( Mobile Team) ဖြင့် စစ်ဆေး ဆောင်ရွက် ခဲ့သည့် နောက်ပိုင်း နယ်စပ် ကုန်သွယ်ရေး စခန်း တာချီလိတ်တွင် ယခင်နှစ် ကာလတူ လများထက် ကုန်သွယ်မှု ပမာဏ သိသိ သာသာ တိုးတက် လာ

တနင်္လာနေ့  ၄ မတ်လ  ၂၀၁၃  1 း 45 PM

စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှု များ လျော့နည်း ပပျောက်ရေး အတွက် နယ်စပ် ကုန်သွယ်ရေး စခန်း (တာချီလိတ်) တွင် စခန်း ပတ်ဝန်းကျင် ၅ မိုင်မှ ၁ဝ မိုင် အတွင်း တရား မဝင် ကုန်သွယ်မှု များအား တားဆီး ထိန်းချုပ် နိုင်ရေး စခန်း ထုတ်နှုတ် အင်အားဖြင့် လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ (Mobile Team) အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ အဖွဲ့အား နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ ဦးဆောင်ပြီး OSS အဖွဲ့ဝင် ဌာနများ ဖြစ်သော အကောက်ခွန် ဦးစီး ဌာန နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ တို့အပြင် ဒေသရှိ မိတ်ဖက် ဌာနများ ဖြစ်သည့် ဒေသ အုပ်ချုပ်ရေး ကိုယ်စားလှယ်၊ သတင်း မီဒီယာ ကိုယ်စားလှယ် နှင့် .....(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ) နယ်စပ် ကုန်သည် အသင်းမှ ကိုယ်စားလှယ် တို့ဖြင့် ပူးပေါင်း ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါ သည်။

 

ထိုသို့ ဆောင်ရွက် လျက် ရှိရာမှာ ကုမ္ပဏီ များနှင့် ဒေသခံ ကုန်သည် လုပ်ငန်းရှင် များ အခက် အခဲ မရှိ စေရေး အတွက် ပညာပေး ကာလ နှင့် အရေးယူ ဆောင်ရွက်ခြင်း ကာလ ဆိုပြီး အဆင့် (၂) ဆင့်ဖြင့် စီမံချက် ချမှတ် ဆောင်ရွက် ခဲ့ကာ ပညာပေး ကာလအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ အထိ သတ်မှတ် ခဲ့ပြီး ပညာပေး ကာလ အတွင်း စစ်ဆေး တွေ့ရှိတဲ့ လိုင်စင် နဲ့ ID မပါဘဲ တရား မဝင် တင်ပို့ တင်သွင်း လာတဲ့ ကုန်ပစ္စည်း များအား လိုင်စင် ပြန်လည် လျှောက်ထား စေခြင်း၊ အကောက်ခွန် ဦးစီးဌာန တွင် ED/ID  ပြန်လည် ပေးဆောင် စေခြင်းများ ပြုလုပ်၍ ခေတ္တ ထိန်းသိမ်း ထားတဲ့ ပစ္စည်း များအား ပြန်လည် ထုတ်ပေး ခြင်းအား ဆောင်ရွက် ပေးခဲ့ ပါသည်။ သို့ရာတွင် တားမြစ် ထားသော ကန့်သတ် ကုန်ပစ္စည်း များအား စစ်ဆေး တွေ့ရှိ ပါက ပြည်သူ့ ဘဏ္ဍာ အဖြစ် အပြီး အပိုင် သိမ်းယူ ခြင်း၊ စားသုံးရန် မသင့်သော စားသောက်ကုန် ပစ္စည်း များအား စစ်ဆေး တွေ့ရှိ ပါက မီးရှို့ ဖျက်ဆီးခြင်း တို့ကို ဆောင်ရွက် ခဲ့ပါသည်။ ပညာပေး ကာလ ပြီးဆုံးသည့် နောက်ပိုင်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ မှစ၍ မည်သည့် ပို့ကုန် သွင်းကုန် ပစ္စည်းများကို မဆို လိုင်စင် နှင့် ED/ID မပါ ရှိဘဲ သယ်ဆောင် လာပါက လုပ်ထုံး လုပ်နည်းနှင့် အညီ ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း အား စတင် ဆောင်ရွက် နေပြီ ဖြစ်ပါသည်။ နယ်စပ် ကုန်သွယ်ရေး စခန်း (တာချီလိတ်) မှ ပို့ကုန် သွင်းကုန် ပစ္စည်းများ အား လိုင်စင် ID မဆောင် ရွက်ဘဲ တရား မဝင် သယ်ဆောင် နေမှုကြောင့် စခန်း ထုတ်နှုတ် အင်အားဖြင့် ဆောင်ရွက် လျက်ရှိသည့် Mobile Team တွင် ပါဝင်သည့် အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ တရား မဝင် ကုန်သွယ် များအား တားဆီး စစ်ဆေး ဆောင်ရွက်မှုများ ဆောင်ရွက် ခဲ့ရာ ဖမ်းဆီး ရမိ အကောက်ခွန် အမှုတွဲ ၁ဝ တွဲ ခန့်မှန်း တန်ဖိုး (၅၈၂၃၄ဝဝ) ကျပ်အား ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း ခဲ့ပါသည်။ ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း ရမိ ပစ္စည်းများ တွင် အများဆုံး ပစ္စည်း များမှာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အပို ပစ္စည်းများ၊ ဖိနပ်၊ ပိတ်လိတ်၊ လက်ကိုင်ဖုန်း အမျိုးမျိုး၊ ကားအပို ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ နှင့် ပရိ ဘောဂ ပစ္စည်းများ ဖြစ်ကြ ပါသည်။

