မောတောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

                  မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၁ ) ရက်နေ့မှ ( ၂၂ ) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၂၉) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၅၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၆၈) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

                 မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၂၁ )ရက်နေ့မှ ( ၂၂ ) ရက်နေ့အထိ အဓိက တင်ပို့ ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၄.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၄၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၅.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၇) သန်း၊ဂုံး (အရှင်) (၁၂.၉)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၁၉၄)သန်း၊ ဂဏန်း(အသေ) (၂.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၈)သန်း၊ ဂျယ်ရီ ငါးဆားနယ်  (၁.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၆)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၃၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၄)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၁)သန်း၊ ကြက်သွန်နီ (၈၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃၈)သန်း၊ ငရုတ်သီးစိမ်း (၀.၉)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၄)သန်း၊ ငါးသေတ္တာဘူးခွံ (၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၉၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း ဖြစ်ပါသည်။

                 မောတောင်ကုန်သွယ်ရေးစခန်း  အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၀၀၂.၇၆) ဒေါ်လာနှုန်း၊ (၅၄.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၄၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၈.၁၇) ဒေါ်လာနှုန်း၊ (၅.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၇) သန်း၊ ဂုံး (အရှင်) (၁၅၀၃.၈၆) ဒေါ်လာနှုန်း၊ (၁၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉၄) သန်း၊ ဂဏန်း (အသေ) (၁၁၆၆.၆၇) ဒေါ်လာနှုန်း၊ (၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၈) သန်း၊ ဂျယ်ရီငါးဆားနယ် (၁၈၅၇.၁၄) ဒေါ်လာနှုန်း၊  (၁.၄) တန်၊  တန်ဖိုး  ကန်ဒေါ်လာ (၀.၀၀၂၆) သန်း၊   ကျောက်ပုစွန် (အရှင်)(၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၃၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၄) သန်း၊ ငှက်ပျောသီး (၃၀၂.၅) ဒေါ်လာနှုန်း၊ (၄၀) တန်၊  ကန်ဒေါ်လာ (၀.၀၁၂၁) ဒေါ်လာသန်း၊   ကြက်သွန်နီ  (၅၁၅.၂၉) ဒေါ်လာနှုန်း၊(၈၅) တန်၊ ကန်ဒေါ်လာ (၀.၀၄၃၈) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၇၇၇.၇၈) ဒေါ်လာနှုန်း၊(၀.၉) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၇) ဒေါ်လာသန်းဖြစ်သည်။

              မောတောင်ကုန်သွယ်ရေးစခန်း  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၄) သန်း၊ ငါးသေတ္တာဘူးခွံ (၂၄၂.၈၆) ဒေါ်လာနှုန်း၊ (၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ကြွေပြား (၁)M2၏ ဈေးနှုန်းမှာ (၃.၃၃၃)ဒေါ်လာနှုန်း၊ (၉၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း ဖြစ်ပါသည်။

             မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၂-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၉၈၀.၃၉) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၂) ကျပ်ခန့်ရှိပါကြောင်း နှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်သိရှိရသည်။