အိန္ဒိယ ကုန်စည်ပြပွဲ မန္တလေးတွင် ပြသမည်

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:35 PM

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသား ကဇာတ်ရုံ ကွင်းပြင် မှာ ဖေဖော်ဝါရီလ ၂ဝ ရက်မှ ၂၄ ရက်ထိ Thematic Handicraft Exhibition ကုန်စည် ပြပွဲ ကျင်းပသွားရန် ရှိပါတယ်။

ထို ကုန်စည် ပြပွဲ မှာ ပါဝင် ပြသ ရန် အိန္ဒိယ သမ္မတနိုင်ငံ၊ မဏိပူရ ပြည်နယ်မှ လက်မှု ပညာရှင် ၂၁ ဦးပါအဖွဲ့ ဟာ အမေရိကန် ၉၃၆၈ ဒေါ်လာ တန်ဖိုးရှိ အိန္ဒိယ နိုင်ငံလုပ် လက်ယက်ထည်နဲ့ လက်မှု ပစ္စည်းများ သယ်ဆောင်ကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တမူးက တစ်ဆင့် မန္တလေးသို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။ ပြပွဲတွင် ပြသရန် အတွက် အိန္ဒိယနိုင်ငံ လုပ် ဆာရီ၊ ပုဆိုး၊ ထမီ၊ တစ်ဘက်၊ ပုဝါစသည့် အဝတ် အထည်များ နဲ့ ကြိမ်၊ ဝါးတို့ဖြင့် ပြုလုပ်ထားတဲ့ လက်မှု ပစ္စည်းများအား သယ်ဆောင် သွားပြီး ၎င်း ပစ္စည်းများ အား ပါဝင် ခင်းကျင်း ပြသရောင်းချ လှူဒါန်း သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

လှဌေး(တမူး)