ကန်ပိုက်တီး နယ်စပ်မှ ပြောင်းဖူးစေ့ နှင့် ဖရဲသီးများ ပြန်လည် တင်ပို့

ကြာသပတေးနေ့  ၂၈ ဖေဖော်ဝါရီလ ၂၀၁၃ 13:20 PM

ကချင် ပြည်နယ် အတွင်း ဖြစ်ပေါ် ခဲ့တဲ့ နယ်မြေ မတည်ငြိမ်မှု အခြေ အနေများ တဖြည်း ဖြည်းနဲ့ တည်ငြိမ် အေးချမ်း လာပြီ ဖြစ်၍ လည်းကောင်း၊ တစ်ဖက် တရုတ် နိုင်ငံ အတွင်းရှိ ပေါက်စန်း ခရိုင်နှင့် တယ်ဟုန် တိုင်း ခရိုင် အတွင်းရှိ စား သောက်ကုန် နှင့် တိရိစ္ဆာန် အစား အစာ လိုအပ် ချက်များ မြင့်တက် လာမှု ကြောင့် လည်းကောင်း၊ တရုတ် နှစ်သစ် ကူးပွဲတော် အပြီး ရာသီ ဥတု ပူနွေးစ ပြုလာခြင်း တို့ကြောင့် မိမိတို့ ကချင် ပြည်နယ် မြစ်ကြီးနား ခရိုင် အတွင်းရှိ ဧရာဝတီ မြစ်ရိုး တစ်လျှောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့ ဒေသ များမှ စိုက်ပိုျး ထွက်ရှိ စပြု လာတဲ့ ပြောင်းဖူးစေ့နဲ့ ဖရဲသီးများ တရုတ် နိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်း လျက် ရှိကြရာ ယခု ရက်ပိုင်း အတွင်း ပြောင်းဖူးစေ့ တန် ၁ဝဝဝ ကျော်နဲ့ ဖရဲသီး တန်ချိန် ၅ဝဝ ခန့်အား ပို့ကုန် လိုင်စင်များ လျှောက်ထား ခဲ့ပြီး ဖြစ်ရာ မိမိတို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု ပမာဏ တိုးတက်ရေး နဲ့ ကုန်သည် လုပ်ငန်း ရှင်များ ကုန်ပစ္စည်း တင်ပို့ရေး လုပ်ငန်းများ လွယ်ကူ လျင်မြန် ချောမွေ့ စေရေး တို့အတွက် လိုအပ်တဲ့ အကူ အညီ များကို အစွမ်းကုန် ကူညီ ဆောင်ရွက် ပေးလျက် ရှိပါ ကြောင်း ပို့ကုန် တင်ပို့ လိုသူ ကုန်သည် လုပ်ငန်းရှင် အပေါင်းအား သတင်းကောင်း ပါးလိုက် ရပါတယ်။

ကပတ (ကမရ)