ဂျပ်ဖာဟောင်း၊ ပုလင်းခွံ၊ သတ္တု၊ ကုလားပဲများ တင်ဆောင်တဲ့ ၆ ဘီးယာဉ်ပေါ်က Honda Pacific Coast 800 cc

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 11း50 AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အတွက် Mobile Team များနဲ့ ရှောင်တခင် စစ်ဆေးမှုများကို နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလများ မှာ ပညာပေး ကာလ အဖြစ် လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်မှ စ၍ ဖမ်းဆီး အရေးယူမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က Mobile Team-2 အခြေပြု စစ်ဆေးတဲ့နေရာကို ရောက်ရှိလာတဲ့ ဂျပ်ဖာဟောင်း၊ ပုလင်းခွံ၊ သတ္တု၊ ကုလားပဲများ တင်ဆောင်ထားတဲ့ ၆ ဘီးယာဉ် ၇က/ xxxx ကို စစ်ဆေးရာမှာ ပစ္စည်း ဟောင်းများ အောက်က ဘီယာ၊ အခိုျရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များကို တွေ့ရှိရတဲ့ အတွက် အသေးစိတ် ချစစ်ဆေးရာ မှာတော့ Honda Pacific Coast 800 cc အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ ဘီယာ၊ အချိုရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များရဲ့ တန်ဖိုးကတော့ ကျပ် ၂၃ ဒသမ ဝ၂၇၅ သိန်း တန်ဖိုးရှိပြီး ၎င်း ပစ္စည်းများကိုလည်း အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီဆောင်ရွက်ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

Source : လရ-၂ MTN