ်စက္ကူများ ၊အခြားပစ္စည်းများ၊ ဓာတ်မြေသြဇာ များ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင် တစ်ပတ်ထက်(၀.၁၂၅) ဒေါ်လာသန်း တန်ဖိုးပိုမိုခဲ့ သည်။

              လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဆေးဝါး၊ အခြားပစ္စည်း ပိုမိုတင်သွင်းခဲ့သော်လည်း ချည်ထည်၊ အပ်ချည် ကြိုးများ ၊အချိုမှုန့် ၊မိဖိုချောင်သုံးပစ္စည်းများ ၊ ဘထ္ထရီခြောက် ၊ ပရိဘောဂ ၊ ဇာနှင့် ဇာနှင့် ထိုးထားသော အထည်အလိပ်များ ၊ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၁.၀၅၁) ဒေါ်လာသန်းတန်ဖိုး လျော့နည်းခဲ့သည်။

              ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်( ၁၀ )မျိုးမှာ ရာဘာ  ( ၄၈၆၈.၂၅၀ )တန်၊ (၆.၀၇၃) ဒေါ်လာသန်း၊ မြေထောက်ပဲ  (၈၃၃.၀၀၀) တန်၊ (၁.၂၂၇)ဒေါ်လာသန်း၊ ပဲယင်း ( ၁၃၄၀.၀၀၀ )တန်၊ (၁.၁၇၅) ဒေါ်လာသန်း၊ ပဲတီစိမ်း (  ၇၉၂.၅၀၀)တန်၊ (၀.၆၂၂)ဒေါ်လာသန်း၊ ရာဘာကြမ်း  ( ၆၁၆.၇၅၀) တန်၊ ( ၀.၅၅၈)ဒေါ်လာသန်း၊ နှမ်း(၁၀၁.၀၀၀)တန်၊(၀.၁၆၀ ဒေါ်လာသန်း) ၊   ဆန်ကွဲ  (၄၀၃.၅၀၀) ၊ (၀.၁၅၂) ဒေါ်လာသန်း ၊ ပြောင်း (၄၉၁.၀၀၀) တန်၊ (၀.၁၄၁)ဒေါ်လာသန်း၊ ပဲကြီး (၁၀၂.၀၀၀)တန်၊ (၀.၁၀၂) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (  ၁၄၀.၅၀၀) တန်၊ (   ၀.၀၈၉)ဒေါ်လာသန်း ဖြစ်သည်။

          ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန် (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၅.၂၆၁) ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၃.၁၅၀)ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၁၉) ဒေါ်လာသန်း၊ လုပ်ငန်းသုံး အခြားပစ္စည်း (၁.၂၉၈) ဒေါ်လာသန်း၊ အထည်အလိပ်များ (၀.၉၇၉)ဒေါ်လာသန်း၊ ရင်းနှီးမြှပ်နှံမှု အခြားပစ္စည်း (၀.၅၈၂) ဒေါ်လာသန်း၊ လူသုံး အခြားပစ္စည်း (၀.၅၂၈) ဒေါ်လာသန်း၊  လုပ်ငန်းသုံးအခြား ပစ္စည်း (၀.၉၄၅ )ဒေါ်လာသန်း၊လေအေးပေးစက်များ (၀.၄၈၁) ဒေါ်လာသန်း၊  ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၃၆၄) ဒေါ်လာသန် ဖြစ်သည်။

              ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်း သိရှိ ရသည်။

              မန္တလေး၊လားရှိုး၊ သန္နီ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်မျာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။