ကုန်သွယ်မှုကို ထိန်းကျောင်းသောအစီအမံများ
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် အစိုးရတို့က ဆောင်ရွက်ကြသည်။ ယေဘုယျအား ဖြင့် ကုန်သွယ်မှုကို ထိန်းကျောင်းသောအစီအမံများသည် နိုင်ငံခြားဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန် ရောင်းချခြင်းကို ကန့်သတ်ထားသည်။ တစ်နည်းအားဖြင့် ကုန်သွယ်မှု ကို ထိန်းကျောင်းသောအစီအမံများမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ကန့် သတ်ထားသော အစိုးရ၏ ပေါ်လစီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၏ အဓိကအတားအဆီးများမှာ သဘာဝ အတားအဆီးများ (Natural barriers) ၊ အကောက်ခွန်ကို ထိန်းကျောင်းသော အစီအမံများနှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ (Natural barriers) ဖြစ်သည်။
သဘာဝအတားအဆီးများ
သဘာဝကုန်သွယ်မှု အတားအဆီး သို့မဟုတ် အဟန့်အတား နှစ်မျိုးရှိသည်။ ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး (Natural barriers)နှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီး (Natural barriers) တို့ဖြစ်သည်။ ဥပမာအားဖြင့် ပူနွေးသည့် အာဂျင်တီးနားနိုင်ငံ၌ နွား မွေးမြူခြင်းသည် အလွန်အေးသည့် ရုရှားနိုင်ငံ ဆီးဗီးယားဒေသ၌ နွားမွေးမြူခြင်းထက် ကုန်ကျစရိတ် သက်သာနိုင်သည်။ သို့သော် လည်း တောင်အမေရိကမှ အမဲသားကို ဆီးဗီးယားဒေသသို့ သယ်ယူ သည့် သင်္ဘောစရိတ်များက အမဲသားဈေးနှုန်းကို အလွန်မြင့်မားစေ နိုင်သည်။ ထို့ကြောင့် အကွာအဝေးသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် သဘာဝအတားအဆီးတစ်ခု ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ဘာသာစကား (language)သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် နောက်ထပ်အတားအဆီး တစ်ခုဖြစ်သည်။ဥပမာ-အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာ မပြောဆိုနိုင်ပါက ကုန်သွယ်ရေးသဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းနိုင်မည်မဟုတ်ပေ။ ထို့ပြင် ကုန်ပစ္စည်းများကို သင်္ဘောတင်ရာ၌ အမှားမှားအယွင်းယွင်းဖြစ်နိုင်သည်။
အကောက်ခွန်ကို ထိန်းကျောင်းသော အစီအမံများ
အကောက်ခွန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ သွင်းကုန်ပစ္စည်း အပေါ်တွင် ကောက်ခံသော အခွန်ဖြစ်သည်။ အကောက်ခွန်ကို ကုန် ပစ္စည်း တစ်ယူနစ်ချင်းအပေါ် ကောက်ခံနိုင်သည်။ ဥပမာ- ရေနံ တစ်စည် သို့မဟုတ် ကားသစ်တစ်စီးအပေါ် ကောက်ခံသော အကောက်ခွန်မျိုးဖြစ်သည်။ ထို့ပြင် အကောက်ခွန်ကို ကုန်ပစ္စည်း တန်ဖိုး၏ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ကောက်ခံနိုင်သည်။ ဥပမာအား ဖြင့် သင်္ဘောတင်ဆောင်လာသော ရှူးဖိနပ်တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀ဝ၀ဝ၀ အပေါ် ၅ ရာခိုင်နှုန်းကောက်ခံခြင်းမျိုးဖြစ်သည်။ သို့မဟုတ် အကောက်ခွန်ကောက်ခံရာတွင် ကုန်ပစ္စည်း တစ်ယူနစ် ချင်းအပေါ် ကောက်ခံခြင်းနှင့် ကုန်ပစ္စည်းတန်ဖိုးအပေါ် ကောက်ခံ ခြင်းဟူသော ပုံစံနှစ်မျိုးစလုံးကို အသုံးပြု၍လည်း ကောက်ခံနိုင်သည်။
