Individual Trading Card (ITC) နဲ့ ဒီဇင်ဘာအတွင်း တမူးနယ်စပ်မှကုန်သွယ်မှု အခြေအနေ

ဗုဒ္ဓဟူးနေ့  ။ ၀၉  ဇန်နဝါရီလ ၂၀၁၃ 17:20 PM

နိုဝင်ဘာလ ၂၁ ရက်နေ့က စပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ Individual Trading Card (ITC)ကို အသုံးပြုပြီး ကုန်သည် ငယ်များအား ကုန်သွယ်မှု လုပ်ဆောင်ခွင့် ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်ထဲ (ITC) ၃၆ ကတ် ထုတ်ပေး ထားပြီးကြောင်းနဲ့ လိုင်စင် လာရောက် လျှောက်ထား ဆောင်ရွက်သူ (၁၁)ဦး ရှိနေပြီလို့ သိရပါတယ်။ ပို့ကုန် အမယ် (၂)မျိုးကို (ITC) အသုံးပြု တင်ပို့ ထားပြီးဖြစ် ပါတယ်။ ဒေသထွက် ပဲပုတ်စေ့နဲ့ ကုလားပဲ လုံးဝါ ၇၅ဝဝ ကီလိုဂရမ်၊ တန်ဖိုး အားဖြင့် ကျပ် ၉ သန်း ကျော်ဖိုး ဆောင်ရွက် ထားပြီးပြီလို့ သတင်း ရရှိပါတယ်။ သွင်းကုန်ပိုင်းမှာ ပစ္စည်း အမယ် (၉)မျိုး တန်ဖိုး ကျပ် ၃၃ သန်း ကျော်ဖိုး တင်သွင်း ထားပြီးဖြစ် ပါတယ်။ ပစ္စည်း အမယ်တွေ ကတော့ ရွှေရည်စိမ်း လက်ကောက်၊ လုံချည်၊ ဖိနပ်မျိုးစုံ၊ လက်နှိပ် ဓာတ်မီး၊ ခေါင်းလိမ်း ဆီ၊ အမွှေးတိုင်၊ ပါတိတ်၊ ဆာရီစနဲ့ ကပ်ကြေး တို့လို့ သိရပါတယ်။ (ITC) နဲ့ ကျပ် ၄၃ သန်း ကျော်ဖိုး ဆောင်ရွက်ထားပြီး   ဖြစ်ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများနဲ့ (ITC) ထုတ်ပေးခြင်းကို ပိတ်ရက် မရှိ ဆောင်ရွက် ပေးနေတယ်လို့ တမူး နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းတင့်ထံမှ သတင်း ရရှိပါတယ်။

Source: နကသ (တမူး) ဂန္ဓမာ