တရားဝင် တင်သွင်း ခွင့်ပြု ထားတဲ့ ပလပ်စတစ် အိတ်များ အစား ကျွတ်ကျွတ် အိတ်များ တင်သွင်း လာတဲ့ အတွက် သိမ်းဆည်း ခဲ့ရ

ကြာသပတေးနေ့  ၂၈ ဖေဖော်ဝါရီလ ၂၀၁၃ 12:40 AM

နိုင်ငံတော် အနေဖြင့် သဘာဝ ပတ်ဝန်းကျင် အား မထိခိုက် မပျက်စီး အောင် စနစ် တကျ စီမံ ဆောင်ရွက် နေသလို ပြည်သူ များ နေထိုင်ရာ မြို့တော်၊ ရပ်ကွက်၊ ကျေးရွာ အနံှ့ သန့်ရှင်း သပ်ရပ် သာယာ လှပရေး အတွက် လည်း ဆောင်ရွက် လျက် ရှိပါတယ်။ ဒီလို ဆောင်ရွက် နေရာမှာ ပြည်သူများ နေ့စဉ် အလွယ် တကူ သယ်ဆောင် အသုံးပြု နေတဲ့ ကျွတ်ကျွတ် အိတ်များ ကြောင့် အလှ တရားကို ပျက်စီးစေ သလို ကာလ ကြာရှည်စွာ မပျက် မစီး ရှိနေနိုင်တဲ့ ကျွတ်ကျွတ် အိတ်များ ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ညစ်နွမ်း စေပြီး အသုံးပြု သူများ အပေါ် ကျန်းမာရေး ထိခိုက် စေမဲ့ ဆိုးကျိုး များကို ရရှိ ခံစား နေရမှာ ဖြစ်ပါတယ်။ အန္တရာယ် ပေးနိုင်တဲ့ ဓါတု ဗေဒ ပစ္စည်း များနဲ့ ပြုလုပ် ထားတဲ့ အတွက် သုံးစွဲခြင်း မပြုကြဖို့.......(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်အား နှိပ်ပါ)
ကျွတ်ကျွတ်အိတ် ကင်းစင်အောင် ပြည်သူ လူထု လှုပ်ရှားမှု အသွင်ဖြင့် ပူးပေါင်း ဆောင်ရွက် နေသလို သတင်း စာစောင်နှင့် ရုပ်မြင် သံကြား တို့မှလည်း အစီ အစဉ် တစ်ရပ် အနေဖြင့် ပြည်သူများသို့ ကျယ်ကျယ် ပြန့်ပြန့် အသိ ပညာပေး တားဆီး ဆောင်ရွက် နေပါတယ်။

ကျွတ်ကျွတ် အိတ် အသုံးပြုခြင်း အစား ပြည်သူများ အဆင် ပြေစွာ သုံးစွဲ နိုင်ဖို့ စီးပွားရေး အရလည်း ဈေးကွက် နှင့် ဝယ်လိုအား ရှိတဲ့ ပလပ် စတစ်အိတ် အကြည် အပါးများကို အစားထိုး သုံးစွဲ နိုင်အောင် အိမ်နီးချင်း နိုင်ငံများမှ တရားဝင် တင်သွင်းခွင့် ပြုထား သလို ပြည်တွင်း မှာလည်း အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများ(SMEs) မှ ထုတ်လုပ် ဖြန့်ချီလျက ရှိပါ တယ်။ တဒင်္ဂ သုံးစွဲ စွန့်ပစ် လိုက်တဲ့ ကျွတ်ကျွတ် အိတ်များကြောင့် ပတ်ဝန်းကျင် သာယာ လှပမှု ကို အကျည်းတန် အရုပ်ဆိုး စေခဲ့သလို ချောင်းမြောင်းများ ပိတ်ဆို့ပြီး လမ်းမကြီး များပေါ်မှာ ရေကြီး ရေလံျှမှုများ ဖြစ်ကာ ခရီး သွားလာမှု ကိုပါ အဟန့် အတား ဖြစ်စေ နိုင်ပါတယ်။ ပင်လယ် ထဲသို့ စီးမျော ရောက်ရှိ သွားတဲ့ စည်းကမ်းမဲ့ စွန့်ပစ် ခဲ့တဲ့ ကျွတ်ကျွတ် အိတ်များ ကြောင့် အစာ မှတ်ကာ စားသုံး မိတဲ့ ရေနေ သတ္တဝါများ (ရှားပါး ဝေလငါးများ အပါ အဝင်) သေကျေ ပျက်စီး ဆုံးရှုံး မှုများ ဖြစ်ပွား နေသလို ဆက်နွယ် နေတဲ့ သဘာဝ ပတ်ဝန်းကျင် ကိုပါ ယိုယွင်း ပျက်စီးအောင် ခြိမ်းခြောက် နေကြောင်း၊ မီးရှို့ ဖျက်ဆီး ပါက မီးခိုးငွေ့ များမှာ အဆိပ် ဓါတ်ငွေ့များ ပါဝင်တဲ့ အတွက် ဖျက်ဆီး မရကြောင်း သက်ဆိုင်ရာ ဌာန များမှ ရုပ်မြင် သံကြားမှ တစ်ဆင့် ပညာပေး ဆွေးနွေး ပြောကြား သွားတာကို မှတ်သား မိခဲ့ပါတယ်။

