တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ကုန်သွယ်နိုင်မှု

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၅-၈-၂၀၂၃ မှ ၁၁-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၇၉၃.၂၉၆) တန်၊ တန်ဖိုး (၀.၂၂၇)ဒေါ်လာသန်း၊ကော်ဖီစေ့ တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊   ကြက်သွန်ဖြူ  တန်ချိန် (၂၀၃.၅) တန်၊ တန်ဖိုး (၀.၄၀၇) ဒေါ်လာသန်း၊  ကြက်သွန်နီ   တန်ချိန် (၁၅) တန်၊   တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊   လက်ဖက်ခြောက်   တန်ချိန် (၁၄.၆၅)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ရာဘာစေး တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ အခြားကုန်ကြမ်းပစ္စည်းများတန်ချိန် (၂၀၄) တန်၊ တန်ဖိုး (၀.၀၃၂)ဒေါ်လာသန်း တင်ပို့နိုင် ခဲ့ပါသည်။ တာချီလိတ် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ (၄) မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်း ဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်း သယ်ဆောင် ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူ ချောမွေ့လျက်ရှိ ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၁၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။