ကြက်ဆီဗူး ၊ ကြက်သဲ ကြက်မြစ် ၊ ယိုးဒယား ပုစွန်ဖြူများ Mobile Team အဖွဲ့များ စစ်ဆေး တွေ့ရှိ တားဆီးခဲ့

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:05 AM

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁ရးဝဝ ချိန်မှာ လားရှိုးမှ မန္တလေးသို့ မောင်းနှင် လာတဲ့ Light Truck ယာဉ် ၈ဇ/xxxx ပေါ်မှ ခန့်မှန်း တန်ဖိုး ၂၁၆ဝဝဝ ကျပ်ရှိ တရားမဝင် အကောက်ခွန်မဲ့ ကြက်ဆီဗူး ၃၆ဝ ကီလိုကို Mobile Team -၁ က စစ်ဆေး တွေ့ရှိ တားဆီး ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ကြက်ဆီဗူးများကို ၁ ကီလိုထုတ်လေးများ ထုတ်ထားတာ ဖြစ်ပါတယ်။

အလားတူဘဲ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၂၂း၁၅ ချိန်မှာ မြဝတီ - ရန်ကုန် ကုန်စည် စီးဆင်းမှု လမ်းကြောင်းပေါ်ရှိ စစ်တောင်း တံတား အဟောင်း အသစ် ဆုံရာ လမ်းဆုံမှာ Mobile Team-၂ မှ စစ်ဆေးရေး ဆောင်ရွက်နေစဉ် Light Truck       (၈ဇ/xxxx) အား တားဆီးရာမှာ ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင် မောင်းနှင်သွားပါတယ်။ အလေးချိန် ဝန်ပါတယ်လို့ သံသယ ရှိတဲ့ အတွက် လိုက်လံ တားဆီးရာမှာ အဗျားကြီး ရွာလယ်မှာ မိပြီး တားဆီး နိုင်ခဲ့ပါတယ်။ ယာဉ်ပေါ်မှ ဖော့ပုံးများ တွေရှိရတဲ့ အတွက် ဖွင့်ဖောက် စစ်ဆေးရာမှာ CP အမှတ် တံဆိပ်   ကြက်သဲ ကြက်မြစ်ထုတ် ၃၅၂ ကီလိုကျော်နဲ့ ယိုးဒယား ပုစွန်ဖြူ ၁၇၆ ကီလိုကျော်ကို တွေ့ရှိခဲ့ ရပါတယ်။

အဆိုပါ ဖမ်းဆီးရမိ ကြက်သဲ ကြက်မြစ်၊ ပုစွန်ဖြူ တို့အား အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ ဖွင့်လှစ် အရေးယူထားပြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ စစ်တောင်း တံတား အဟောင်း အသစ်ဆုံရာ အနီးမှာ ကျင်းတူး ဒီဇယ်လောင်း ထုံးဖြူး မြေမြှုပ် ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Source : လရ-၂ MTN