တစ်နှစ်တွင် တစ်ခါ ပေါ်လို့လာ

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 17:33 PM

မျောက်ငို သီးဟာ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့ရွာ ဒေသများနဲ့ ချင်း ပြည်နယ် တမူးမြို့မှာ ပေါက်ရောက်ပြီး တစ်ဖက် နိုင်ငံရှိ ကသည်း လူမျိုးများ အကြိုက် စားသောက်ကုန် ဖြစ်ပါတယ်။ မျောက်ငို သီးဟာ အပင်ကြီးမျိုး ဖြစ်ပြီး အခိုင်လိုက် သီးသော အပင် အမျိုး ဖြစ်ပါတယ်။ တစ်ကီလိုကို သေးလျှင် ၁၅ တောင့်မှ ၁၆ တောင့်၊ ကြီးလျှင် ၉ ကောင့်မှ ၁ဝ တောင့် ပါရှိပါတယ်။ အသီးထွက်အား ပေါ်မူတည်ပြီး အပင်ကြီး တစ်ပင်လျင် နှစ်ချုပ်ဖြင့် ကျပ် ၁ သိန်းခွဲ၊ နှစ်သိန်းထိ ပေါက်ဈေး ဖြစ်ပြီး အပင်သေးလျှင် ငါးသောင်းမှ တစ်သိန်းထိ ပေါက်ဈေး ရှိပါတယ်။ တမူးမြို့ ဒေသရှိ ဒေသခံများက မျောက်ငိုသီးကို အခွံခြစ်ပြီး အထဲမှ အစေ့များကို ငြုတ်သီး ထောင်းဖြင့် တို့စားခြင်း၊ ဟင်းချက် စားခြင်း၊ အာလူးနဲ့ သုတ်စား လေ့ရှိကြ ပါသည်။ အရသာမှာ ဒညင်းသီး ကဲ့သို့ ဖြစ်ပြီး တမူး ဒေသခံများနဲ့ တစ်ဖက် နိုင်ငံ ကသည်း လူမျိုးများ ကြိုက်နှစ်သက် ကြပါတယ်။ ဖေဖော်ဝါရီနှင့် မတ်လများမှာ သီးတောင့်များ ရင့်၍ မှည့်ပြီး ဧပြီလမှာ ဈေးကွက်ဝင် အသီးများ ဖြစ်လာတော့မှာ ဖြစ်သဖြင့် တမူး နယ်စပ် ကုန်သွယ်ရေးရဲ့ ပို့ကုန် အမယ် တစ်မယ် တိုးကာ ကုန်သွယ်မှု ပမာဏ အတွက် အထောက် အကူပြုမည်မှာ ဧကန်မလွဲ ဖြစ်ပါ တော့တယ်။

သူသူဆွေလှ (တမူး)