တာဝန်မသိပါက နိုင်ငံတော်မှ ရည်မှန်းချီ တက်နေသည့် ဒီမိုကရေစီ လမ်းကြောင်း ကြာလေ ဝေးလေဖြစ်လာနိုင်

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 13 :48  PM

ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းများ ဌာနဆိုင် ရာများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးမှသာ ဒေသဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး နှစ်သစ်တွင် ပြည်သူကို ဗဟိုပြုပြီး လုပ်ငန်းဖွဲ့စည်း ပုံများပြောင်းလဲ မည်ဟုသိရှိ ရကြောင်း၊ လုပ်ငန်း ရှင်ကြီး/ လတ်/ ငယ်တို့ အနေဖြင့် တရားမဝင် ရောင်းဝယ်မှု ကိုရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ ရေရှည် အလားအလာ ကိုသုံးသပ်ပါက ခေတ်စနစ် ပြောင်းလဲနေ ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေး နေသော်လည်း တရားမ ဝင်ရောင်းဝယ်မှု တဖြေးဖြေး နှင့်လျော့နည်း ရမည့်အစားများ ပြားလာနေသည်ဟု ယူဆရပါကြောင်း၊ လျော့နည်း ပပျောက်ရေး အတွက် သတင်းပေး နည်းလမ်းဖြင့် ဝိုင်းဝန်း ကူညီရန် လိုအပ်ကြောင်း၊ ယခုထပ်မံ၍ မတ်လ ၁ ရက်နေ့မှစပြီး ဖြေလျော့ မှုများအဖြစ် ပို့ကုန် (၁၅၂) မိုျး၊ သွင်းကုန် (၁၆၆) မိုျးနှစ်ရပ်ပေါင်း (၃၁၈) မိုျးအား လိုင်စင်လုပ် ဆောင်ရန် မလိုဘဲဆောင် ရွက်နိုင်ကြောင်း၊ အကောက်ခွန် ထံတစ်ဖက် နိုင်ငံနှင့် ရောင်းဝယ် လိုသည့်ပစ္စည်း ပြသ၍ ED/ID ဆောင်ရွက်ပြီး တရားဝင် သယ်ယူ ရောင်းဝယ် နိုင်ကြောင်း ဧပြီလ မှစ၍ နိုင်ငံတော် အတွက် အရေးကြီး ပစ္စည်းနှင့် စက်ယန္တရား များမှလွဲ၍ ကျန်သည့် အမယ်များကို ထပ်မံ၍ ဖြေလျော့ပေးမည်ဟု သိရကြောင်း၊ နိုင်ငံတကာ စနစ်နဲ့အညီ နောင်တွင် နိုင်ငံသား ပီသစွာဖြင့် သစ္စာရှိရှိ သမာဓိရှိရှိ လုပ်ငန်းများ ဆောင်ရွက်ပြီး ကိုယ့်အခွန် ကိုယ်ထမ်းဆောင် ရမှာဖြစ်ကြောင်း၊ တာဝန်မ သိပါက နိုင်ငံတော်မှ ရည်မှန်းချီ တက်နေသည့် ဒီမိုကရေစီ လမ်းကြောင်းမှာ ကြာလေ ဝေးလေဖြစ် လာနိုင်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွန်ငွေရမှ သာကိုယ့်ဒေသ ကိုယ်ပြန်သုံးစွဲ နိုင်မှာဖြစ်ကြောင်း၊ အခွန်ရငွေဖြင့်ကျောင်း၊ လမ်း၊ တံတားပြုပြင် တည်ဆောက်ကြ ရမှာဖြစ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေး၊ ဒေသတည် ဆောက်ရေး အတွက် လူတိုင်းအုတ် တချပ်သဲ တစ်ပွင့် အနေဖြင့် ပါဝင်လာရန် လိုအပ်ကြောင်း၊ အဓိက တင်ပြလိုတာက တရားမဝင် ရောင်းဝယ်မှု မပြုလုပ်ရန်မေတ္တာ ရပ်ခံပါကြောင်း ITC ကတ်ဖြင ဆောင်ရွက်နေ မှုမှာ ယခင် ဖေဖော် ဝါရီလက ကျပ်သန်း ပေါင်း (၁၃၁) သန်း ကျော်ဆောင် ရွက်နေမှုမှ ယခုလ တွင်ကျပ်သန်းပေါင်း (၅၁) သန်းသာ လုပ်ငန်း ဆောင်ရွက်မှု ရှိပါကြောင်း၊ နိုင်ငံတော်၏ အဓိကဇုန် ကီးများရှိသည့် မူဆယ်၊ မြဝတီရှိ ပြည်ထောင် စုလမ်းမကြီး များကိုပင် ညပိုင်းတွင် အချိန်အကန့် အသတ်ဖြင့် ပိတ်ထားပါကြောင်း၊ တမူးအနေ ဖြင့်အချိန်မ ရွေးသွားလာခွင့်ရှိ ပါကြောင်း၊ Light Truckများ၊ မော်တော် ဆိုင်ကယ်များဖြင့် ညအချိန် ဖြတ်သန်း သွားလာပြီး တရားမဝင် ဆောင်ရွက်မှု များရှိနိုင်ပါကြောင်း၊ လူကြီးများ၏ စေတနာကို အလေးထား သည့်အ နေဖြင့် မှန်မှန် ကန်ကန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်း အခက်အခဲ ရှိပါက လာရောက် ဆွေးနွေး နိုင်ပါကြောင်း၊ ကုန်သွယ်မှု အခက်အခဲ များရှိပါက လုပ်ငန်းရှင် တို့မှ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးတင် ပြရန်လိုအပ် ပါကြောင်း၊ ကုန်သွယ်မှု မြှင့်တင်နိုင် ရေးမှာ ဒေသ အုပ်ခုျပ်ရေး၊ လုံခြုံရေး၊ အကောက်ခွန်ဌာန အပါအဝင် ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင် မှောင်ခို ဆောင်ရွက်နေမှု ပပျောက်ရေးအတွက် သုံးဦးသုံးဖလှယ် ဒေသတာ ဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု ပေးနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ မိမိတို့၏ တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကူညီ ဆောင်ရွက် ပေးရန် တမူးမြို့ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းတင့်က မတ်လ ၂၁ ရက်နေ့ ၁ဝးဝဝ ချိန်က ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: ကသရ (တမ) MIRT ( DOBT )