ထိုင်းဆန်တင်ပို့သူများ ဆန်ဈေး အနည်းငယ်တိုးမြှင့်
အင်္ဂါနေ့ ၂၂ ဇန်နဝါရီလ ၂၀၁၃ 11:55 PM
ထိုင်းဆန် ရောင်းချသူများဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ၎င်းတို့ရဲ့ ဟုန်မာလီ ဆန်တစ်တန်ကို ၁၀ ဒေါ်လာ နှုန်းတိုးမြှင့် လိုက်ပြီး ၁ တန်လျှင် ဒေါ်လာ ၁၁၂၀ မှ ၁၁၃၀ နှုန်းနဲ့ ဈေးဖွင့်ထားပါတယ်။ ဗီယက်နမ်ဆန် ရောင်းချ သူများကတော့ တစ်တန်ကို ၅ ဒေါ်လာ မှ ၃၀ ဒေါ်လာထိ လျှော့ချလိုက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် ကတော့ ၎င်းတို့ရဲ့ ဆန်ဈေးကို ပြောင်းလဲခြင်း မပြုဘူးလို့ သိရပါတယ်။
ဇန်နဝါရီလ တတိယပတ် အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ဆန်အမျိုးအစား အလိုက် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေး လိုက်ရပါတယ် -
ထိုင်း ဗီယက်နမ် အိန္ဒိယ ပါကစ္စတန်
၅ မှတ်ဆန် ၅၅၀-၅၆၀ ၃၉၀-၄၀ဝ ၄၂၀-၄၃၀ ၄၁၅-၄၂၅
၂၅ မှတ်ဆန် ၅၃၅-၅၄၅ ၃၅၅-၃၆၅ ၃၈၀-၃၉၀ ၃၆၀-၃၇၀
ပြုတ်ဆန် ၅၈၀-၅၉၀ - ၄၂၀-၄၃၀ ၄၅၀-၄၆၀
ဆန်ကွဲ ၅၂၀-၅၃၀ ၃၄၅-၃၅၅ ၃၂၅-၃၃၅ ၃၃၅-၃၄၅
ဗီယက်နမ် ဆန်ဈေးကို ကြည့်မယ်ဆိုလျှင် ယခင် အပတ်ဈေးထက် ၅ မှတ်ဆန်သည် ၁၅ ဒေါ်လာ၊ ၂၅ ဆန်ဒေါ်လာ ၂၀ နဲ့ ဆန်ကွဲ ၅ ဒေါ်လာ အသီးသီး တစ်တန်ဈေးများ လျှော့ချပေးထားတယ်လို့ သိရပါတယ်။
Source: Newsdesk (CMK)