နယ်စပ် ကုန်သွယ်ရေး စခန်း (တာချီလိတ်) တွင် တရား မဝင် ကုန်သွယ်မှု များအား၊ အရေးယူ ဆောင်ရွက် ခြင်းများ စတင် ဆောင်ရွက် ခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလနှင့် ဖေဖော် ဝါရီလ ၂ဝ ရက်နေ့ အတွင်းရှိ ကုန်သွယ်မှု လုပ်ငန်း အခြေ အနေ များအား ယခင်နှစ် ကာလတူ နှင့် နှိုင်းယှဉ် ကြည့်ပါက အောက်ပါ အတိုင်း တွေ့ရှိ ရမည် ဖြစ်ပါသည်-

၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလနှင့် ၂ဝ၁၂ ခုနှစ် ဇန်န ဝါရီလ ကာလတူ ကုန်သွယ်မှု နှိုင်းယှဉ်ချက်

                                                                                                                 တန်ဖိုး- ဒေါ်လာသန်းပေါင်း

စဉ်                 ကာလ                      ပို့ကုန်                 သွင်းကုန်                 ကုန်သွယ်မှုပမာဏ

(က)       ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ                    ၁.၅၅၆                       ၅.၃၃ဝ                               ၆.၈၈၆

( ခ )      ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ                    ဝ.၃၉၉                        ၁.၅၉၈                              ၁.၉၉၇

            ကွာခြားချက် (ပို/လို)           (+) ၁.၁၅၇            (+) ၃.၇၃၂                  (+) ၄.၈၈၉

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂ဝ) ရက်နေ့အထိနှင့် ၂ဝ၁၂ ခုနှစ် ကာလတူ ကုန်သွယ်မှုနှိုင်းယှဉ်ချက်

                                                                                                                 တန်ဖိုး- ဒေါ်လာသန်းပေါင်း

စဉ်                 ကာလ                      ပို့ကုန်                 သွင်းကုန်                 ကုန်သွယ်မှုပမာဏ

(က)      (၁-၂-၂ဝ၁၃) မှ (၂ဝ-၂-၂ဝ၁၃)         ၁.ဝ၈၈                           ၂.၄၅၄                             ၃.၅၄၂

( ခ )     (၁-၂-၂ဝ၁၂) မှ (၂ဝ-၂-၂ဝ၁၂)          ဝ.၂ဝ၇                          ဝ.ဝ၅၇                              ဝ.၂၆၄

            ကွာခြားချက် (ပို/လို)         (+) ဝ.၈၈၁               (+) ၂.၃၉၇                  (+) ၃.၂၇၈

အထက် ဖော်ပြပါ ကုန်သွယ်မှု နှိုင်းယှဉ်ချက် အခြေ အနေ များအား ကြည့်မည် ဆိုပါက ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလ ၏ ကုန်သွယ်မှု ပမာဏ သည် ၎င်းနှင့် ကာလ တူ ၂ဝ၁၂ ခုနှစ် ဇန်န ဝါရီလ ကုန်သွယ်မှု ပမာဏ ထက် ပို့ကုန် တွင် ၄ ဆ ခန့်၊ သွင်းကုန် တွင် ၃ ဆ ခန့်၊ ကုန်သွယ်မှု ပမာဏ တွင် ၃ ဆ ခန့် ပိုမို လာခဲ့ သလို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ ရက်နေ့ထိ ကာလ သည်လည်း ၎င်းနှင့် ကာလ တူ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ         ၁ ရက် နေ့ မှ ၂ဝ ရက်နေ့ ထိ ကာလ ထက် ပို့ကုန် တွင် ၅ ဆ ခန့်၊ သွင်းကုန် တွင် ၄၃ ဆ ခန့်၊ ကုန်သွယ်မှု ပမာဏတွင် ၁၃ ဆ ခန့် ပိုမို လာခဲ့ကြောင်း တွေ့ရှိ ရမည် ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက် နိုင်ခဲ့ ခြင်းမှာ တရား မဝင် ကုန်သွယ်မှု များအား တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ် ရောက်ရှိ လာစေ ရေးနှင့် စားသုံးသူ အကာ အကွယ် ပေးရေး တို့အတွက် လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့   (Mobile Team) ဖြင့် ကြပ်ကြပ် မတ်မတ် ဆောင်ရွက် ခဲ့ခြင်းကြောင့် ကုန်သည် လုပ်ငန်းရှင် အများစုမှာ ကုန်သွယ် မှု လမ်းကြောင်းမှန် ပေါ်သို့ ရောက်ရှိ လာသဖြင့် ကုန်သွယ်မှု ပမာဏများ ယခင် ကာလများ ထက် ပိုမို လာရခြင်း ဖြစ်ကြောင်း တင်ပြ လိုက်ရ ပါသည်။

ဇော်ဝမ်း (တခလ)