ကဏန်း ငါးရှဉ့်ပြည်ပ တင်ပို့ ရာမှာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ဆက်လက် ကျင့်သုံး သွားတော့ မည်

တနင်္လာနေ့  ၄  မတ်လ  ၂၀၁၃  9 း 45 AM

ဖေဖော် ဝါရီလ ၁၅ ရက်နေ့ ၁၃းဝဝ ချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန အစည်း အဝေး ခန်းမ တွင် ကဏန်း ငါးရှဉ့် ပြည်ပ တင်ပို့ ရာမှာ ဆက်လက် ဆောင်ရွက် သင့်တဲ့ အစီ အစဉ်နဲ့ ပတ်သက်ပြီး အစည်း အဝေး တစ်ရပ် ကျင်းပ ခဲ့ပါတယ်။ အစည်း အဝေးသို့ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးခုျပ် ဦးခင်မောင်လေး၊ ဒုတိယ ညွန်ကြားရေးမှူးခုျပ် ဦးညွှန့်အောင်၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ပို့ကုန် ဌာန နှင့် မူဝါဒ ဌာနမှ အရာရှိ များ၊ ငါးလုပ်ငန်း ဦးစီး ဌာန၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ခုျပ် အတွင်းရေးမှူး ဦးဝင်းကြိုင်၊ ရန်ကုန်နဲ့ မန္တလေး မှ ငါးရှဉ့် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဌ၊ အတွင်း ရေးမှူးများ၊ အဖွဲ့ဝင်၊ မူဆယ် ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးထွန်းလင်းစိုးနဲ့ ငါးရှဉ့် ကဏန်း တင်ပို့ နေသော ကုမ္ပဏီ များ မှတာဝန် ရှိသူ ၁ဝ ဦးခန့် တက်ရောက် ခဲ့ကြ တယ်လို့....(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)
သတင်း ရရှိ ပါတယ်။

အစည်း အဝေးမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးခုျပ် ဦးခင်မောင်လေးက ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့တဲ့ ကဏန်း ငါးရှဉ့် ပြည်ပ တင်ပို့ရာမှာ ''လေလံ တင်ဒါ စနစ်နဲ့ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်'' ကျင့်သုံးရေး ညှိနှိုင်း ဆွေးနွေးပွဲပေါ် မူတည်ပြီး ကဏန်း ပြည်ပ တင်ပို့မှု ဖွံ့ဖြိုး တိုးတက် စေရေး အတွက် လုပ်ငန်းရှင်များ တင်ပြချက် အရ ( Two Way System) လေလံ တင်ဒါ စနစ် ရော၊ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ပါ နှစ်မျိုး လုံး အနက် မိမိ ကြိုက် နှစ်သက်ရာ နည်းလမ်းနဲ့ စမ်းသပ်ကာ (၁) လ သတ်မှတ် ဆောင်ရွက် စေခဲ့ကြောင်း၊ ယခု အခါ စမ်းသပ် ကာလ (၁) လ ပြည့်ပြီ ဖြစ်တဲ့ အတွက် မြေပြင် လက်တွေ့ ဆောင်ရွက်မှု အပိုင်း မည်ကဲ့သို့ ရှိသည် ကို သုံးသပ် ဆွေးနွေးပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက် ရေး၊ ဆက်လက် ရပ်တည် နိုင်ရေး၊ ရှေ့ဆက် မည်သည့် နည်းလမ်းနဲ့ သွားမည် ကို ရွေးချယ် ဆုံးဖြတ် နိုင်ရန် ယခု အစည်း အဝေးကို ခေါ်ယူ ရခြင်း ဖြစ်ကြောင်း ပဏာမ ပြောကြား ခဲ့တယ်လို့ သိရ ပါတယ်။

