စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၂)ရက် နေ့ အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

၂၀၂၃ ခုနှစ်၊ သြဂုတ် လ ၂၃ ရက်နေ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၉) ရက်နေ့မှ (၂၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိ ကန်ဒေါ်လာ (၀.၀၅၈၂)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-)သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၅၈၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

        တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၂၉)တန်၊ တန်ဖိုး (၀.၀၁၂၉) ဒေါ်လာ၊  ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၁၀)တန်၊ တန်ဖိုး (၀.၀၁၂၆) ဒေါ်လာ၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၅၃)တန်၊ တန်ဖိုး (၀.၀၂၃၉) ဒေါ်လာနှင့် ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၃၅)တန်၊ တန်ဖိုး (၀.၀၀၈၈)ဒေါ်လာတို့ကို တင်ပို့နိုင်ခဲ့ပါသည်။

        ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၇.၁၀)တာကာနှင့် (၁)တာကာလျှင် (၂၉) ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ(၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနဗ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိ ကြောင်းသိရှိရသည်။

        ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ (၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြားရေမိုင် (၇၀) ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ်မူတည်၍ ကုန်တင်လှေ များ သွားလာလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၉) ရက်နေ့မှ (၂၂)ရက်နေ့အတွင်း ကုန်စည်ပေါက်ဈေး

        ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၂)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ (၁)တန်လျှင် (၈၆၂၀၆.၉၀)တာကာ၊ ဘိလပ်မြေ (၁)တန်လျှင် (၁၀၃၄၄.၈၃)တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၃၈၇.၁၇)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၃၆၉.၁၄)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၃၆၇.၅၉)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၃၈၀.၁၄) တာကာ နှင့် သံချောင်း (၁)တန်လျှင် (၆၀၃၄၄.၈၃)တာကာ စျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက် အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၉)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

        ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာ တင်ပို့မှုကို တင်းကြပ်စွာတားဆီး ပိတ်ပင်လျက်ရှိ ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရသည်။