ယခုလို ပြည်သူများ သိရှိအောင် ကျယ်ကျယ် ပြန့်ပြန့် ပညာပေး တားဆီး နေသော်လည်း လိုက်နာ စောင့်ထိန်းရ ကောင်းမှန်း မသိတဲ့ (မသိချင် ယောင်ဆောင်နေတဲ့) စီးပွားရေး လုပ်ငန်းရှင် အခိုျ့ဟာ ကိုယ်ကျိုး စီးပွား တစ်ခုတည်း ကိုပဲ ရှေ့တန်း တင်ပြီး တရားဝင် လိုင်စင်ဖြင့် တင်သွင်း ခွင့်ပြုထားတဲ့ Plastic Bag(Printed) ပလပ်စတစ်အိတ် ၁၈ တန်အစား ကျွတ်ကျွတ် အိတ် ၁၈ တန်နဲ့ အပို တင်ဆောင် လာတဲ့ ကျွတ်ကျွတ် အိတ် ၁၆ တန် စုစုပေါင်း ၃၄ တန်အပြင် ကော်ဖြတ် စက်သုံးဓါးများ အပါအဝင် စုစုပေါင်း ခန့်မှန်း တန်ဖိုး ၄၅၅၄၄၃ဝဝ ကျပ် ကို သွင်းကုန်ယာဉ် (၃)စီးပေါ်မှ အမျိုး အစား လွဲ ပိုမို တင်သွင်း သယ်ဆောင် လာတာကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ ပါတယ်။

တာဝန်ရှိတဲ့ Mobile Team စစ်ဆေးရေး အဖွဲ့ အနေဖြင့် တရားဝင် အခွန်ဆောင် တင်သွင်း လာခြင်း ဖြစ်တဲ့ အတွက် နစ်နာမှု မရှိအောင် ကျွတ်ကျွတ် အိတ်များ ဟုတ်/မဟုတ် သေချာ စိစစ် ဖော်ထုတ် နိုင်အောင် စည်ပင် သာယာရေး အဖွဲ့မှ အမှုဆောင် အရာရှိ တစ်ဦးနဲ့ ပြသ စစ်ဆေးခဲ့ရာ ပလပ် စတစ် အိတ်များမှာ ဆွဲဆန့် နိုင်ပြီး လက်ဖြင့် ချေဖျက်ပါက ကျေမွ မသွားဘဲ ကျွတ်ကျွတ် အိတ်မှာ ဆွဲဆန့် နိုင်ခြင်း မရှိဘဲ လက်ဖြင့် ချေဖျက် ပါက ကျေမွ သွားပြီး ပလပ် စတစ်အိတ်အား မီးရှို့ပါက ကုန်စင်အောင် လောင်ကျွမ်း သွားသော်လည်း ကျွတ်ကျွတ် အိတ်မှာ ကုန်စင် အောင် မလောင် ကျွမ်းဘဲ အစိုင်အခဲ (ဂျပ်ခဲ) အဖြစ် ကျန်ရှိ နေကြောင်း လက်တွေ့ စမ်းသပ် ပြသခဲ့မှု အရ ပလပ်စတစ် အိတ်များ တင်သွင်း ရမဲ့အစား ကျွတ်ကျွတ်အိတ် များကို မလိမ့်တပတ် လုပ်ပြီး နိုင်ငံတော်မှ ပညာပေး တားမြစ် နေတဲ့ကြားမှ မသိမမြင် မကြား မိသလို တင်သွင်း လာသည်မှာ မဖြစ်သင့်တဲ့ လုပ်ရပ် ဖြစ်တဲ့ အတွက် စားသုံးသူ ပြည်သူ များကို အကာ အကွယ် ပေးနိုင်အောင် အရေးယူ သိမ်းဆည်း ခဲ့ရခြင်းဘဲ ဖြစ်ပါ တယ်။

 

ရွှေမြိုင်သား