လာအို - မြန်မာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု နဲ့ ရင်းနှီး မြှုပ်နံှ မှုများ တိုးတက် စေမဲ့ ချစ်ကြည်ရေး တံတား ပန္နက် တော်တင် အခမ်း အနား ကျင်းပ

အင်္ဂါနေ့  ၅  မတ်လ  ၂၀၁၃  14 း 35 PM

လာအိုနဲ့ မြန်မာ နှစ်နိုင်ငံ အကြား ဆက်သွယ် တဲ့ မဲခေါင် မြစ်ကူး တံတား တစ်စင်း အား ကန်ဒေါ်လာ ၁၈ သန်း (ဘတ် ၅၃၇ သန်း) အကုန် အကျ ခံကာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ လာမဲ့ နှစ်များမှာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နံှ မှုများ တိုးတက် ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ရည်ရွယ်ပြီး တံတားကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဖေဖော် ဝါရီလ ၁၆ ရက်နေ့က လာအို-မြန်မာ ချစ်ကြည်ရေး တံတား ပန္နက်တော်တင် အခမ်း အနားကို လာအို နိုင်ငံဘက် Laung Namtha ခရိုင် Huay Koum ကျေးရွာ မှာ ကျင်းပ ခဲ့ပါ တယ်။ ပန္နက် တော်တင် အခမ်း အနား သို့ လာအို နိုင်ငံ Laung Namtha မြို့တော်ဝန် Pimmasone Leuangkhamma၊ ပြည်သူ့ ဆောက်လုပ် ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ဌာန ဝန်ကြီး Sommad Pholsena နဲ့ မြန်မာ နိုင်ငံ ဆောက် လုပ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်တို့ တက်ရောက် ခဲ့ကြ တယ်လို့ သိရ ပါတယ်။ လာအို ဖက် Huay Koum ကျေးရွာဟာ Xiengkok ကျေးရွာရဲ့ မြောက်ဘက် ၁၅ ကီလို မီတာ အကွာမှာ ရှိပြီး မြန်မာ ဘက် မှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) တာချီလိတ် ခရိုင်၊ ကျိုင်းလတ် ကျေးရွာရဲ့ တောင်ဘက် ၅ဝဝ မီတာ အကွာမှာ တည်ရှိ ပါတယ်။

တံတားဟာ သံမဏိ သံပေါင် အမျိုး အစား ဖြစ်ပြီး အရှည် ၆၉၁ ဒသမ ၈ မီတာ ရှည်လျား ပြီး ၁ဝ ဒသမ ၉ မီတာ အကျယ် ရှိပါတယ်။ ကားလမ်း နှစ်လမ်း သွားနဲ့ လျှောက်လမ်း နှစ်လမ်း ပါရှိ တယ်လို့ သိရ ပါတယ်။ ပန္နက် တင်တဲ့နေ့က စပြီး ချစ်ကြည်ရေး တံတား တည်ဆောက်ရေး လုပ်ငန်းကို စတင် ခဲ့တာ ဖြစ်ပါ တယ်။ တံတား တည်ဆောက်ရန် အချိန် ၂ နှစ်ခွဲ (လ-၃ဝ) ယူမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ တံတားရဲ့ ခံနိုင် ဝန်မှာ ယာဉ် တစ်စီးချင်း ၇၅ တန် ရှိမှာ ဖြစ်ပြီး ငလျင် အရှိန် ၇ မဂ္ဂ နီကျူ ခံနိုင်ရန် အတွက် တွက်ချက် ဆောက်လုပ် သွားမှာ ဖြစ်ပါ တယ်။

တံတား ဆောက်လုပ်ရေး အတွက် လာအို ကုမ္ပဏီ ၆ ခုအား ကန်ထရိုက် ပေးထား ပါတယ်။ လာအို-မြန်မာ ချစ်ကြည်ရေး တံတား တည်ဆောက်ရေး စီမံကိန်း ဒါရိုက်တာ Xaysongkham Manotham က တံတား ဟာ လာအိုနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် ရေး၊ ဆက်ဆံရေး နဲ့ စည်းလုံး ညီညွတ်ရေး ဖော်ဆောင်တဲ့ သင်္ကေတ တစ်ခု ဖြစ်တယ် လို့ ဆိုပါ တယ်။

ဒီ ချစ်ကြည်ရေး တံတားဟာ နှစ်နိုင်ငံ ပြည်သူ အများ လမ်းပန်း ဆက်သွယ်ရေး အတွက် လွယ်ကူ စေမယ်၊ အထူး သဖြင့် ကုန်သွယ်မှု ဆိုင်ရာ လုပ်ငန်းများ အတွက်လည်း များစွာ အထောက် အကူ ပြုစေမှာ ဖြစ်ပါ တယ်။     လာအို-မြန်မာ နှစ်နိုင်ငံ အပြင် ဒေသ တွင်းရှိ အခြား နိုင်ငံများ အထူး သဖြင့် ဗီယက်နမ်နဲ့ တရုတ်တို့နဲ့ ဆက်သွယ နိုင်စေမှာ ဖြစ်ပြီး မကြာ တော့တဲ့ ကာလမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့နဲ့ လည်း သယ်ယူ ပို့ဆောင်ရေး အချိတ် အဆက် များနဲ့ ရရှိ သွားစေ တော့မှာ ဖြစ်တယ ်လို့လည်း စီမံကိန်း ဒါရိုက်တာ Xaysong Kham က ဆိုပါတယ်။

Source : The Nation …. CMK