ထို့နောက် တက်ရောက် လာကြသော ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ခုျပ် တွဲဖက် အတွင်း ရေးမှူး၊ မူဆယ် ကဏန်း လုပ်ငန်းရှင်များ အသင်း ဥက္ကဌ၊ မြန်မာ နိုင်ငံ ငါး လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) မှ ဒု ဥက္ကဌနဲ့ မန္တလေးမှ အတွင်းရေးမှူး၊ ရှင်းယီးဒါး ကုမ္ပဏီ၊ ဂုဏ်မြင့်လှိုင်း ကုမ္ပဏီနဲ့ ဆန်းသစ်ဇော် ကုမ္ပဏီ တို့မှ ဒါရိုက်တာများ၊ အမိုျးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ၊ LMP ကုမ္ပဏီတို့မှ မန်နေဂျာ များက ဆွေးနွေး တင်ပြခဲ့ကြ ပါတယ်။ ထို့နောက် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးခုျပ် ဦးညွှန့်အောင်မှ မိမိတို့ ဌာန အနေနဲ့ လိုင်စင် ထုတ်ပေးခြင်းနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းကို အဓိကထား ဆောင်ရွက် နေကြောင်း၊ ဒါပေမယ့် ကဏန်း ငါရှဉ့် တင်ပို့ ရောင်းချမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း လုပ်ဆောင် ပေးနေ ကြောင်း၊ ပြည်သူ ဗဟိုပြု စနစ်ကို ပြောင်းလဲ လုပ်ဆောင် ပေးနေတဲ့ ယနေ့ ချိန်ခါမှာ အများ လုပ်ဆောင် လိုတဲ့ နည်းလမ်း ဖြစ်တဲ့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကိုသာ ဆက်လက် ဆောင်ရွက် သင့်တယ် လို့ ယူဆကြောင်း ဆွေးနွေး ခဲ့တယ်လို့ သိရှိ ရပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးမှလည်း စံချိန် စံညွှန်းနဲ့ စပ်လျဉ်းပြီး မိမိတို့ဟာ တရုတ် နိုင်ငံ သို့ အဓိက တင်ပို့ နေခြင်း ဖြစ်တဲ့ အတွက် တရုတ် နိုင်ငံရဲ့ AQSIQ ရဲ့ သတ်မှတ် ချက်များ နဲ့ ညီညွတ်မှု ရှိဖို့ လိုကြောင်း၊ ၂ဝ၁၅ ခုနှစ်မှာ အာဆီယံ စီးပွားရေး အသိုက် အဝန်း (AEC) ကို အကောင် အထည် ဖော်တဲ့ အခါမှာ ယှဉ်ပြိုင် မှုများ ပိုမို များပြား လာကြောင်း၊ ဖြစ်ပေါ် လာမဲ့ စိန်ခေါ် မှုများကို ရင်ဆိုင် နိုင်ရန် ကြိုတင် ပြင်ဆင် ထားဖို့ လိုကြောင်း၊ နိုင်ငံ တကာနဲ့ ယှဉ်လာ လျှင် စုစည်း ထားရမဲ့ အင်အားစု တစ်ရပ် ရှိရန် လိုအပ် ကြောင်း၊ အဖွဲ့နဲ့ လုပ်လျှင် ညီညွတ် မှုဟာ အဓိက ကျကြောင်း၊ သူတလူ ငါတစ်မင်းနဲ့ လုပ်လျှင် Supply Chain တစ်လျှောက်လုံး ကစဉ့် ကလျား ဖြစ်ပွားကာ ပြိုလဲ သွားမှာ ဖြစ်တဲ့ အတွက် ကြိုတင် လေ့လာ လုပ်ဆောင် ကြစေ လိုကြောင်း၊ မိမိ ရောင်းချတဲ့ ပစ္စည်း မိမိ ဘက်မှာ ဈေးကွက် ဖြစ်စေ ရေး၊ ရေရှည် ခိုင်မြဲ စေရေး လုပ်ဆောင် ကြစေ လိုကြောင်း၊ ငါးရှဉ့် ကဏန်း ကုန်စည်ဒိုင် အသင်း အမြန်ဆုံး ဖွဲ့စည်း လုပ်ဆောင် သွားကြရန်၊ ငါးလုပ်ငန်း ဦးစီး ဌာန နဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် သွားကြရန် တိုက်တွန်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဖေဖော် ဝါရီလ ၁၅ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့တဲ့ အစည်း အဝေးက သဘောတူ ဆုံးဖြတ် ချက်များ အနက် အချို့ အချက် များကို ကောက်နှုတ် ဖော်ပြ ရမယ် ဆိုလျှင် ပြည်သူ ဗဟိုပြု စနစ်သို့ ပြောင်းလဲ ဆောင်ရွက် လျက် ရှိရာ အများ လုပ်ဆောင် လိုတဲ့ နည်းလမ်း ဖြစ်သော မိမိ ဝယ်လက်သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ရောင်းချ ခြင်းအား ဆက်လက် ဆောင်ရွက် သွားရန်၊ ရောင်းသူ ဈေးကွက် ဖြစ်စေ ရေးအတွက် မိမိ ဘက်ရှိ ပွဲရုံ၊ ရေထွက် ကုန်စည် ဒိုင် များတွင် ပစ္စည်းများ ချပြီး တစ်ဖက် နိုင်ငံ ကုန်သည် များမှ လာရောက်၍ ဝယ်ယူ သယ်ဆောင်တဲ့ နည်းလမ်း အား ဆောင်ရွက် ရန်နှင့် တစ်ဖက် နိုင်ငံ သို့ တိုက်ရိုက် သွားရောက် ရောင်းချ ခြင်း မပြုရန်၊ မိမိ ဘက်ရှိ ပွဲရုံ၊ ကုန်စည် ဒိုင်များ တွင် ပစ္စည်း ချပြီး မိမိ ဝယ်လက် သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ဖြင့် ရောင်းချသည့် နည်းလမ်း အား ဆက်လက် ဆောင်ရွက်မည် ဖြစ်သဖြင့် ယခင် ဆောင်ရွက် ခဲ့သည့် လေလံ တင်ဒါ စနစ်ဖြင့် ရောင်းချသည့် နည်းလမ်း အား ရပ်ဆိုင်း ရန်၊ ပစ္စည်း အရည် အသွေး မှန်ကန်ရေး အတွက် ငါးလုပ်ငန်း ဦးစီး ဌာနမှ စစ်ဆေး ကြပ်မတ် ဆောင်ရွက် ပေးရန်၊ ငါးရှဉ့် များအား မန္တလေးတိုင်း ငါးဦးစီး ဌာနရဲ့ ဓါတ်ခွဲခန်း စမ်းသပ်ချက် စာရွက် စာတမ်း များဖြင့် ရယူ၍ မူဆယ်နှင့် ချင်းရွှေဟော်သို့ သယ်ဆောင် နိုင်သော် လည်း မူဆယ် (၁ဝ၅) မိုင်နှင့် ချင်းရွှေဟော် ရှိ ငါးလုပ်ငန်း ဦးစီး ဌာန၏ Final စစ်ဆေး ပြီး Certificate ရရှိ ပြီးမှ သာ တစ်ဘက် နိုင်ငံသို့ တင်ပို့ ရောင်းချ သွားရန်၊ မူဆယ် ၁ဝ၅ မိုင်နှင့် ချင်းရွှေဟော် တို့၌ ငါးရှဉ့် ရေလှယ် ခြင်း ကိစ္စများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ အသင်း အဖွဲ့၊ လုပ်ငန်းရှင် များမှ ညှိနှိုင်း ဆောင်ရွက် သွားရန်၊ ကဏန်း၊ ငါးရှဉ့် ဈေးနှုန်း များအား ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် များ အသင်း တို့မှ သတ်မှတ်တဲ့ ဈေးဖြင့် ဆောင်ရွက် ရန်နဲ့ မူဆယ် ၁ဝ၅ မိုင် ငါးရှဉ့် ကုန်စည် ဒိုင်အား ငါးရှဉ့် လုပ်ငန်း ရှင်များ စုပေါင်း ပါဝင်တဲ့ အသင်း အဖွဲ့ အဖြစ် တစ်လ အတွင်း ဖွဲ့စည်း ဆောင်ရွက် သွားရန် နဲ့ မူဆယ် ၁ဝ၅ မိုင် ငါးရှဉ့် ကုန်စည် ဒိုင် ဖွင့်လှစ် ဆောင်ရွက် မဲ့ကိစ္စနဲ့ ပတ်သက်ပြီး လိုအပ် သည်များ အား မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ် ရေးနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးရန်၊ ချင်းရွှေဟော် တွင် ရွှေကွမ်းလုံ ကုမ္ပဏီမှ တည်ဆောက် ထားသော ကဏန်း၊ ငါးရှဉ့် ကုန်စည်ဒိုင် သို့ ကဏန်း၊ ငါးရှဉ့် လုပ်ငန်း ရှင်များ မှ ပါဝင် ဆောင်ရွက် နိုင်ရေး အတွက် မူဆယ် ၁ဝ၅ မိုင် ကဏန်း လုပ်ငန်းရှင် အသင်းနဲ့ ငါးရှဉ့် လုပ်ငန်းရှင် များမှ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားရန်၊ တရုတ် ဘက်ခြမ်း တွင် မိမိ ဘက်မ ှတင်ပို့တဲ့ ကဏန်း၊ ငါးရှဉ့်များအား တရုတ် ကုန်သည် တိုင်းမှ သယ်ယူ ၍ မရ နိုင်သေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ကျင်းပလျက် ရှိတဲ့ JBTCCC အစည်း အဝေး များတွင် ညှိနှိုင်း ဆောင်ရွက် ပေးရန်၊ ဘဏ်စနစ်ဖြင့် ဆောင်ရွက် နိုင်က