(Export) ပို့ကုန် ဆန်အဝင်နည်းတဲ့ မူဆယ်

တနင်္လာနေ့။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 13:09 PM

ယခု အပတ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်ကို ဆန် ကားအဝင် ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် ထက်ဝက်ခန့် လျော့နည်း လျက်ရှိပါတယ်။ ယခင်က တစ်နေ့ ပျမ်းမျှ ဆန်ကား ၂ဝဝ ဝန်းကျင် အဝင်ရှိ နေရာမှ ယခု အပတ်မှာ အစီး ၈ဝ မှ ၉ဝ ခန့်ထိ သာ အဝင်ရှိနေ ပါတယ်။ ယခုလို Export ဆန် အတက် နည်းရခြင်းဟာ မြန်မာ ပြည်တွင်းမှာ အရန် ဆန် ဝယ်ယူနေခြင်း၊ တပ်မတော် ရိက္ခာနဲ့ အကျဉ်း ဦးစီး ဌာန တို့မှလည်း ဆန်ဝယ်ယူ စုဆောင်း ချိန်နဲ့ ဆုံနေတဲ့ အတွက်လို့ သိရပါတယ်။ ထိုသို့ အဝင်နည်းတဲ့ အတွက် ဆန် ၁ အိတ်ကို ၄ ယွမ်ခန့် ဈေးပိုရ လျက်ရှိနေ ပါတယ်။

မူဆယ် နယ်စပ်မှ အပို့များနေတဲ့ ဆန်တွေကတော့ ဧည့်မထနဲ့ မနောသုခတို့ ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ တင်ပို့နိုင်တဲ့ ဆန် တန်ချိန် ၁၈၁၅ဝ ဒသမ ၃ တန်ရှိပြီး ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် ဆန်တန် ၃၂၇၂ ဒသမ ၂ တန် လျော့နည်း ခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း တစ်ဖက် နိုင်ငံ ရွှေလီ ဆန် ပေါက်ဈေးတွေ ကတော့ ငစိန် ၂၇ဝဝ ယွမ်၊ ဧည့်မထ ၂၇၂ဝ ယွမ် အသီးသီးဖြစ်ပါတယ်။

ဆွေဆွေဝင် း - MIRT (DOBT)