မည်သည့်ပုံစံဖြင့် အကောက်ခွန် ကောက်ခံသည်ဖြစ်စေ အကောက်ခွန်သည် သွင်းကုန်များ၏ စရိတ်ကို ကြီးမားစေပါသည်။ ထို့ကြောင့် အကောက်ခွန်နှုန်းမြင့်မားသည့် သွင်းကုန်ပစ္စည်းများ သည်ပြည်တွင်းထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးသည်ကို တွေ့ရလေ့ရှိသည်။ တစ်နည်းအားဖြင့် အဆိုပါသွင်းကုန်ပစ္စည်းများ သည် ပြည်တွင်းထုတ်ကုန်များကဲ့သို့ ဝယ်ယူသူကိုမဆွဲဆောင်နိုင်ပေ။ဥပမာ - အမေရိကန်ပြည်ထောင်စုသည် အထည်အလိပ်၊ ကြက်သား၊ ဘဲသား၊ သကြားနှင့် အချို့သော စတီးလ်နှင့် အဝတ် အထည်တို့ တင်သွင်းမှုအပေါ်တွင် ပြည်တွင်းလုပ်ငန်းများအား ကာကွယ်သော အကောက်ခွန် (Protective tariffs)ကောက်ခံသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် မတ်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသည် အခြားနိုင်ငံများမှ တင်သွင်းသည့် စတီးလ်နှင့်အလူမီနီယံ ထုတ်ကုန်များအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံခဲ့သည်။နောက်ထပ်ဥပမာတစ်ခုမှာ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ မှ တင်သွင်းသော စီးကရက်များအပေါ် အကောက်ခွန်မြင့်မားစွာ ကောက်ခံခဲ့သည်။ ထိုကဲ့သို့ ကောက်ခံခြင်းက အမေရိကန်တံဆိပ် စီးကရက်များအား ဂျပန်တံဆိပ် စီးကရက်များထက် ၆၀ ရာခိုင်နှုန်း ကုန်ကျစရိတ် ပိုမိုများပြားစေသည်။ အမေရိကန် စီးကရက်တင်သွင်းမှု အပေါ် အခွန်ကောက်ခံခြင်းမရှိခဲ့ပါက အမေရိကန်စီးကရက်သည် ဂျပန်စီးကရက်ဈေးကွက်၏ ၃၃ ဒသမ ၃ ရာခိုင်နှုန်း ခန့် ရရှိနိုင်သည် ဟု အမေရိကန်ကုမ္ပဏီများကယုံကြည်သည်။ သို့သော် အမေရိကန် စီးကရက်များအပေါ် အခွန်ကောက်ခံသောကြောင့်အမေရိကန် စီးကရက်သည် ဂျပန်စီးကရက် ဈေးကွက်၏ ၂ ရာခိုင်နှုန်းအောက်သာ ဈေးကွက်ရရှိခဲ့သည်။
အကောက်ခွန်၏ အားသာချက်နှင့် အားနည်းချက်များ
သွင်းကုန်ခွန် ကောက်ခံခြင်း၏ အားသာချက် သို့မဟုတ် ကောင်းကျိုးများမှာ ပြည်တွင်းရှိ သက်နုစက်မှုလုပ်ငန်းများ ; (Infant industries) ကို ကာကွယ်ခြင်း၊ ပြည်တွင်းထုတ်ကုန်များ၏စားသုံး မှုကို တိုးတက်စေခြင်း၊ ပြည်တွင်းအလုပ်အကိုင်ရရှိမှု တိုးပွားစေခြင်း၊ နိုင်ငံလုံခြုံမှု မြင့်မားစေခြင်း၊ နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိစေခြင်းနှင့် စားသုံးသူကို ပိုမိုအကာအကွယ်ပေးနိုင်ခြင်းတို့ ဖြစ်သည်။အကောက်ခွန် ကောက်ခံခြင်း၏ အားနည်းချက် သို့မဟုတ် ဆိုးကျိုးများမှာ ကုန်ဈေးနှုန်းနှင့် စရိတ်များ ပိုမိုကြီးမြင့်ခြင်း၊ ရရှိနိုင် သော ကုန်ပစ္စည်းအမျိုးအမယ် နည်းပါးခြင်း၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာ ဆုံးရှုံးခြင်း၊ ပြည်တွင်းအလုပ်အကိုင် ရရှိနိုင်မှု နိမ့်ကျခြင်းနှင့် လက်ဝါးကြီးအုပ်ဈေးကွက် ကြီးထွားလာခြင်းတို့ဖြစ်သည်။
အကောက်ခွန်မဟုတ်သော အတားအဆီးများ
သွင်းကုန်ခွဲတမ်းချခြင်း- အစိုးရသည် ကုန်သွယ်မှုကို ကန့် သတ်ရန် အကောက်ခွန်အပြင် အကောက်ခွန်မဟုတ်သော အဟန့် အတားများကိုလည်း အသုံးပြုသည်။ အကောက်ခွန် မဟုတ်သော အဟန့်အတားပုံစံတစ်မျိုးမှာ သွင်းကုန်ခွဲတမ်းချခြင်း (Import quota) ဖြစ်သည်။ ခွဲတမ်းချခြင်းဆိုသည်မှာ တင်သွင်းမည့် ကုန်ပစ္စည်း၏ အရေအတွက်ကို ကန့်သတ်ခြင်းဖြစ်သည်။ ခွဲတမ်းသတ်မှတ် တင် သွင်းခွင့်ပြုခြင်း၏ ရည်ရွယ်ချက်မှာ သတ်မှတ်ထားသော ကုန်ပစ္စည်း တစ်ခု၏ တင်သွင်းမည့် အရေအတွက်ကို ကန့်သတ်ရန်ဖြစ်သည်။ ဥပမာ-၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ကျဆင်းနေ သော အထည်အလိပ်လုပ်ငန်းစုကို ကာကွယ်ရန် အထည်အလိပ် တင်သွင်းမှုအပေါ် ခွဲတမ်းသတ်မှတ်ခဲ့သည်။
ကုန်သွယ်ရေးပိတ်ပင်ခြင်း - ကုန်ပစ္စည်းတင်ပို့တင်သွင်းခြင်း အားလုံး ပိတ်ပင်ခြင်းကို ကုန်သွယ်ရေးပိတ်ပင်ခြင်း (Embargo)ဟူ၍ ခေါ်ဆိုသည်။ ကုန်သွယ်ရေး ပိတ်ပင်ခြင်းကို နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးကိစ္စရပ်များအတွက် ရည်ရွယ်၍ ချမှတ်ကျင့်သုံးလေ့ရှိ သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် အဆင့်မြင့် ကွန်ပျူတာနှင့် လေဆာ (Supercomputer and lasers) ကဲ့သို့သော အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်အမျိုးမျိုးကို မဟာမိတ်မဟုတ် သော နိုင်ငံများသို့ တင်ပို့ခွင့်မပြုပေ။ ဤကဲ့သို့ ပိတ်ပင်ခြင်းက အမေ ရိကန် စီးပွားရေးလုပ်ငန်းများအတွက် နှစ်စဉ်ပို့ကုန်ရငွေ ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးစေသည်။ သို့သော်လည်း ဤပိတ်ပင်ခြင်းက အမေရိကန်၏ ရန်သူများအား ၎င်းတို့၏ အကြီးစား စက်လက်နက် ပစ္စည်းတွင် နောက်ဆုံးပေါ်နည်းပညာအသုံးပြုခြင်းမှ ကာကွယ်ပေး ပါသည်။
အစိုးရစည်းမျဉ်းများ - အကောက်ခွန်မဟုတ်သော အတား အဆီး နောက်ထပ် ပုံစံတစ်မျိုးမှာ အစိုးရစည်းမျဉ်းများ (Supercomputer and lasers)သို့မဟုတ် အစိုးရ၏ အထူးအခွင့်အရေး ပေးသော စည်းမျဉ်း များ (Supercomputer and lasers) ဖြစ်သည်။ အဆိုပါ စည်းမျဉ်း များက ပြည်တွင်းကုန်ထုတ်လုပ်သူနှင့် လက်လီရောင်းချသူများကို အထူးအခွင့်အရေး (Supercomputer and lasers) ပေးသည်။ ထို့ပြင် နိုင်ငံတစ် နိုင်ငံသည် အကောက်ခွန်စည်းမျဉ်းများ ပြဋ္ဌာန်းခြင်းအားဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံခြားထုတ်ကုန်ပစ္စည်းများ Foreign products) ဝင်ရောက်မလာစေရန် ထိန်းချုပ်နိုင်သည်။ ထို့အတွက် နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက်ရှိသော စံချိန် စံညွှန်းနှင့် မတူကွဲပြားသော ထုတ်ကုန်ပစ္စည်းကို သတ်မှတ်တင်သွင်း ခွင့်ပြုခြင်းမျိုးဖြစ်သည်။ ဥပမာ-လီတာအရွယ်အစား(Liter size) ပုလင်းများကို လက်ခံတင်သွင်းခွင့်ပြု နေရာမှ ကွတ်အရွယ်အစား (Quart size) ပုလင်းများကိုပြောင်းလဲသတ်မှတ် တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
နိုင်ငံခြားငွေထိန်းချုပ်ခြင်း- နိုင်ငံခြားငွေထိန်းချုပ်ခြင်း (Exchange controls)) သည်လည်း အကောက်ခွန်မဟုတ်သော အတား အဆီးတစ်ခုဖြစ်သည်။ နိုင်ငံခြားငွေထိန်းချုပ်သည့် ဥပဒေအရကုမ္ပဏီတစ်ခုသည် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသော နိုင်ငံခြားငွေကြေး (Foreign currency) ကိုဗဟိုဘဏ် သို့မဟုတ် နိုင်ငံခြားငွေရောင်း ဝယ်ခွင့် လိုင်စင်ရရှိထားသော အေဂျင်စီသို့ ရောင်းချရခြင်းဖြစ်သည်။အဆိုပါ ပို့ကုန်ကုမ္ပဏီသည် ပြည်ပမှ ကုန်ကြမ်းဝယ်ယူ တင်သွင်းရန် လိုအပ်ပါကဗဟိုဘဏ် သို့မဟုတ် အထက်ပါလိုင်စင်ရရှိထားသော အေဂျင်စီသို့ သွားရောက်၍ နိုင်ငံခြားငွေဝယ်ယူရမည်ဖြစ်သည်။ထိုကဲ့သို့ ကုမ္ပဏီများသို့ ထုတ်ရောင်းသည့် နိုင်ငံခြားငွေပမာဏ ကို ထိန်းချုပ်ခြင်းအားဖြင့် အစိုးရသည် သွင်းကုန်တင်သွင်းသည့် ပမာဏကို ထိန်းချုပ်နိုင်သည်။ သွင်းကုန် ကန့်သတ်ခြင်းနှင့် ပို့ကုန်အားပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်ရေးချိန်ခွင်လျှာ Balance of trade) ကို မျှတကောင်းမွန်စေပါသည်။
ထောက်ပံ့ကြေးပေးခြင်း- ထောက်ပံ့ကြေးပေးခြင်း (Subsidies) သည်လည်း ကုန်သွယ်မှု အတားအဆီးတစ်ခုဖြစ်သည်။ ထောက်ပံ့ ကြေးပေးခြင်းဆိုသည်မှာ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရန်အတွက်ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အစိုးရက ထောက်ပံ့ကြေးပေးခြင်းဖြစ်သည်။ဆန္ဒအလျောက်ပို့ကုန်ကန့်သတ်ခြင်း- ဆန္ဒအလျောက် ပို့ကုန် ကန့်သတ်ခြင်း (Voluntary export restraint – VER) သည် ခွဲတမ်းသတ်မှတ်တင်သွင်းခွင့်ပြုခြင်းနှင့် ဆင်တူသည်။
VER ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံအချင်းချင်း သွင်းကုန်အရေအတွက်ကို သဘောတူ ကန့်သတ်ခြင်းဖြစ်သည်။ ဥပမာ-၁၉၈၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် VERအသုံးပြု၍ ဂျပန် မော်တော်ကားတင်သွင်းမှု ကို ကန့်သတ်ခဲ့သည်။
Source: opentextbc.ca
သိန်းမြင့်ဝေ