နိုင်ငံတော် အတွက် ပိုမို အကျိုး ရှိမည် ဖြစ်သဖြင့် နှစ်နိုင်ငံ ဘဏ်စနစ် ဖြင့် ဆောင်ရွက် နိုင်ရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် သွားရန်၊ ငါးရှဉ့် ပေါများတဲ့ မိုးရာသီ ကာလမှာ ဈေးကွက် ပုံမှန် ရရှိရေး၊ ဈေးကွက် အာမခံချက် ရရှိရေး တို့အတွက် လိုအပ် သည်များ အား ညှိနှိုင်း စီမံ ဆောင်ရွက် ထားရှိ ရန်၊ တစ်ဘက် နိုင်ငံ ဝယ်လက်များ ကိုယ်တိုင် ပြည်တွင်း သို့ ဆင်းလာ ပြီး တိုက်ရိုက် ဝယ်ယူ ခြင်းဖြင့် နောင်တွင် တိုင်းရင်းသား ငါးရှဉ့် လုပ်ငန်းရှင် များ နေရာ ပျောက်သွား နိုင်သဖြင့် အမျိုးသား ရေး အသိဖြင့် ကြိုတင် ကာကွယ် နိုင်ရန် အစီ အမံများ ချမှတ် ဆောင်ရွက် သွားရန်၊ ဈေးနှုန်း ပိုမို ရရှိ လာခြင်း ကြောင့် ပိုမို တင်ပို့ လာခြင်းဖြင့် ရေရှည် တွင် နိုင်ငံ တော်ရဲ့ သဘာဝ သယံ ဇာတများ လျော့နည်း မျိုးတုန်း မသွား စေရန် အတွက် ကဏန်း၊ ငါးရှဉ့် လုပ်ငန်းရှင် အသင်း အဖွဲ့ များနဲ့ ဌာန ဆိုင်ရာများ ပူးပေါင်း ညှိနှိုင်း၍ ထိန်းသိမ်း ဆောင်ရွက် သွားရန်၊ ကဏန်း၊ ငါးရှဉ့် လုပ်ငန်း ရှင်များ အနေနဲ့ တစ်လှေ တည်းစီး၊ တစ်ခရီးတည်း သွားကြ သူများ ဖြစ်ရာ မိမိတို့ရဲ့ ရေရှည် အကျိုး စီးပွား အတွက် မျှော်မှန်းပြီး စည်းလုံး ညီညွတ်စွာ ဆောင်ရွက် သွားရန် နဲ့ သက်ဆိုင် ရာ အသင်း အဖွဲ့ များမှ လည်း ထိန်းသိမ်း ကြပ်မတ် ပေးရန်၊ ကဏန်း၊ ငါးရှဉ့် သယ်ဆောင် လာသော ကားများမှာ တရား မဝင် ပစ္စည်းများ သယ်ဆောင်မှု မရှိ စေရေး အတွက် သက်ဆိုင်ရာ ကုမ္ပဏီ များမှ တာဝန်ယူ ဆောင်ရွက် ပေးရန် နဲ့ နယ်စပ် ဂိတ်များ တွင် ကုန်ပစ္စည်း စစ်ဆေးမှု အား အကောက်ခွန် ဦးစီး ဌာနမှ ကြပ်မတ် စစ်ဆေး ရန်၊ တရုတ် နိုင်ငံ မှ Food Safety အား ဂရုစိုက်ခြင်းကြောင့် မိမိဘက်မှတင်ပို့တဲ့ ကဏန်း၊ ငါးရှဉ့် များအား AQSIQ စစ်ဆေးမှုများ ရှိလာမည်ဖြစ်သဖြင့် အနာဂတ်တွင် ဈေးကွက်ရရှိရေးအတွက် ယခုကတည်းက ကဏန်း၊ ငါးရှဉ့် ပစ္စည်း အရည် အသွေး စစ်ဆေးမှု (Quality Control) အပိုင်း များနဲ့ပတ်သက်ပြီး ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရန်၊ မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော် ရှိ ကဏန်း၊ ငါးရှဉ့်များ တင်ပို့ ရာတွင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့ စေရေး အတွက် ဌာန ဆိုင်ရာ အပိုင်း များမှ လည်း ကူညီ ဆောင်ရွက် ပေးသွား ရန် စသည်တို့ဖြစ်ပါ တယ်။

ကဏန်း ငါးရှဉ့် ရေထွက် ပစ္စည်း တင်ပို့ နေကြတဲ့ ကုမ္ပဏီ လုပ်ငန်း ရှင်များ အနေနဲ့ နိုင်ငံ အကိုျး၊ မိမိ အကျိုး တို့ အတွက် အတ္တနဲ့ ပရ မျှတ စွာနဲ့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ် ကျင့်သုံး ပြီး နိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ဝိုင်းဝန်း ကြိုးပမ်း ကြပါစို့ လို့ တိုက်တွန်း လိုက်ရ ပါတယ်။

နကသ (ဦး) ပို့ကုန်