တမူး Mobile Team အဖွဲ့မှ Spot check စစ်ဆေးခြင်း

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ထုတ်နှုတ် အင်အားနဲ့ ဖွဲ့စည်းထားတဲ့ Mobile Team အဖွဲ့ဟာ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးတို့ အတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်မှာ တမူးမြို့က ၉ မိုင်ခန့်အကွာ တမူး-ကလေး ကားလမ်းပေါ်ရှိ ပန်းသာရွာမှာ မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေခဲ့ရာ ပြည်သူများ စားသုံးရန်မသင့်သော Signal 350 တံဆိပ် 10 g ကွမ်းစား ဆေးမွှေး ၁ ပါကင် (၁၀) ဗူးပါ ၆၀ဝ ပါကင်၊ ကွမ်းပေါင်း အထုပ်ငယ် (၆၀) ထုပ်ပါ အတွဲ ၂၀ဝ တွဲနဲ့ အကောက်ခွန်မဲ့ သယ်ဆောင်လာသော Betnobate-N (20g) လိမ်းဆေး ၁ ပါကင် (၆၀ဝ) ဗူးပါ ၁၀ ပါကင်၊ စုစုပေါင်းခန့်မှန်း တန်ဖိုး (၄၇) သိန်းကျော်ခန့် စစ်ဆေးတွေ့ရှိတဲ့ အတွက် ခေတ္တ သိမ်းဆည်းထားခဲ့ ပါတယ်။ ခေတ္တ သိမ်းဆည်းထားတဲ့ ပစ္စည်းများကို လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သတင်းရရှိ ပါတယ်။

လှဌေး (တမူး)